Facebook ရဲ့ လုပ်ဆောင်ချက်တွေထဲမှာ အနည်းငယ်အသက်မဲ့နေတဲ့ လုပ်ဆောင်ချက်တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ “Poke” ပါပဲ။ ဒီလုပ်ဆောင်ချက်ရဲ့ အစွမ်းသတ္တိကိုလည်း အသုံးပြုသူအတော်များများ မသိခဲ့တာတွေ ၊ Facebook ကလည်း ဒါက ဘာဆိုတာကို သေချာမချပြခဲ့တာတွေကြောင့် “Poke” ဟာ လက်ရှိ Facebook ဗားရှင်းတွေထဲမှာ ဖုန်တက်သလိုဖြစ်နေခဲ့တာပါ။

၂၀၁၃ ခုနှစ်တုန်းက “Poke” လုပ်ဆောင်ချက်ကို Facebook က စတင်ထည့်သွင်းခဲ့ပြီး အခုဆိုရင်တော့ အသုံးပြုမှုနည်းနေတဲ့ သူ့ကို Facebook က အသုံးဝင်စေမယ့် တစ်ခြား Button လေးအဖြစ်အသွင်ပြောင်းလဲစေတော့မှာပါ။

The Next Web ကနေ ပြောပုံအရတော့ Poke ကို Hello ဆိုတဲ့ ခလုတ်တစ်ခုအဖြစ် ပြန်လည်ပြင်ဆင်သွားမှာဖြစ်ပြီး ဒါဟာ ကျွန်တော်တို့ လောလောဆယ် သိနေကြတဲ့ Waving Hand လုပ်ဆောင်ချက် (ကိုယ့်တည်နေရာ အနီးအနားရှိအသုံးပြုသူမိတ်ဆွေများကို လက်ပြသောလုပ်ဆောင်ချက်) လိုမျိုးဖြစ်လာနိုင်တယ်လို့ သိရပါတယ်။

Facebook ရဲ့ Hello ဟာ Tinder အက်ပလီကေးရှင်းထဲမှာလိုမျိုး ကိုယ်မသိတဲ့သူတွေကို လက်ပြတဲ့ Emoji လေး စတင်ပို့ဆောင်တဲ့ ပုံစံဖြစ်ပြီး Tinder လို Dating App မှာတော့ တော်တော် အသုံးဝင်လျက်ရှိနေတာပါ။ ကိုယ်နဲ့မသိတဲ့ အပြင်ကလူတစ်ယောက်ကို Hello ဆိုပြီး စပို့လိုက်တာဟာ Friendship အသစ်တစ်ခုကို စတင်တည်ဆောက်ဖို့အတွက် အရမ်းအဆင်ပြေမယ်လို့ Facebook က မျှော်လင့်ထားပါတယ်။

လောလောဆယ်မှာတော့ ဒါနဲ့ပတ်သက်ပြီး ကောလဟလသတင်းတွေလောက်သာ ထွက်ရှိနေသေးပြီး “Hello” လုပ်ဆောင်ချက်ဟာ ကိုယ်နဲ့မသိကျွမ်း Facebook အသုံးပြုသူတစ်ယောက်ကို တစ်ကြိမ်စီသာ ပို့လို့ရမှာဖြစ်တယ်လို့ သိရပါတယ်။

 

Ref : Digital Trends

Credit; Paing A K (akhayar)

“Poke” လုပ်ဆောင်ချက်ကို “Hello” အဖြစ် အသွင်ပြောင်းသွားမယ့် Facebook