အမေရိကန်နိုင်ငံ မင်နီဆိုးတားပြည်နယ်မှ ကင်းလှည့်ရဲနှစ်ဦးသည် ကားအနီး ဗြောက်အိုးဖောက်သံကဲ့သို့ အသံကျယ်ကို ကြားရသဖြင့် အန္တရာယ်ထင်မှတ်ထိတ်လန့်ကာရှိစဉ် အကူအညီတောင်းရန်ပြေး လာသော သြစတြေးလျအမျိုးသမီးကို ပစ်ခတ်မိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မင်နီယာနာပါးလစ်မြို့တွင် ဇူလိုင် ၁၅ ရက် ည ၁၁ နာရီခွဲက အသက်(၄ဝ)အရွယ် ဂျက်စတင်ဒါမွန် အမည်ရှိ အမျိုးသမီးက အိမ် အနီးတွင် အကြမ်းဖက်မှုဖြစ်ပွားနေသည်ဟုယူဆရသည့် ဆူဆူညံညံ အသံများကြားရကြောင်း အရေးပေါ် ဖုန်းဆက်အကူအညီတောင်း သဖြင့် ကင်းလှည့်ရဲကားတစ်စီးနှင့် ရဲနှစ်ဦးသွားရောက်ခဲ့သည်။

မစ္စဒါမွန် ၏အိမ်ရှေ့သို့အရောက် မစ္စဒါမွန် ကားနားကပ်လာစဉ် တွင် ပေါက်ကွဲသံ ကဲ့သို့ အသံကျယ်ကြီးကြားလိုက်ရသဖြင့် တိုက်ခိုက် ခံရသည်ဟုထင်မှတ်ကာ ¤င်း၏ဘေးတွင်ထိုင်လိုက်လာသော ရဲဝန်ထမ်း မိုဟာမက်နိုရာက ဖွင့်ထားသော ကားပြတင်းမှတစ်ဆင့် မစ္စဒါမွန် ကို ပစ်ခတ်လိုက်ကြောင်းဖြင့် ရဲကားမောင်းလာသော ရဲဝန်ထမ်း မက်သရူး ဟာရီတီက စစ်ဆေးမေးမြန်းမှုတွင် ဖြေကြားသည်။

ပေါက်ကွဲသံသည် မည်သည့်အသံဖြစ်ကြောင်း ရဲနှစ်ဦး က အတည် မပြုနိုင်သော်လည်း ရဲရေဒီယို သံများကို မှတ်တမ်းယူနေသည့်ဌာနမှ ရဲတာဝန်ရှိသူတစ်ဦးကမူ ဗြောက်အိုးဖောက်သံဖြစ်နိုင်ပြီး၊ ရုတ်တရက် အဆက်မပြတ် သေနတ်ပစ်သံကဲ့သို့ ထင်စရာဖြစ်သွားခြင်းဖြစ်နိုင် သည်ဟု ဆိုထားသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရဲနှစ်ဦး သည် လူနာတင်ယာဉ် အမြန်ဆုံး ခေါ်ယူခဲ့သော်လည်း မစ္စဒါမွန်သည် ဝမ်းဗိုက်ကို ထိမှန်သွားသဖြင့် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးခဲ့သည်။ ရဲနှစ်ဦး ၏ခန္ဓာကိုယ် တွင် တပ်ဆင်ထားသောကင်မရာများ အလုပ်မလုပ်သဖြင့် ဖြစ်စဉ်ကို အသေးစိတ်မသိနိုင်ဘဲဖြစ်နေသည်။

Credit : The Myanmar Times