မအေးသောင်း မအေးသောင်း နဲ့လတ်တလော နံမည်ကြီးလာသူက လွန်ခဲ့တဲ့ 1984.5.27 မှာမွေးခဲ့ပြီး လွန်ခဲ့တဲ့ 1997-မှာစတင်ပြီး မော်ဒန်လောကကို ရောက်ခဲ့တယ်။ အဲ့ဒီကမှ 1998 မစ်ခရစ်စမတ် ဆုကို ရတယ်။ တလက်စာထဲမှာဘဲ အနုပညာလောက သရုပ်ဆောင် ဖက်ကို ရောက်လာ ပြီး နေရာတခုထိရောက်ခဲ့ပါတယ်။ အဲ့ဒီအချိန်ထဲမှာဘဲ လွယ်လွယ်လေးဆိုတဲ့ တကိုယ်တော် တေးစီးရီး တခွေကို IC နဲ့တီးခတ်ပြီး နံမည်ကြီးတေးရေးဆရာများရဲ့ Own သီချင်းခွေ ကို စီဒီ ဗီစီဒီတို့ကို လက်ရွေးစဉ်ဒါရိုက်တာ မင်းသား များနဲ့ ရိုက်ကူးပြီး The Sun မြူးဇစ်ပရိုဒရှင်း က  ဖြန့်ဝေခဲ့ပါတယ်။ ပြီးတော့ ICတီးဝိုင်းနဲ့ လည်း မြိုတွေနယ်တွေလိုက်ပီး ရှိုးပေါင်း များစွာ ဆိုခဲ့ဘူးပါတယ်။

အဲ့လို အနုပညာ သက်တန်းဆယ်စုတခုမှာ ကျွန်မ က MBA ပညာရေး ဖက် ကိုလှည့်ဘိုတိုက်တွန်းတော့ နှင်းဝတ်ရည်သောင်းက အင်္ဂလန်နိုင်ငံမှာ သွားရောက် သင်ကြားပီး အေးဝတ်ရည်သောင်း ကတော့ ဒီကနေဘဲ အင်္ဂလန်သံရုံးမှ တဆင့် ဖြေရင်း ကျောင်းပြီးခဲ့ပါတယ်။ ပြီးတော့ အမေ ရေ စီးပွားရေးဘဲလုပ်ရအောင်တဲ့ ဒါနဲ့ ပထမဆုံး ရွှေလွန်းသံ ဆိုတဲ့ ချည်ထည် ပိုးထည်ဆိုင်ကို စဖွင့်ပါတယ်။ အဲ့ဒီအလုပ်ကို လုပ်စဉ်ကဆို သမီး က ပစ္စည်းဝယ်တာတွေကအစ သူကိုယ်တိုင် ဝယ်ပါတယ်။ စစ်ကိုင်း မန္တလေးက ယက်ကန်းတွေမှာ ကိုယ်တိုင်သွားဝယ်ပါတယ်။ အချို့ အထည်တွေကလည်း မင်္ဂလာဈေးပလာဇာမှာလည်း ဝယ်ရပါတယ်။ အဲ့ ဒီအခါ ကျွန်မ က သမီး ရယ် မလိုက်ပါနဲ့ လူတွေအများကြီးကြားမှာ မကောင်းပါဘူးလို့ ပြောတော့ ရတယ်အမေ ဘာမှမဖြစ်ပါဘူး ဆိုပြီး သူကိုယ်တိုင် စိတ်ကြိုက်ဝယ်ပါတယ်။ နောက်မကြာမှီမှာဘဲ လှည်းတန်း လမ်းမမှာ ရွှေချည်လွှာ ဆိုတဲ့ ချည်ထည် စစ်စစ် ကော်တွန်စပယ်ရှယ် ကြိုက်တာယူ တကိုက် 3000 ဆိုင်ကို သူငယ်ချင်း ညီ အမ သီရီနဲ့ အတူ ဖွင့်ခဲ့ပါတယ်။

 

