planted-well
တခါတုန်းက ရွာတစ်ရွာ မှာ ပင်စင်စား အဘိုးအို တစ်ဦးနှင့် နည်းပညာသမား လူငယ်တစ်ဦးတို့ အိမ်နီးချင်း ခြံချင်းကပ်ရပ် နေထိုင်ခဲ့ကြပါတယ်။

သူတို့နှစ်ယောက်စလုံး ခြံ၏ထောင့်တစ်ဖက်စီတွင် မျိုးတူ အပင်ပေါက်တစ်ပင်စီကို အတူတကွ စိုက်ပျိုးခဲ့ကြတယ်။

လူငယ် ကတော့ သူရဲ့ အပင် များကို ရေများများလောင်း၊ မြေသြဇာအများအပြားကျွေးလေ့ရှိပြီး၊ အဘိုးအိုကတော့ ရေနှင့် မြေသြဇာအနည်းငယ်ကိုသာ အပင်များကို ပေးလေ့ရှိတယ်။

လူငယ် ရဲ့ အပင် တွေကတော့ စိမ်းလန်းစိုပြည်ပြီး အရွက်ဝေဆာတောင့်တင်းသော အပင် များအဖြစ် ကြီးထွားလာပါတယ်။

အဘိုးအို ရဲ့ အပင် များကတော့ သာမန်လောက်သာကြီးထွားသော်လည်း လူငယ် ၏ အပင် များထက် ပိုမိုကြံ့ခိုင်သန်စွမ်းလေသည်။

တစ်ညတွင် မိုးသည်းထန်စွာရွာသွန်းပြီးလေပြင်းများတိုက်ခတ်လေသည်။နောက်တစ်နေ့မနက် သူတို့နှစ်ယောက်လည်း အပင်များ၏အခြေအနေကို နှစ်ယောက်လုံးတူတူထွက်ကြည့်ကြလေသည်။

လူငယ် မှာ သူ၏ အပင် များမှာအမြစ်မှကျွတ်ထွက်ကုန်ပြီး။သူ၏ အိမ်နီးချင်း ရဲ့အပင် များမှာ အပျက်အစီးမရှိကြောင်း အံ့သြဖွယ်တွေ့ရလေသည်။

လူငယ်လဲ အဘိုးအို၏ အပင်များမှာ အနည်းငယ်မျှသာ ဂရုစိုက်ခံရသော်လည်း ကောင်းစွာဂရုစိုက်ထားသော သူ၏အပင်များကသာ ဘာကြောင့်အမြစ်မှကျွတ်ထွက်ရသလဲဟု အဘိုးအိုအားမေးမြန်းလေသည်။

အဘိုးအိုက..”” ကောင်လေး မင်းကြည့်ကြည့်၊ မင်းက အပင် တစ်ပင်မှာလိုအပ်မယ့် အရာအားလုံးကို ဖြည့်ဆည်းပေးတယ်။ လိုသမျှ အလျံအပယ်ရနေတော့ အပင် က ရှာဖို့ဖွေဖို့ ဘယ်ကိုမှသွားစရာမလိုတော့ဘူးရယ်။ မင်း အပင် ရဲ့အမြစ်တွေက အောက်ကိုထိုးဖောက်ဆင်းစရာမှမလိုတော့တာ။

ငါကတော့ အပင်တွေကို သူတို့အသက်ရှင်ဖို့ လုံလောက်ရုံပဲ ထောက်ပံ့ပေးတယ်။ လိုအပ်ချက်အားလုံးပြည့်ဝဖို့အတွက် အပင်ရဲ့ကျန်တဲ့အမြစ်တွေဟာ မြေကြီးအောက်ထဲထိုးဖောက်ပြီး ရှာဖွေရတယ်။

အဲဒီအတွက် သင့် အပင် ရဲ့အမြစ် တွေဟာ အပေါ်ယံမှာပဲရှိနေတဲ့အတွက် ဒီမိုး၊ ဒီလေတွေက သူတို့အပေါ် လွယ်လွယ်ကူကူပဲကျရောက်သွားခဲ့တယ်။

ငါ့အပင်ရဲ့အမြစ် တွေကတော့ တော်တော်လေး မြေကြီး ထဲနက်နက်ရှိုင်းရှိုင်းတိုးဝင်နေတဲ့အတွက် သဘာဝ တရား ရဲ့အပြင်းအထန်တိုက်ခိုက်ခြင်းကို ကြံ့ကြံ့ခံနိုင်ခဲ့တယ်။

မိတ်ဆွေ သင်တို့ကော ကိုယ်ပြုစုပြီးပြိုးထောင်ပေးနေတဲ့ အပင်လေး တွေကို လိုတာထက်ပိုပြီး မြေသြဇာအများအပြားကျွေးလေ့ရှိသလား? ဒါမှမဟုတ် လောကဓံကို ခံနိုင်အောင်လေ့ကျင့်ပေးကြပါသလား?

အဘိုးအို ရဲ့အဖြေကပေးတဲ့ သင်ခန်းစာကို မိတ်ဆွေ တို့ရဲ့ ကလေးငယ် များအား ပြုစုပျိုးထောင်တဲ့နေရာမှာ အသုံးချနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Credit to original writer