ကိုယ့်ရဲ့ အလုပ်ဟာ တစ်နေ့ကို (၅) နာရီအထက် ထိုင်ပြီး အလုပ်လုပ်ရတယ်ဆိုရင်တော့ ဒီစာလေးကို အဆုံးထိ ဆက်ဖတ်သင့်ပါတယ်။

အလုပ်ခွင်မှာ တောက်လျှောက်နာရီကြာကြာထိုင်ရတဲ့အခါမှာ ခါး၊ လက်၊ ကျော၊ ခြေထောက်၊ ဇက်ကြောနဲ့ ကွန်ပျူတာ အကြည့်များတဲ့သူတွေဆိုရင်တော့ မျက်စိညောင်းညာခြင်းတွေပါ ဖြစ်နိုင်ပါတယ်။ ဒီတော့ ထိုင်တဲ့အခါမှာ ခန္ဓာကိုယ်ကို အနေအထားမှန်ဖို့ သတိထားရပါမယ်။ အနေအထားမှန်မယ်ဆိုရင်တော့ နာကျင်ခြင်းတွေ မရှိစေနိုင်တော့ပါဘူး။

ခြေထောက်


ခြေထောက်နာကျင်ခြင်းတွေ ဖြစ်နေတာဟာ ထိုင်တဲ့အခါမှာ ခြေထောက်ရဲ့ အနေအထား မမှန်လို့ပါ။ ပုံစံ မှန်တာလေး ပြောင်းထိုင်မယ်ဆိုရင် နာကျင်တာတွေ မရှိနိုင်ပါဘူး။

ကျောဘက်


ကျောပြင်တစ်လျှောက် နာကျင်တာတွေ မဖြစ်စေဖို့ဆိုတာ ထိုင်ခုံ အနောက်ကို မှီပြီးထိုင်တဲ့အခါမှာ သတိထားရပါမယ်။

လက်မောင်း


လက်တစ်လျှောက် နာကျင်တာတွေ မရှိချင်ရင်တော့ လက်ကို ထောင့်မှန်ထားဖို့ လိုတယ်နော်။

မျက်စိ


မျက်စိကို အနားပေးတာတွေ လုပ်ရပါမယ်။ အဝေးကို စက္ကန့်ပိုင်းလောက် ကြည့်တာမျိုး၊ မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်ပါ။ မော်နီတာကို လည်း ပုံထဲကလို ပုံစံမှန်မှန်လေး ထားပေးနော်။

Ref: Bright side

Credit:ဖြိုးပြည့်သူ(မိုမိုလေး)