12

ယနေ့ခေတ်ကြီးမှာ လူငယ်တွေအတွက် အဓိက ပြဿနာကတော့ ကိုယ်အလေးချိန် ကို မတက်အောင် ထိန်းဖို့ ပါဘဲ။ လူငယ်လူရွယ်တွေကြားမှာ အမှန်းဆုံးစကားကတော့ နင်ဝလာတယ် ဆိုတဲ့ စကားဘဲ အဲ့စကားတွေကို နောက်မကြားရအောင် ခု ၂ရက်အတွင်း ၁၀ ပေါင် တောင် ကျစေတဲ့ အစွမ်းထက် နံနံပင် ဖျော်ရည်လေးအကြောင်း ကို ပြောပြခြင်ပါတယ်။

နံနံပင်ဆိုတာကတော့ လူတိုင်းတိုင်သိပြီးသား အလွယ်တကူလည်း ရနိုင်တယ် ဟင်ပွဲတွေမှာလည်း အနံအရသာ နဲ့ ပြည့်စုံပေးနေအောင် ဆိုပြီး သုံးတဲ့ အရွက်တစ်မျိုးဘဲ ဖြစ်ပါတယ်။ တကယ်တော့ နံနံပင် ဟာ အဲ့ တစ်မျိုးတည်း အတွက်တည် မဟုတ်ပါဘူး။ ၀ိတ်ချတဲ့နေရာမှာလည်း လုံးဝကို အဖိုး မဖြတ်နိုင်တဲ့ သဘာဝ ဆေးဖက်ဝင် အပင် တစ်မျိုးဖြစ်ပါတယ်။ ကျွမ်းကျင်တဲ့ဆေးပညာရှင်တွေက နံနံပင်ကို စားသုံးခြင်းဖြင့်ကျောက်ကပ်ဝေဒနာ သည်တွေကိုတောင် ကယ်တင်နိုင်တယ်လို့ ထောက်ခံထားပါတယ်

နံနံပင်ဟာ အမြစ်ရော အရွက်ပါ အသုံးတည့် ပါတယ်။ ကျောက်ကပ်ကိုလည်း သန့်ရှင်းပေးတယ်၊ ခန္ဓာကိုယ် အတွင်းမှာရှိနေတဲ့ မလိုအပ်တဲ့ အဆီပိုတွေကို ဖယ်ရှားပေးတယ်၊ ဆီးရွှင်ဆေးတွေထုတ်တဲ့ အခါမှာလည်း နံနံ ပင်ကို သုံးတယ်၊ ခန္ဓာကိုယ်အတွင်းမှာ ရှိနေတဲ့ သကြားဓာတ်ကိုလည်း လျော့ချပေးလို့ ခန္ဓာကိုယ်လည်း ပေါ့ပါး လန်းဆန်းစေစေပါတယ်။

 

ပါဝင်ပစ္စည်း

  • ရေ တစ်လီတာ
  • စားပွဲတင်ဇွန်းနဲ့ နံနံပင် ကြိတ်ပြီးသားအရည် ငါးဇွန်း

 

ဖျော်ရည် ပြုလုပ်ပုံ 

  • ဆူပွတ်နေတဲ့ရေ တစ်လီတာထဲကို နံနံပင် ကြိတ်ပြီးသားအရည် ကို စားပွဲတင်ဇွန်းလေးနဲ့ ငါးဇွန်းလေး ထည့်မယ် ထည့်ပြီးရင် ၁၀ မိနစ်လောက် ခဏထားထားမယ်။ နံနံပင်ကို ဖျော်ရည်လို သောက်ဖို့ မအားရင် လည်း ဒီအတိုင်းလည်း အရွက်ကြည့်လည်း စားနိုင်ပါတယ်။

 

ဆေးအညွှန်း   

  • တစ်နေ့ကို နှစ်ခွက် ဒါမှမဟုတ် သုံးခွက်သောက်ပေးရပါမယ်။ ဒါပေမယ့် တစ်ရက်ကို တစ်လီတာထက် ပိုပြီး တော့ မသောက်သုံးသင့်ပါဘူး။

Source : Guardian of Health