ဇွန်လ ၂၈ ရက်နေ့ ည ၇ နာရီအချိန်ခန့်တွင် အင်းစိန်မြို့နယ်၊ ရွှေပြည်သာ တံတား ပေါ်မှ အမျိုးသား တစ်ဦး ခုန်ချသွားကြောင်းသတင်းအရ အင်းစိန် မြို့မရဲစခန်း မှ တပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့သည်။

အဆိုပါ တံတား ပေါ်ရှိ ရေလည်တိုင် အမှတ်(၂)အနီးတွင် နီ/နက်ကြား ဘေးလွယ်အိတ် အသေးအတွင်းမှ 09973177257 နံပါတ်ပါ အော်ရီဒူး အနက်ရောင် လက်ကိုင်ဖုန်း (၁) လုံး၊ ချမ်းမြေ့သီဟ အမည်ပါ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် ၁၂/ရပသ (နိုင်) ၀၅၅၈၃၇ (၁) ခုနှင့် ချည်မျှင်နှင့်အထည် စက်ရုံ ၀န်ထမ်း ကတ်(၁)ခု၊ ကျောင်းသားကတ်(၃)ခု၊ အမျိုးသားသွေးလှူ ဌာနအမည်ပါကတ်(၁)ခု၊ သော့တွဲ(၁)ခု၊ နာရီ(၁)လုံး၊ နားကြပ်(၁)ခု တို့အားတွေ့ရှိရပြီး ၎င်းမှာ ရွှေပြည်သာ မြို့နယ်နေသူဖြစ်ကြောင်း သိရှိရ
ပါသည်။

ယင်းကဲ့သို့ ဖြစ်စဉ်ဖြစ်ပွားခဲ့သဖြင့် အင်းစိန်မြို့နယ် ရဲ တပ်ဖွဲ့ဝင် များက လှိုင်သာယာမြို့နယ်ရဲတပ်ဖွဲ့၊ ရွှေပြည်သာမြို့နယ်ရဲတပ်ဖွဲ့တို့နှင့်အတူ ပူးပေါင်းရှာဖွေလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
Source : goo.gl/fGkc6b