ပရိသတ် အားပေးမူရရှိထားတဲ့ ဇေရဲထက်က လက်ရှိမှာတော့ ဗီဒီယို ဇာတ်ကားတွေ ဆတ်တိုက် ရိုက်ကူးနေပြီးတော့ ဇာတ်ကားအရေအတွက်လည်း များသူလဲဖြစ်ပါတယ်။ သူနဲ့တွေ့ဆုံခိုက် အနုပညာကြေးနဲ့ ပတ်သတ်ပြီးတော့ Myanmar Celebrities ကို အခုလိုပြောပြခဲ့ပါတယ် ။

“ဇာတ်ကားတွေကတော့ ဆတ်တိုက်ရိုက်ရပါတယ် အနုပညာကြေးကတော့ ကိုယ့်ဈေးနဲ့ကိုယ်ပေါ။့ တခါတလေ ကျရင်လည်း ပရိုဂျူဆာတွေနဲ့ ညှိပြီး အဆင်ပြေသလို ယူရတာတွေရှိတယ။် ပုံသေတော့သတ်မှတ်ထားလို့ မရဘူးပေါ။့ ဇာတ်လမ်းပေါ်မူတည်ပြီးယူရတာရှိသလို နားလည်မူ လူမူရေးအရ ယူရတာတွေလည်းရှိပါတယ် ” လို့ပြောပါတယ်။

တခါတလေ ဇာတ်ကားထဲမှာ ဝတ်စားဆင်ယင်မူ ကုန်ကျစရိတ်များတာကိုလည်း “တခါတလေ ကျရင် ကားတစ်ကားရိုတ်တဲ့အခါ ကုန်ကျစရိတ်များလို့ ကိုယ့်အတွက် အနုပညာကြေး သိပ်မကျန်တာတွေလည်း ရှိတယ။် ဥပမာ မိန်းမလျာ ဇာတ်ရုပ်မျိုး ဆိုရင်အဝတ်အစားဖိုး မိတ်ကပ်ဖိုးတွေနဲ့ မကာမိဘူး။ ကျွန်တော်ကျတော့လည်း ဘယ်ဇာတ်ရုပ်ပဲ ရိုက်ရိုက် ဇာတ်ရုပ်ပီပြင်ဖို့ကိုပဲ အာရုံစိုက်တယ။် ပရိသတ်တွေကြည့်လို့ သူတို့မျတ်စိထဲမှာကအဆင်ပြေရင်ပဲ ကျေနပ်နေပါပြီ။ တခါတလေလည်း ပရိသတ်အကြိုက် တခါတလေလည်း ကိုယ်အဆင်ပြေအောင်တော့ ရိုက်ကြရတာပဲလေ။ ကျွန်တော်ကိုယ်တိုင်ကလည်း ဒီအလုပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုရတာဆိုတော့ အလုပ်ကိုတန်ဖိုးထားတယ် “လို့ပြောပါတယ်။

အခြေအနေမကောင်းရင် စီးပွား ပြောင်းလုပ်ကြည့်ပါလားလို့ စနောက်ပြီးမေးကြည့်တော့ ဇေရဲထက် က “ဟုတ်တယ် အစ်ကိုလည်း စဉ်းစားနေတာ ထိုင်းသွားပြီးတော့ တနိုင်တပိုင် ဈေးသွားရောင်းရင် ကောင်းမလားလို့ (ရယ်လျက်) အဲ့ဒီမှာဆိုရင် လမ်းဘေးကဈေးရောင်းတဲ့ သူတွေဆို အမြတ်အရမ်းရတယ်။ တွန်းလှည်းလေးနဲ့ တနိုင်တပိုင်ပဲသွားရောင်းလ်ုက်ချင်တော့တယ်။ တနေ့တခါ အမြတ်ရတယ် အလုပ်လည်းမရူပ်တော့ဘူး” ဆိုပြီး ရယ်မောကာ ပြောပြခဲ့ပါတယ်။

Credit:Baby ThanOo (Myanmar Celebrities)