ဦးကျော်သူ၏ တိုက်တွန်းချက်ကို  ပြန်လည်ဝေမျှပါသည်…
ယနေ့နှလုံးခွဲစိတ်မှုအမာရွတ်များအားသူနာပြုဆရာမကဆေးကြောသန့်စင်ပေးစဉ်ဇနီးဖြစ်သူရွှေဇီးကွက်မှအမှတ်တရရိုက်ပေးတဲ့ပုံတွေကိုမြင်မိကာကယ်မီကယ်
ဓါတုပစ္စည်းများဖြင့်စီမံထုတ်လုပ်ထားသည့်စီးကရက်၏
ဆိုးကျိုးပြစ်ဒဏ်ကိုခံစားမိတော့သည်။
နံရိုးများကိုဖြတ်တောက်
နှလုံးသားကိုအပြင်ထုတ်
ခြေသလုံးနဲ့လက်ဖျံကိုလှီးပြီးသွေးကြောများကိုထုတ်
နှလုံးသားမှာသွေးကြောများအစားထိုးတပ်ဆင်ခဲ့ရသည့်ဒဏ်ရာဒဏ်ချက်များကမြင်မကောင်းတော့ပေ။
တစ်ကိုယ်လုံးချုပ်ရာပေါင်း(၆၀)ကျော်ခန့်နှင့်စီးကရက်၏အလှတန်ဆာဆင်ခြင်းကိုခံခဲ့ရပြီ။
ထို့ကြောင့် အစ်ကိုကြီးတို့ ညီငယ်တို့ သားငယ်တို့ စီးကရက်ကိုမသောက်ကြဖို့တိုက်တွန်းလိုက်ပါတော့သည်။

Credit – (ကျော်သူ)