1

အိန္ဒိယနိုင်ငံ ရာဇသံပြည်နယ် (Rajasthan) မှာ ကလေးမွေးဖွားတဲ့အခါ ကျားမခွဲခြားပြီး မွေးဖွားခဲ့ကြတဲ့အတွက် အခုအခါမှာတော့ အဲ့ဒီပြည်နယ်မှာရှိတဲ့ အမျိုးသားလူငယ်ကလေးတွေဟာ သတို့သမီးလောင်းကိုရှာဖို့ အခတ်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ရှေးအစဉ်အလာတွေအရ လက်ထပ်တော့မယ့် မိန်းကလေးတစ်ယောက်ဟာ အမျိုးသားတစ်ယောက်ကို ငွေနဲ့တင်တောင်းရပါတယ်။

သားရှင်တွေဘက်ကလည်း သားဟာအဖိုးတန်တယ်လို့ အထင်အမြင်ရှိကြပါတယ်။ ဒါ့ကြောင့် သမီးမိန်းကလေး မွေးမိတဲ့ မိဘတွေဟာ ပိုက်ဆံစုရတော့မယ်ဆိုတဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခု ရှိကြပါတယ်။ အိန္ဒိယနိုင်ငံမှာ လိင်အကြမ်းဖက်မှုတွေ များပြားလာခြင်းကလည်း သမီးမိန်းကလေးတွေကို မလိုချင်တဲ့အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။ သားယောက်ျားလေးအများစုကတော့ မိဘနဲ့အတူနေပြီး မိဘကိုပြုစုနိုင်ပေမယ့် သမီးမိန်းကလေး တွေကတော့ အိမ်ထောင်ကျသွားတဲ့အခါ မိဘနဲ့အတူနေပြီး မပြုစုနိုင်ဘဲ အိမ်ထောင်ဖက်နဲ့အတူ လိုက်နေရတာတွေကြောင့်လည်း သမီးမိန်းကလေးကို မလိုချင်ခဲ့ကြတာဖြစ်ပါတယ်။

23

အဲ့ဒီလိုမျိုး ကျားမခွဲခြားပြီး မွေးခဲ့တာတွေကြောင့် အခုအခါမှာတော့ ရာဇသံပြည်နယ်ရဲ့ အရှေ့ဘက်ပိုင်းမှာရှိတဲ့ Hadoti ဒေသရဲ့ တောရွာတွေနဲ့ မြို့ရဲ့ ဆင်ခြေဖုံးနေရာတွေမှ သတို့သမီးတွေကို အိန္ဒိယငွေ ရူပီး ၅၀,၀၀၀ ကနေ ၁၀၀,၀၀၀ အကြား ပေးပြီး ဝယ်ယူနေရတာပါ။ ဒီလိုဝယ်ယူတာတွေကိုတော့ ပွဲစားတွေက ဝန်ဆောင်မှု ပေးကြတာဖြစ်ပြီး သင့်တော်တဲ့ သတို့သမီးရရှိအောင်လုပ်ဆောင်ပေးတဲ့အတွက် ဝန်ဆောင်ခ အမြောက်အများ ရရှိကြပါတယ်။ ကောင်မလေးရဲ့ မိဘတွေရော ညီကိုမောင်နှမတွေပါ ဘယ်တော့မှ မကန့်ကွက်တဲ့အတွက် ဒီလိုသတို့သမီးလောင်းရှာတာဟာ တရားဥပဒေနဲ့ မညီမှာ၊ ပြဿနာ တစ်စုံတရာဖြစ်မှာကို စိတ်ပူစရာမလိုပါဘူးလို့ ပွဲစားတစ်ယောက်ကပြောပါတယ်။ ချမ်းသာတဲ့မိသားစုတွေဟာ သူတို့ရဲ့သားတွေအတွက် သတို့သမီးကို ဝယ်ယူပေးကြပါတယ်။

ဒီလိုမျိုး မိန်းကလေးတွေကို သတို့သမီးအဖြစ်ဝယ်ယူကြပေမယ့်လည်း အချို့သတို့သမီးတွေဟာ အမျိုးသားနဲ့ အတူနေပြီး လအနည်းငယ်ကြာတဲ့အခါမှာ အမျိုးသားအိမ်က အဖိုးတန်ပစ္စည်းတွေကိုယူပြီးထွက်ပြေးတာတွေလည်း ရှိပါတယ်။

လွန်ခဲ့တဲ့လအနည်းငယ်လောက်က အိန္ဒိယနိုင်ငံ ရာဇသံပြည်နယ်ရဲ့ မြို့တော် Jaipur မှာနေတဲ့ မိသားစုတစ်စုဟာ သတို့သမီးတစ်ယောက်ကို ရူပီး ၁.၂၅ သိန်း နဲ့ ဝယ်ခဲ့ပြီး သုံးလလောက်ကြာတဲ့အခါမှာ သတို့သမီးက အိမ်ကအဖိုးတန်ပစ္စည်းတွေကို ယူဆောင်ပြီး ထွက်ပြေးသွားခဲ့ပါတယ်။ အဲ့ဒီလိုဖြစ်ရတာဟာ အများအားဖြင့် ဆင်းရဲတဲ့မိသားစုတွေကနေ လာရတဲ့ သတို့သမီးတွေဖြစ်ကြပြီး အမျိုးသမီးတွေရှားပါးလာမှုကြောင့် သူတို့ကို ယူမယ့်အမျိုးသားတွေတန်းစီနေတာကြောင့်ပဲဖြစ်ပါတယ်။

ကောင်းကောင်းမွန်မွန်ပြောဆို ဆက်ဆံမယ်ဆိုရင်တော့ သတို့သမီးတွေဟာ ထွက်ပြေးမှာမဟုတ်ဘူးလို့ ပွဲစားတွေက ပြောကြပါတယ်။

Credit : Akhayar