အထူးသဖြင့် ကျွန်တော် တို့ အာရှ မှာပေါ့။ အလုပ်လုပ်ချိန်နဲ့ပတ်သက်ပြီး flexible ဖြစ်ရခြင်းရဲ့ အကျိုးကျေးဇူးတွေကို လက်မခံသေးတဲ့ နေရာတွေ အတော်များများ ကျန်နေကြသေးတယ်။
ဒါပေမဲ့ ပုံမှန်ရုံးပိတ်ရက် (weekend) ကိုတော့ ကြိုက်မယ်မထင်ဘူး။ အပန်းဖြေနားနေ နေရမယ့် တနင်္ဂနွေနေ့လို ညနေမျိုးမှာ လာမယ့်ရုံးဖွင့်ရက်တွေအတွက် ပြင်ဆင်နေရမယ် မဟုတ်လား။

 

ဒါကြောင့် ကမ္ဘာမှာရှိတဲ့ ဝန်ထမ်းအများစုဟာ time flexible ဖြစ်ဖို့ အဓိကထား ရွေးချယ်ကြတယ်
ဒါပေမဲ့ ဒီ trend ကို ဘယ်မှာမှ ခေတ်ရေစီးကြောင်းနဲ့အညီ မဖြစ်သေးဘူး။ အထူးသဖြင့် ကျွန်တော်တို့ အာရှမှာပေါ့။ အလုပ်လုပ်ချိန်နဲ့ပတ်သက်ပြီး flexible ဖြစ်ရခြင်းရဲ့ အကျိုးကျေးဇူးတွေကို လက်မခံသေးတဲ့ နေရာတွေ အတော်များများ ကျန်နေကြသေးတယ်။ ပြီးတော့ အလုပ်ရုံတော်တော်များများကလည်း ရုံးဖွင့်ရက်တွေထဲက တစ်ရက်လောက် ရှင်းထုတ်ပစ်ဖို့ရာကို ထည့်တွက်ဝံ့ပုံ မပေါ်ဘူး။ ဒါပေမဲ့ ဥရောပကုမ္ပဏီ အများစုမှာတော့ ရက်သတ္တတစ်ပတ်မှာ သုံးရက်ပိတ်ပေးဖို့ လက်တွေ့စမ်းသပ် အသုံးပြုနေကြပါပြီ။ ဘာကြောင့် အဲဒီလိုဆုံးဖြတ်သင့်လဲဆိုရင် ကုမ္ပဏီအတွက် အကျိုးရှိအောင် ကျေးဇူးပြုပေးနိုင်တဲ့ အကြောင်းရင်းပေါင်းများစွာထဲက မြင်သာထင်သာရှိမယ့် အချက် (၄)ချက်လောက်ကို ဖော်ပြပေးလိုက်ပါတယ်။

 

၁။ ကျန်းမာရေး
သင့်ရဲ့ ဝန်ထမ်း တွေကို နားနေချိန်ပိုပေးခြင်းဟာ သူတို့ကို အားအင်တွေပြန်ဖြည့်တင်းစေပြီး စိတ်ဖိစီးမှုတွေလည်း ကျဆင်းစေပါတယ်။ သူတို့ချစ်တဲ့အရာတွေနဲ့ အချိန်တွေကုန်လွန်စေခြင်းဟာ သူတို့ရဲ့စိတ်နှလုံးကို ညွတ်နူးစေပြီး တီထွင်ဖန်တီးနိုင်မှုစွမ်းအားတွေ မြင့်တက်လာစေပါတယ်။

၂။ ပျော်ရွှင်မှု
နော်ဝေနဲ့ ဒိန်းမတ် တို့ကို ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံတွေ ဖြစ်ရမယ်လို့ ပြောခဲ့တယ်တာဟာ တိုက်ဆိုင်မှုတော့ မဖြစ်နိုင်ဘူး။ မှတ်တမ်းတွေအရာဆိုရင် ပျော်ရွှင်မှုမြင်မားတဲ့ နိုင်ငံ တိုင်းဟာ အလုပ် နဲ့ ဘဝ ဟာ မျှတနေတာကို တွေ့ရတယ်။ နယ်သာလန်မှာဆိုရင် တစ်ပတ်မှာ (၄)ရက်ပဲ အလုပ်လုပ်ကြရတယ်။ ဒါကြောင့် အဲဒီကလူတွေဟာ လူကြီးကလေးမရွေး မိန်းကလေး ယောက်ျားလေး အားလုံးက ကမ္ဘာမှာ အပျော်ရွှင်ဆုံးတွေ ဖြစ်နေကြတာ အံသြစရာတော့ မရှိလှပါဘူး။

၃။ ပိုမိုပြီးမြောက်နိုင်မှု
ကျွန်တော် တို့တွေအတွက်တော့ ဒါဟာ အလုပ် ပိုသွင်စေမယ့် အရေးကြီးတဲ့ အရာတစ်ခုပါ။ ရက်သတ္တတစ်ပတ်မှာ အလုပ်လုပ်ရက် (၄)ရက်သတ်မှတ်လိုက်ခြင်းဟာ သင့် လုပ်ငန်းစဉ် အတွက် ထိရောက်ပြီး တွက်ခြေကိုက်တဲ့ လုပ်ငန်းစနစ် ဆီကို ပိုပြီးတွန်းပို့ပေးပြီး ရုံးမှာရှိနေချိန်တွေမှာလည်း အကျိုးရှိရှိကုန်ဆုံးခြင်းသာ ဖြစ်စေပါလိမ့်မယ်။ ပြောရရင် သင့်ဥနှောက်ကို ပိုပြီး ကောင်းကောင်းလေး နားပေးရပါလိမ့်မယ်။ ဒါမှလည်း ထုတ်လုပ်မှုစွမ်းအား ပိုမိုမြင့်တက်လာပါလိမ့်မယ်။

 

၎။ လူသစ်
သင့်ရဲ့ဝန်ထမ်း တွေကို ရှားရှားပါးပါးအကျိုးခံစားခွင့်လေးတွေ မပေးနိုင်ဘူးလား
ရုံးပိတ်ရက် တစ်ပတ် (၄)ရက်သတ်မှတ်လိုက်ခြင်းက နောက်လာမယ့် ဝန်ထမ်း အသစ်တွေအတွက်လည်း ဆွဲဆောင်မှုအကောင်းဆုံးဖြစ်စေတဲ့အပြင် သင့်ရဲ့ operating cost တွေကိုလည်း သက်သာလာအောင် ကူညီပေးနိုင်ပါတယ်။

Credit – Duwun