ကုန်တွင် ဖွင့်ရန်စီစဉ်နေပြီး အဆိုပါဆိုင်၌ ဂျင်းနှင့်ပတ်သက်သည့် ပစ္စည်းမျိုးစုံရရှိအောင် စီစဉ်ထားကြောင်း သရုပ်ဆောင်မေပန်းချီက ပြောသည်။

‘‘ဆိုင်ကတော့ တောင်ဥက္က လာ မေတ္တာလမ်းမှာ စီစဉ်ထား တယ်။ စင်တာမှာ မဖွင့်ဖြစ်တာက တော့ သီးသန့်နေရာလေးလည်း ဖြစ်ချင်တာရယ်၊ ကားပါကင် လည်း အဆင်ပြေအောင်လို့ ဇွန် လ ၃၀ ရက် စဖွင့်ပါမယ်’’ဟု ပြောသည်။

‘‘အဓိကက ဂျင်းဘောင်းဘီ၊ ဂျင်းအင်္ကျီ ကလေး၊ လူကြီး၊ လူ ငယ်၊ ယောက်ျားလေး၊ မိန်းက လေး အားလုံးရမယ်။ ဂျင်းဖိနပ်၊ ဖုန်းကာဗာ၊ ဂျင်းအိတ်၊ ဂျင်းဦး ထုပ်၊ ဂျင်းနဲ့ပတ်သက်တဲ့ Acces-sories တွေ တော်တော်များများ ရနိုင်အောင် စီစဉ်ထားတယ်။ ထူး ထူးခြားခြားအနေနဲ့ ဂျင်းနဲ့ချုပ် ထားတဲ့ ဗမာဝတ်စုံတွေရမယ်။ အနုပညာသမားတွေအတွက် အ ဟောင်းပုံစံတွေ ဝတ်ချင်တယ်ဆို ရင်လည်း ပန်းချီကိုယ်တိုင် ဖန်တီး ပေးတယ်။ သူတို့ဆီမှာရှိတဲ့ ဂျင်း ပလိန်းထည်တွေမှာ Accessories တွေ၊ စတစ်ကာတွေ ထည့်ချင် တယ်ဆိုရင်လည်း ရတယ်’’ဟု ၎င်းက ပြောသည်။

ပရိသတ်များနှင့် မိတ်ဆွေ အပေါင်းအသင်းများက ၎င်းအား ကိတ်တယ်ဟု အမြဲသုံးနှုန်းသည့် အပြင် ပန်းချီအကိတ်မ,ဟု စနောက်ကာ ခေါ်၍အမှတ်တရဖြစ်စေရန် Kate Amazing Jean Shop ဟု နာမည်ပေးထားကြောင်း ၎င်းက ပြောသည်။

‘‘ကိတ်တယ်ဆိုတာ တကယ်တမ်းတော့ ဝနေတာပါ။ ပရိသတ် တော်တော်များများကိုလည်း ရှင်း ပြတယ်။ သူများနိုင်ငံမှာ ကိတ် တယ်ဆိုတာ ခါးတွေ ဘာတွေမှာ အဆီရှိတာမဟုတ်ဘူး။ ကိုယ့်မှာ က အဆီရှိတယ်။ နဂိုကတည်းက မော်လမြိုင်သူဆိုတော့ ခန္ဓာကိုယ် ထွားတယ်။ အချိုးအဆစ်လည်းရှိ တယ်။ ဝပေမယ့် ခါးတော့ မပျောက်ဘူး။ ဒါပေမဲ့ လှတယ်၊ လှတယ်။ ပြောနေကြတော့ အားနာတယ်။ အရင်တုန်းကဆို ပေါင် ၁၂၀၊ အခုဆို ၁၅၀ ကျော်နေပြီ ပေါ့။ ပန်းချီဝနေတာပါ။ တချို့က လည်း အားပေးတယ်။ တချို့ကျ တော့လည်း ဝေဖန်တယ်။ အဓိက ကတော့ ပရိသတ်တွေကို ပြော ချင်တာက ပန်းချီရဲ့ အနုပညာနဲ့ သရုပ်ဆောင်ပိုင်းကို ပိုပြီးအားပေးစေချင်တယ်’’ဟု ပြောသည်။

မေပန်းချီသည် အနုပညာ လောကသို့ ၂၀၁၀ က စတင်ဝင်ရောက်ခဲ့ပြီး ရုပ်ရှင်ဇာတ်ကား ၂၀ ကျော်နှင့် ဗီဒီယိုဇာတ်ကား ၄၀၀ ကျော်ရိုက်ကူးထားသည်။

Credit:7Daydaily