နေပြည်တော်၊ ဇွန်လ(၇)ရက်။ပြည်တွင်းရှိ လျှပ်စစ်ဓာတ်အားခကို တိုးကောက်ဖို့ဆွေးနွေးနေပြီလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ဒီကနေ့ကျင်းပတဲ့ MOGSS FORUM အခမ်အနားမှာ ပြောကြားသွားပါတယ်။

‘လျှပ်စစ်ခ တိုးကောက်ဖို့ကိစ္စကို စဉ်းစားနေပါတယ် ကျွန်တော်တို့ အခြေခံလူတန်းစားကို ဘယ်လိုကောက်မယ် aircon သုံးနေတဲ့သူတွေအတွက် ဘယ်လိုတိုးမြင့်ကောက်မယ် စဉ်းစားနေပါပြီ စက်ရုံအလုပ်ရုံတွေအတွက် ဘယ်လို စဉ်းစားနေပါတယ် သို့သော်လည်း အစိုးရအနေနဲ့ ချက်ချင်းဆုံးဖြတ်ချက်ချလိုက်လို့ရှိရင် တစ်ချို့sector တွေအတွက် ထိခိုက်သွားမှာကိုလည်းစိုးတယ် ထောင့်စေ့အောင် စဉ်းစားနေရပါတယ် မြန်တိုင်းလည်း မကောင်းပါဘူး’ လို့ ဦးဝင်းထိန်က ပြောပါတယ်။
‘အခြေခံလူတန်းစားကို ထိုက်ခိုက်မှုအနည်းဆုံးဖြစ်အောင် ဒါကို ပြုပြင်ဖို့ ကြိုးစားမယ် ဆွေးနွေးနေတုန်းရှိသေးတယ် ငြင်းခုန်တုန်း ရန်ဖြစ်တုန်းရှိသေးတယ်’ လို့လည်း ဦးဝင်းထိန်က ပြောပါတယ်။ လက်ရှိမှာ အစိုးရအနေနဲ့ ပြည်တွင်းရှိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရာမှာ တစ်ယူနစ်အတွက် ၂၃ ကျပ်က အစိုးရကနေအခမဲ့ စိုက်ထုတ်ပေးနေရပြီး လျှပ်စစ်ဓာတ်အားခ တိုးကောက်ဖို့ကိစ္စကို အစိုးရအနေနဲ့ မြန်မြန်အကောင်အထည်ဖော်ဖို့ လိုအပ်တယ်လို့လည်း MOGSS(Myanmar Oil and Gas Services Society)မှ ဥက္ကဌ ဦးကျော်ကျော်လှိုင်က ပြောပါတယ်။
လက်ရှိမှာတော့ မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ တစ်နှစ်ကို ၅၀၀ မီဂါဝပ်လိုအပ်လျှက် ရှိတယ်လို့ သိရပါတယ်။
Author မာရီခိုင်
Credit; Kumudra