မွေးရာပါ အထီးကျန်ခြင်း စိတကျဝေဒနာကို ခံစားနေရတဲ့ အစ်ကို တွေကို မိဘ တွေအစား ကူညီစောင့်ရှောက်နေတဲ့ Breeze Martin လို့အမည်ရတဲ့ အသက် 7 နှစ်အရွယ် ကောင်မလေး ဟာ သူမ အလွန်ကြိုက်နှစ်သက်တဲ့ BEANO ကာတွန်းရုပ်ပြ စာအုပ်ထဲမှာ ဇာတ်ကောင်အဖြစ် ပါဝင်ခွင့် ရခဲ့ပြီ ဖြစ်ပါတယ်။

အသက် 9 နှစ်အရွယ် အစ်ကိုဖြစ်သူ Coast နဲ့ 10 နှစ်အရွယ် Blue တို့ နှစ်ဦးစလုံးဟာ မွေးရာပါစိတ်ကျဝေဒနာကို ခံစား
နေရသူတွေဖြစ်ပြီး၊ အခြား ကလေး တွေလိုလည်း သန်စွမ်းမှု မရှိပါဘူး။ ဒါကြောင့် ၀ှီးချဲကိုသာ အသုံးပြုရပြီး 24 နာရီ စောင့်
ရှောက်ဖို့ လိုအပ်နေသူတွေ ဖြစ်ပါတယ်။ ဒါကို Breeze က မိဘတွေ ၀န်ထုတ်ဝန်ပိုး သက်သာစေဖို့ သူမ တက်နိုင်သ လောက် စောင့်ရှောက်နေတာပါ။

Breeze ဟာ အသက် 4 နှစ်ကတည်းက အစ်ကို တွေ ဖတ်တဲ့ BEANO ကို ဖတ်ခဲ့သူ ဖြစ်ပြီး၊ အစ်ကိုတွေကို စောင့်ရှောက် နေတဲ့အချိန်မှာလည်း BEANO စာအုပ်ကိုသာ ဖတ်ပြလေ့ရှိပါတယ်။ ယင်းနောက်မှာတော့ BEANO စာအုပ်ရေးသားသူဆီ ကို သူမတို့ရဲ့ ဘ၀ဇာတ်ကြောင်းလေး ရေးသားပေးပို့ခဲ့ပါတယ်။

 

ဒီမှာတင် ထင်မှတ်မထားပါဘဲ BEANO စာအုပ်ဖန်တီးရှင် Nigel Parkinson က သမီးလေး Breeze ကို ဇာတ်ကောင်
အဖြစ် ဖန်တီးကာ စာအုပ်ထဲမှာ သူမ ပြောထားသမျှ ဇာတ်ကြောင်းတွေနဲ့ နီးစပ်အောင် ရေးဆွဲဖန်တီးခဲ့ပါတယ်။ အဆိုပါ စာအုပ်ထဲမှာ မသန်စွမ်းဖြစ်နေလဲ အားမငယ်ဖို့ကို အားပေးထားပြီး၊ အဓိကဇာတ်ကောင်ကတော့ Breeze က ပါဝင်ခွင့် ရခဲ့ပါတယ်။

Breeze တို့ မိသားဟာ အင်္ဂလန်နိုင်ငံ Chel­­tenham မှာ နေထိုင်ကြပါတယ်။ သူမ က ” BEANO ကားတွန်းစာအုပ် ကလေးထဲမှာ ပါဝင်ခွင့်ရလို့ အရမ်းပျော်ပါတယ် .. အရမ်းလည်း သဘောကျပါတယ် .. လူတွေက ကျမအကြောင်း သတင်း ကြားပြီး ၀ယ်ကြတယ် .. အမျိုးတွေက ကျမကို နာမည်ကြီးနေပြီလို့တောင် ဆိုကြပါတယ် .. ” ပြောခဲ့ပါတယ်။

 

BEANO ရဲ့ တည်းဖြတ်ဒါရိုက်တာ Mike Stirling က ” Breeze က သူမအကြောင်းတွေကို စုံစုံလင်လင် ပြောပြပါတယ် .. သူ့အစ်ကို Coast က စကားမပြောနိုင်ဘူးဆိုတာလည်း ပါတယ် .. ဒီတော့ သူ့ အစ်ကို ဘာတွေ တွေးနေမလဲဆိုတာကို သူမက ပုံဖော်ချင်တဲ့ သဘောပါ “လို့ ရှင်းပြခဲ့ပါတယ်။

 

Credit : Shwemom