1

ပရိသတ်အားပေးမူ ရရှိထား တဲ့ မင်းသွေးက ကြောက်ကြောက်ကြောက် ရုပ်ရှင် အထူးပြသပွဲ ကို တက်ရောက်ခဲ့ပါတယ် ။ အဲ့ဒိ ဇာတ်ကား ကြီး မှာ တော့ အစ်ကို ဖြစ်သူ နေတိုး နဲ့ပါဝင်သရုပ်ဆောင်ထား တာကြောင့် ဇာတ်ကား နဲ့ ပတ်သတ်ပြီး တော့လည်း Myanmar Celebrities ( Myanmar Cele Wiki ) ကို အခုလိုပြောပြခဲ့ပါတယ်။

” ဒီဇာတ်ကားမှာကသူ့အတွဲ ကိုယ့်အတွဲ သရုပ်ဆောင် ရတာပေါ့ ကျွန်တော်ကတော့ နန်းခင်ဇေယျာ နဲ့တွဲ ပြီး သရုပ်ဆောင်ရတယ် ကျွန်တော့်ရဲ့ ကာရိုတ်တာက ကျွန်တော်က အရမ်း အစသန်တယ် ကျွန်တော်နဲ့ ငယ်ငယ်ကတည်းက ကြီးပြင်းလာတဲ့ သူငယ်ချင်း နှစ်ယောက် ကလည်း အရမ်း ကို အစအနောက်သန်တယ် ကြုံရင် ကြုံသလို တစ်ယောက်ကို တစ်ယောက်ပြန် ဖဲ့ နေကြတာာ ပေါ့ အဲ့ ဒိလိုမျိုး စနောက်ရင်း နဲ့ ပဲ ကိုယ်မိန်းမ ရတော့ ကျွန်တော့် မိန်းမ ကို သူတို့က စကြတယ် မင်္ဂလာ ဦးညတွေမှာလည်း စတယ် ..အဲ့တော့ မိန်းမက အရမ်း စိတ်ပျတ်တယ် ကျွန်တော်တို့ စနောက်ရင်း နဲ့ပဲ accident ဖြစ်ရင်း နဲ့ သေသွားကြတဲ့ ဇာတ်လေးပါ ” လို့ပြောပါတယ် ။

ကားရိုက်ပိုင်း နဲ့ ပတ်သတ်ပြီးတော့ လည်း ” ကားရိုတ်တွေက တော့ အရင်က ထက် သေချာ ပြီး စီစစ် ရွေးချယ် ဖြစ်တယ် နောက်ပိုင်း ရိုက် ရင်လည်း ဇာတ်လမ်း ကို သေချာ ဦးစားပေး ဖြစ်တယ် ” လို့ပြောပါတယ်။ နောက်ပိုင်း အခြေအနေ ကို အားရလား ဆိုတော့ ” ကိုယ်ကတော့ ကြိုးစားရတာပေါ့ အရမ်းကြီး ကျေနပ် အားရတာ မျိုး မဟုတ်ပေမယ့် ကိုယ့်အတွက်နေရာလေး တစ်နေရာ ရလာ တဲ့ အတွက်တော့ ကျေနပ်ပါတယ် ” လို့ပြောပါတယ်။

Credit : ရန်ပိုင်စိုး (Myanmar Celebrities)