လက်ရှိမှာ ပရိသတ် အားပေးမူ အခိုင်အမာရရှိထားတဲ့ အဆိုတော် အိမ့်ချစ် နဲ့ ပတ်သတ်ပြီးတော့ အဖေဖြစ်သူ ချစ်ကောင်း က သူ့အမြင်ကို အခုလိုပြောပြခဲ့ပါတယ် ။

“သမီး က အရမ်းတော်တယ် သူဖြစ်ချင်တာကို စနစ်တကျ plan နဲ့ လုပ်တက်တယ်။ သူ့ခေါင်းထဲမှာ ဘယ်အချိန်ဘာလုပ်ရမယ်ဆိုတဲ့ plan တွေရှိတယ်။ အဖေ တစ်ယောက်အနေနဲ့ကတော့ ကိုယ့် သမီး အခုလို အောင်မြင်နေတာ တွေ့ရတော့ ဂုဏ်ယူ ဝမ်းသာမိတယ်။ မိဘ တိုင်းက သားသမီး ကောင်းစားတာကို မြင်ချင်ကြတာကို။ အဖေ့ ခြေရာမှီတဲ့သူ အဖေ ထက်သာလွန်တဲ့သူပဲ ဖြစ်စေချင်ကြတာလေ။ အခုတော့ သမီး ကအဖေ့ထက် သာတဲ့သူလို့ ပြောလို့ရတယ်။ ဂီတတင်မဟုတ်ဘူး ဖက်ရှင်ပိုင်း နဲ့ ပတ်သတ်ပြီးတော့လည်း သူ့ကိုယ်ပိုင် Brand လေးနဲ့ သူ့ပရိသတ်အတွက်လုပ်ပေးနိုင်တယ်။ သူအရမ်း အလုပ်ကြိုးစားတယ်။ တကယ်တမ်း ကျတော့ အိမ့်ချစ် က အိမ့်ချစ် ၊ ချစ်ကောင်း က ချစ်ကောင်း ပါပဲ။ သားအဖ ဖြစ်နေလို့သာ သားအဖချင်းဆိုတဲ့ စကားကို ထည့်ပြောနေရတာလေ။ သူ့ရဲ့ အောင်မြင်မူ တစ်ခု အနေအထားအတွက် ဘယ်တော့မှ မပံ့ပိုးခဲ့ဘူး မတိုက်တွန်းခဲ့ဘူး။ လွတ်လွတ်လပ်လပ်နဲ့ သမီး လုပ် ၊ သမီး အောင်မြင်တာကို အဖေ ထိုင်ကြည့်မယ်။ အခုလို အောင်မြင်သွားတော့ဂုဏ်ယူတယ်။ ဒါပေမယ့် ကျွန်တော် လို့ အနှစ်၃၀ လောက်ထိ ဂီတ လောကထဲမှာ သမီးကြံ့ကြံ့ ခံနိုင်ပါ့မလား ဆိုတာကိုတော့ စိတ်ပူတယ် ” လို့ပြောပါတယ်။

သမီး နဲ့သီချင်း တွဲ လုပ်ဖို့ ရှိလား ဆိုတော့ “ရှိပါတယ် သမီး နဲ့ အတူ သီချင်းခွေ လေး တွဲလုပ်ချင်တယ်။ ဒါပေမယ့် သမီးကလည်း သူ့အလုပ်နဲ့သူ မအားဘူးလေ။ ကျွန်တော် ကလည်း ကိုယ့်အလုပ်နဲ့ ကိုယ်မအားဘူးဆိုတော့ သားအဖချင်း ချိန်းတွေ့ရမယ့် အပေါက်မျိုးဖြစ်နေပြီလေ။ အစီအစဉ် ရှိပေမယ့် ပုံဖော်တို့က ခက်နေသေးတယ် ” လို့ပြောပြခဲ့ပါတယ်။

Credit : (Myanmar Celebrities )