” မြတ်ကေသီအောင် ရဲ့တူမ ပြေတီဦး၊ ဒါရိုတ်တာကိုဇော်(အာရုဏ်ဦး )ရဲ့ တပည့် ပတ်ထရစ်ရှာ”

အမည်ရင်း- စူးယှနိုင် ဒီလိုလည်း ခေါ်ကြသေးတယ်။အိမ်မှာက ဂျူဂျူး လို့ခေါ်တယ်။ ပရိသတ်တွေကတော့ ရှာရှာလို့ခေါ်တယ်။ ရှာရှာဆိုတဲ့နာမည်လေးက သူငယ်ချင်း fan တယောက်က ပတ်ထရစ်ရှာ ကို” ရှာရှာ “လို့ခေါ်ကြမယ် ဆိုပြီးတော့ We Love Patricia (Sue Sha Naing ) groupမှာတင်ရင်းနဲ့ ပရိသတ်တွေအားလုံးက ရှာရှာဆိုပြီးပဲခေါ်ကြတယ်။

ဒီနေ့မှာမွေးတယ်- ၁၃. ၁၂. ၁၉၉၈ ခုနှစ်။

မိဘ နာမည်တွေက- ဒယ်ဒီနာမည်က ဦးဝင်းဌေး မာမီ နာမည်က ဒေါ်ချယ်ရီခိုင် ။

မိဘ အလုပ်အကိုင်- ဒယ်ဒီက construction လုပ်ငန်းလုပ်တယ်။ မာမီ ကတော့ရှာရှာ တို့မောင်နှမတွေကို ထိနိးသိမ်းစောင့်ရှောက်ပေးတယ်။

မောင်နှမတွေက- မောင်နှမ သုံးယောက်ရှိပါတယ်။ အစ်ကိုကြီးက သက်ထူးဇင်၊ မောင်လေးက သူဟိန်ဝင်းပါ။ အစ်ကိုကြီးကစီးပွားရေးလုပ်နေတယ်။ မောင်လေးကတော့ MICမှာကျောင်းတက်နေတယ်။

 

တက်ခဲ့ဖူးတဲ့ကျောင်းတွေက- ငယ်ငယ်တုန်းကT TC မှာလေးတန်းထိတက်ဖူးတယ်။ ပီးတော့ILBC ပြောင်းတယ်။ ILBC ကနေ ပြီးတော့ MISY ကို ပြောင်းတယ်။ အဆုံးသတ် ပညာရေး ကတော့ VUC မှာ Engineering နဲ့ ကျောင်းတက်တယ်။ ပြီးတော့ London မှာကျောင်းဆတ်တက်ဖို့ စီစဉ်ထားရင်းနဲ့ ဇာတ်ကား ရိုက်ကူးမူတွေ ကမ်းလှမ်းလာလို့ ကျောင်းသွားမတက်တော့ပဲ အနုပညာအလုပ်တွေသေချာလုပ်ဖြစ်ခဲ့တယ်။

အနုပညာလောက ထဲ ကို ဒီလိုစတင်ဝင်ရောက်ခဲ့တယ်- fashion image မှာ cover ရိုက်ပြီးတော့ အနုပညာလောကထဲကို စဝင်ခဲ့တယ်။ မော်ဒယ်လ် စလုပ်တုန်းက commercial ကြော်ငြာလေးတွေ စလုပ်တုန်းက(၁၄) နှစ် အရွယ်ပဲရှိသေးတယ်။ အဲ့ဒီလိုနဲ့ပဲ ကျောင်းတက်လိုက်ကြော်ငြာတွေရိုက်ရင်းနဲ့မှ ပထမဆုံး ဗီဒီယိုဇာတ်ကား ဖြစ်တဲ့ မကြွေပါနဲ့ဆာကူရာ ဇာတ်ကားကို ဦးဇော်(ဒါရိုတ်တာ ကိုဇော်အာရုဏ်ဦး)နဲ့ အန်တီမသီတာ တို့ရဲ့ကမ်းလှမ်းမူနဲ့အတူ ကိုအောင်ရဲလင်းနဲ့အတူ သရုပ်ဆောင်ခွင့်ရခဲ့တယ်။ အဲ့ဒီနောက်ပိုင်း ကို ပြေတီဦး နဲ့ ဦးရဲ့ အရုပ် ဗီဒိယိုဇာတ်ကားရိုက်ခဲ့ပြီး ဇာတ်ကားတွေဆတ်တိုက်ရိုက်ကူးခွင့်ရရှိခဲ့ပါတယ်။

ပရိသတ် အသိအမှတ်ပြုခဲ့တာက- ပရိသတ် တွေက မော်ဒယ်လ် ဘက်မှာတော့ ပတ်ထရစ်ရှာဆိုပြီး အရင်သိကြတယ်။ဇာတ်ကားရိုက်ကူးမူဘက်မှာဆိုရင်တော့ ကိုပြေတီဦးနဲ့ရိုတ်တဲ့ ဦးရဲ့အရုပ်က ပထမဆုံးထွက်တယ်။ အဲ့ကားလေးနဲ့ပေါက်သွားတယ်။ နောက်တစ်ကားက မကြွေပါနဲ့ဆာကူရာပေါ့ ။ကိုအောင်ရဲလင်းနဲ့ပဲ အဲ့ဒီလောက်နဲ့တက်မလာနဲ့တောက်ချလိုက်မယ်။ ကိုစိုင်း ( စိုင်းစိုင်းခမ်းလိုင်)နဲ့ ပန်းတပွင့်ရှေ့မှာဒူးထောက်နေတဲ့လိပ်ပြာ စတဲ့ ဇာတ်ကားတွေ ဆတ်တိုက်ထွက်ခဲ့တယ်။

