5

ငယ်ငယ်တုန်းက ရွှံ့ထဲဗွက်ထဲ ကစားဖူးကြပါသလား။ ဒီလို ရွှံ့လူးတာဟာ ရိုးရာ အစဉ်အလာပွဲတစ်ရပ် ရှိပါသတဲ့။ တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်ဇီပြည်နယ် ကျင်ဒီကျန်းဒေသမှာ ရွှံ့ပက်ပွဲတော်ဆိုပြီး ပျော်ပျော်ပါးပါး ရွှံ့လူးဆင်နွှဲကြပါသတဲ့။

တရုတ်သတင်းစာကြီး China Daily က ကျကျနန မှတ်တမ်းတင်ပြီး ထိုပွဲတော်အကြောင်းကို ဖော်ပြထားခဲ့ပါတယ်။

ဇူလိုင်လ ၈ ရက်နေ့မှာ စတင်ပြုလုပ်ကစားတဲ့ ရွှံ့လူးပွဲကို ခရီးသွားဧည့်သည်တွေက အတော်ကိုနှစ်ခြိုက်ကြပါတယ်။

ရွှံ့ပက်ပွဲတော် ကျင်းပတဲ့ အဆိုပါမြို့ဟာ ကြွေထည်တွေလည်း ထုတ်လုပ်တာကြောင့် ကြွေထည်မြို့တော်လို့လည်း နာမည်ကြီးပါတယ်။

တစ်ဦးနဲ့တစ်ဦး ရွှံ့ရည်တွေနဲ့ပက်ကြကာ ရွှံ့ဗွက်ရည် တောထဲမှာလည်း ဘောလုံးကန် ကစားခဲ့ကြပါတယ်။

ရွှံ့ပြင်ပေါ်မှာ လွန်ဆွဲတာအပြင် အခြား လှုပ်ရှားမှုတွေလည်း ပြုလုပ်ကြတဲ့ ဒီပွဲတော်ဟာ ရိုးရာ အစဉ်အလာ ဖြစ်ပါသတဲ့။

Credit : The Voice