ကမ်းခြေ

ယခုဆောင်းပါးကို Duwun နဲ့ www.marry.com.mm မှ ပူးပေါင်းတင်ဆက် ပေးထားပါတယ်။

ကမ်းခြေမှာ ဧည့်ခံပွဲလုပ်ဖို့ စိတ်ဝင်စားနေကြတဲ့ စုံတွဲတွေကလည်း အများအပြားပါပဲ။ ဒါပေမဲ့ တခြားနေရာတွေမှာ လုပ်သလိုပါပဲ အမှားလေးတွေလည်း လုပ်ဖြစ်တတ်ကြပါတယ်။ ဒီတော့ ကိုယ့်မင်္ဂလာပွဲမှာ အမှားတွေမရှိစေဖို့ အောက်မှာ ဖော်ပြထားတဲ့ အချက်လေးတွေကို ဖတ်ကြည့်ပေးပါဦးနော်။
နေရာအရွေးမှားခြင်း
ကမ်းခြေတိုင်းက ဖန်တီးထားပုံချင်းမတူပါဘူး။ ဒီတော့ သီးသန့်ကမ်းခြေမဟုတ်ဘူးဆိုရင် ကိုယ့်လက်ထပ်ပွဲကို တခြားအပန်းဖြေလာတဲ့ ဧည့်သည်တွေအာရုံစိုက်နေတာကို ကိုယ်တိုင်သဘောကျရဲ့လား ဆိုတာ စဉ်းစားရပါမယ်။ ဧည့်ခံပွဲအတွက် သီးသန့်လေးနေရာလုပ်ပေးနိုင်တဲ့ ကမ်းခြေကို ရှာနိုင်ဖို့ လိုပါတယ်။
ကမ်းခြေနဲ့ပတ်သတ်တဲ့ ဒီဇိုင်းတွေ အလွန်အကျွံအလှဆင်ခြင်း
တစ်ချို့ စုံတွဲတွေက မင်္ဂလာပွဲအပြင်အဆင်နဲ့ပတ်သတ်ရင် ခရုခွံတွေ၊ အရောင်စုံကျောက်တွေ၊ ကမာခွံတွေ အစရှိသဖြင့် စိတ်ကူးတည့်ရာ ပြင်ဆင်ကြပါတယ်။ကိုယ့်ပွဲမို့လို့ အကုန်လုံးပြင်မယ်ဆင်မယ်ဆိုတာ ထက် အကြိုက်ဆုံးတစ်ခုကို သူများတွေနဲ့မတူအောင် ပြင်ဆင်ဖို့က အဓိကပါပဲ။
အ၀တ်အစားရွေးချယ်မှုမှားခြင်း
အနက်ရောင်ရွေးချယ်ထားတယ်ဆိုရင် အမျိုးသားကို အနောက်တိုင်းဝတ်စုံအပြည့် ကိုယ်က ဂါဝန်ဖြုလွလွကြီးလို့ စီစဉ်ထားရင်တော့ ကမ်းခြေကိုရှောင်လိုက်ပါတော့။ အပူရောင်ရယ် စွတ်စိုနေတဲ့ လေထုတွေရှိတဲ့နေရာမှာ အဲ့ဒီလိုဝတ်စုံအနေအထားက သင့်အတွက်ရော ဧည့်သည်တွေအတွက်ရော အဆင်မပြေလောက်ပါဘူး။ ကမ်းခြေဆိုကလည်း လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနဲ့ သက်သောင့်သက်သာရှိတာလေး ရွေးချယ်ဖို့လိုပါတယ်။
သင့်တော်တဲ့ ဖိနပ်ရွေးချယ်ဖို့လိုခြင်း
ဖိနပ်ကလည်း အဓိကအကျဆုံးနေရာမှာပါပါတယ်။ ဒေါက်မြင့်ဖိနပ်စီးမယ်ဆိုရင် မစီးခင်အရင်ဆုံးထပ်ခါထပ်ခါလေ့ကျင့်ထားရပါမယ်။ ဧည့်သည်တွေအတွက်လည်း အလွယ်တကူစီးနိုင်မယ့် ဖိနပ်လေးတွေ စီစဉ်ထားဖို့ မမေ့ပါနဲ့နော်။

အခမ်းအနားမှာ သုံးထားတဲ့ အသံစနစ်
ပင်လယ်ကမ်းစပ်က လှိုင်းတွေရဲ့အသံတွေဟာလည်း ကိုယ့်ပွဲမှာသတိထားသင့်တဲ့အရာပါပဲ။ ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေအကုန်လုံးအသံကို ကြားချင်တယ်ဆိုရင်တော့ တေးဂီတရွေးချယ်မှုကိုလည်း ဂရုပြုသင့်ပါတယ်။
ဧည့်သည်တွေရဲ့ သက်သောင့်သက်သာရှိမှုကို အလေးမထားခြင်း
ပွဲကိုလာတဲ့ ဧည့်သည်တွေအတွက် လုံလောက်တဲ့ရေဗူးတွေ ၊နေရောင်ကာဆေးဗူးတွေ ၊ ထီးကလေးတွေ ၊ ယပ်တောင်လေးတွေ စသဖြင့် ပြင်ဆင်ထားပေးသင့်ပါတယ်။

နောက်ထပ်အစီအစဉ်တွေ မဆွဲထားခြင်း
ကမ်းခြေလိုနေရာမှာ ဧည့်ခံပွဲလုပ်မယ်ဆိုရင် ရာသီဥတုအနေအထားအတွက် ကိုယ့်ဘက်ကကြိုတင်ပြင်ဆင်ထားဖို့လည်းလိုပါတယ်။ အနီးအနားမှာ လူများများအဆင်သင့်တည်းလို့ရမယ့်နေရာတွေ၊စင်တာတွေစတာတွေနဲ့ဆက်သွယ်ပြီးအရန်အစီအစဉ်လေးလုပ်ထားသင့်ပါတယ်။
အခုလိုအကြံဥာဏ် နည်းလမ်းကောင်းများပေးမယ့် ဆောင်းပါးများစွာကို www.marry.com.mm တွင် July လအတွင်းမှ စတင်ပြီးဆက်လက်ဖတ်ရှု့နိုင်ပါတယ်နော်။

Credit: Duwun