ရိုက်ခဲ့ဖူးတဲ့ မင်းသား တွေက- ကိုပြေတီဦး၊ ကိုလူမင်း၊ ကိုအောင်ရဲလင်း၊ ကိုမြင့်မြတ်၊ ကိုခန့်စည်သူ၊ ကိုဇေရဲထက်၊ ကိုစိုင်း( စိုင်းစိုင်းခမ်းလိုင်)၊ ကိုဟိန်းဝေယံ၊ ကိုနေမင်းနဲ့ အလင်းရောင်တို့ဖြစ်ပါတယ်။

ဇာတ်ကား စုစုပေါင်း- လက်ရှိထိရိုက်ထားတဲ့ ဗီဒီယို ဇာတ်ကား က ကားငါးဆယ်ဝန်းကျင်ရှိပါပြီ။ ရုပ်ရှင်ဇာတ်ကားကြီးကတော့ ဆယ်ကားကျော်ပြီ။ ပဲခူးဆားနှင့်သူ့ရဲ့ဗိုင်းရပ်များကတော့ ရုံတင်ပြီးပြီ။ မကြာခင်က ဒါရိုတ်တာဦးမျိုးမင်း ရိုက်ကူးထားတဲ့ ရာဇဝင်ရိုင်းသူများ ဇာတ်ကားကြီးရုံတင်ဖို့ရှိပါတယ်။

လက်ဦးဆရာတွေက- မော်ဒယ်လ်လောကထဲစသွင်းပေးတာက ကိုရဲထွဋ်ခေါင်၊ spice girl က အန်တီစန္ဒာ၊ သရုပ်ဆောင်လောကထဲ သွင်းပေးခဲ့တာက ဒါရိုတ်တာကိုဇော်အာရုဏ်ဦးနဲ့အန်တီသီတာ ၊ ကိုပြေတီဦး၊ ကိုအောင်ရဲလင်း၊ ဒါရိုတ်တာ ကျော်ဇော်လင်း(အတွေးပုံရိပ်)၊ ရုပ်ရှင်ဇာတ်ကားဆိုရင်တော့ ပထမဆုံးရိုတ်တဲ့ရာဇဝင်ရိုင်းသူများ ဇာတ်ကားမှာ ဒါရိုတ်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)ကလည်း သင်ပေးတယ်။

စံထားရတဲ့သူတွေက- ပြည်တွင်းပြည်ပမှာအများကြီးပါပဲ။ ကိုယ့်စီနီယာတွေဆီကနေ လေ့လာရတာတွေရှိတယ်။

အနုပညာမျိုးရိုး- အန်တီမြတ်ကေသီအောင်က အဒေါ်ပါ။

 

စိတ်ထားဒီလိုရှိတယ်- စိတ်အလိုမကျတာများပြီး sensitive ဖြစ်တယ်။ serious ဖြစ်တယ်။ စိတ်ကြီးတယ်။ ကလေးဆန်တယ်။ ခင်တဲ့သူတွေနဲ့ဆိုရင် ပေါတောတောနေတက်ပြီး စကားအရမ်းများတယ်။ မခင်တဲ့ သူတွေနဲ့ဆို ဖာသိဖာသာနေတာကြောင့် ပတ်ထရစ်ရှာ ကချေတယ်လို့အပြောခံရတယ်။ ခင်သွားရင်ကိုယ်ကအပေါမလိုပဲ။(ရယ်လျက်)

ဘဝမှာ မမေ့နိုင်တဲ့အမှတ်တရ- နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့လုပ်ရင်းနဲ့ ဇာတ်ကားတွေရိုက်ရမယ်ဆိုတော့ မာမီကရိုက်ကြည့်ပါဆိုတာနဲ့ ကိုယ်တိုင်လည်းစိတ်ဝင်စားကြောင့် ရိုက်ဖြစ်တယ်။ နောက်တော့ပရိသတ်အားပေးမူရလာလို့ ကျောင်းသွားမတက်ဖြစ်ပဲ သရုပ်ဆောင်လောကထဲ ရောက်လာပြီး ကိုယ်ဝါသနာပါတဲ့အရာလုပ်ခွင့်ရတာ အမှတ်တရပါပဲ ။

ကြိုက်တဲ့အရောင်- အဖြူ၊ အနီ၊ အနက်၊ ကာကီရောင်

မကြိုက်တဲ့အရောင်- လိမ္မော်ရောင်တောက်တောက်ကြီးတွေနဲ့ ပန်းစည်ရောင်တောက်တောက်ကြီးတွေ

အကြိုက်ဆုံး အစားအစာ- သရေစာဆိုအကုန်ကြိုက်တယ်

မကြိုက်တဲ့ အစားအစာ- သခွားသီး၊ ခရမ်းချဉ်သီးမကြိုက်ဘူး

ဖေ့ဘုတ်- Sue Sha Naing
Fans group- We love Patricia ( sue sha Naing ) group

ဘေဘီသန်းဦး

Credit : http://www.myanmarcelewiki.com/