ပဲခူးမြို့၊မြို့မရဲစခန်းအပိုင်၊ဈေးပိုင်းရပ်ကွက်၊ပဲခူးတံတားပေါ်တွင်(၂.၇.၂၀၁၇)နေ့ ည(၁၁)နာရီအချိန်ခန့်က ခြိမ်းခြော က်ပြောဆိုပြီး ဆိုင်ကယ်တစ်စီးယူမှုတစ်ခုဖြစ်ပွားခဲ့ သည်။

ဖြစ်စဉ်မှာ မောင်ရန်လင်းထက်(၁၈)နှစ်၊(ဘ)ဦးဝင်းခိုင်၊ပရိဘောဂလုပ်၊နယ်မြေ(၃)၊ကမာနတ်ကျေးရွာ၊ပဲခူးမြိုကနယ်နေသူသည် လူငယ်သဘာဝအရ ဆိုင်ကယ်ပတ်စီးပြီး ပဲခူးလိပ်ပြာကန်ဘက်မှ ပဲခူးတံတားဘက်သို့မောင်းနှင်လာစဉ် မိန်းမလျှာ နှစ် ဦးအား ဘယ်သွားမလို့လဲဟုစနောက်ခဲ့ရာ ပဲခူးတံတားပေါ်လိုက် ပို့ပေးဟုပြောဆို ခဲ့သည်။

မောင်ရန်လင်းထက်မှ လိုက်ပို့ပေးခဲ့ပြီး နေအိမ် သို့ပြန်ရန်ဆိုင်ကယ်အားလှည့်စဉ် အမည်မသိအမျိုးသား (၂)ဦး၊လူမြင် လျှင် မှတ်မိမှ မငိးဆိုင်ကယ်ပေါ်ကဆင်းပေး မဆင်းရင်တွေ့လား ငါ့ခါးထဲမှဓား ဟုပေါ်ဆိုသဖြင့် ဆိုင်ကယ်ပေါ်မှ ဆင်း သဖြင့် အမည်မသိအမျိုးသား(၂)ဦး နှင့်မိန်းမလျှာ(၁)ဦးတို့သည် ၄င်းဆိုင်ကယ်အားပဲခူးတံပေါ်မှမောင်းပြီး ထွက်သွား ခဲ့သည်။

ရန်လင်းထက်ဆိုင်ကယ်အား ခြိမ်းခြောက်ကာလုယူသွားသူ ကျော်ဝင်းသန့်(ခ)မေသစ်၊(မိန်းမလျှာ)နှင့် အမည်မသိ အမျိုးသား(၂)ဦးတို့အားဥပဒေအရအရေးယူပေးပါရန်တိုင်ကြားသဖြင့် စခန်းမှ(ပ)၈၅၁/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၈၂/၁၁၄ အရအမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

Ko Thant Zin
Source : goo.gl/NYrzVR