အဲ့လို နေရင်း မီဒီယာ ဆဲဗင်း ရဲ့ ကမ်းလှမ်း မှု့များနဲ့ ရတနာပုံ အခန်းဆက်ဇာတ်လမ်းတွဲကို ပြန်ပြီး စရိုက်ခဲ့တာပါ။ ဖြစ်ချင်တော့ လူတယောက်မှာ သူကံ သူ့ဆန်းဆိုတာ အချိန်အခါတခုမှာ ပါလာတော့ သူက သူ့ရဲ့ ဆိုင် မှာ မြန်မာ အဝတ်အထည် များဖြစ်တော့ အဆင်သစ်တွေတိုင်း သူကိုယ်တိုင်မြန်မာဝတ်စုံလေးတွေ ဝတ်ပြီး ဖေ့ဘုပ် မှာ အမြဲတင်နေတာပါ။ ဒါပေမဲ့ ဖြစ်ချင်တော့ ရတနာပုံ ဇတ်လမ်းတွဲ မှာလည်း မြန်မာ ဝတ်စုံလေးတွေ ဝတ်ရတယ်။ မန်းလေး သူတယောက် အဖြစ်သရုပ်ဆောင်ရတော့ ယဉ်ယဉ်လေး ဝတ်စား ဆင်ယဉ်တာလေးက TV မှာ လာတော့ ပရိသာပ် မျက်စေ့ မှာ သတိထားလာမိတယ်။ ပြီးတော့ သမီးကလည်း သူ့ဝတ်စုံ လေးတွေနဲ့ ပုံလေးတွေကို စာသားလေး တွေနဲ့တင်တယ်။ အဲ့ဒီပို့စ်လေးတွေက စာသားလေးတွေက စာဖတ်သူတွေ ရင်ထဲ ရောက်တယ်။ ပုံလေးတွေကလည်း မြန်မာ ဆန်ဆန်လေး လှနေတော့ ခုလို ပရိသတ် များ အားလုံးထိ အားပေးမှုရလာတာပါ။ ကျွန်မ အမေတယောက်အနေနဲ့ကတော့ အတိုင်းမသိအောင် ဝမ်းသာပါတယ် ပြီးတော့ နယ်ပယ်အသီးသီး လူကြီးလူငယ်၊ ယောကျာ်း၊ မိန်းမ၊ ကလေးလူကြီး များ အလွှာစုံအောင် သူတို့နည်း သူတို့ဟန် ပေါင်းစုံနဲ့ ပါဝင်တင်စား အားပေးတာဟာ တခါမှ မမြင်ဘူးတဲ့ အားပေးမှု့များကို အချိန်နာရီ စက္ကန့်အမျ တွေ့နေရတာဟာ ဘုရားသခင် အလိုတော် ဘယ်လောက်ရှိတယ်ဆိုတာ အရမ်းကို အံ့သြရပါတယ်။ ဘုရားသခင်ကိုလည်း အထူးကျေးဇူးတင်ပါတယ်။

 

ဒါကြောင့်မို့ လူတယောက်ဟာ တချိန်မှာ ဘာဖြစ်ဖြစ်ပါအစဉ်ကြိုးစားနေသူတယောက်တွက်က အောင်မြင်ဆုံး တချိန်ချိန်တော့ ရောက်မယ်ဆိုတာ သေချာပါတယ်လို့လည်း ကျွန်မ ပြောပြချင်ပါတယ်။ တကယ့်ကိုဘဲ ကျွန်မတို့ မိသားစုဟာ မချမ်းသာပါဘူး။ အလုပ်ကို လူတိုင်း လုပ်တယ်။ အေးချမ်းစွာ ကျရာနေရာက လုပ်စရာတွေကို လုပ်နေတာပါ။ သာမာန်လူ တန်းစားအခြေအနေပါဘဲ။ ဒါကြောင့် လူတိုင်းမှာ မမြင်နိုင်တဲ့တနေရာမှာ ကိုယ့်ကံကိုယ့်ဆန်းဟာ ကိုယ့်အတွက် ပေးကိုပေးမှာဆိုတာ ယုံပါလို့ ပြောရင်းနဲ့ တလက်စာထဲ အားပေးနေတဲ့ ယောကျား ၊မိန်မ များ၊ ကလေးလူကြီး အစုံကို အထူးကျေးဇူးတင်ပါတယ်။

ပြီးတော့ ရီစရာတခု ပြောပါရစေ အားပေးတဲ့ ယောကျာ်း များဟာ နှာဘူး များမဟုတ်ပါဘူ။း ချစ်တယ်အားပေးတယ် ဆိုတာ အမြင်အာရုံအရ အေးချမ်း ဖြူစင်သော အားပေးမှု့သာ ဖြစ်တယ်ဆိုတာ အရမ်းသိသာပါတယ်။ ရိုးသားသော အားပေးခြင်းများသာ ဖြစ်တယ်ဆိုတာ တွေ့နေရပါတယ်။

အားပေးပါ ဆက်လက်ပြီး သမီး ကကြိုး စားမှာပါလို့ ကျေးဇူးတင်စွာဖြင့် မိခင် ဒေါ်ဖြူဖြူစိုး

Credit :myanmar cele wiki

LEAVE A REPLY