Image may contain: 1 person, text

အင်္ဂလန်နိုင်ငံအရှေ့တောင်ပိုင်း၊ ဆာရေးစီရင်စုက ဘီလီမွန်ဂါဆိုတဲ့ အသက် ၁၈နှစ်သားပြိုင်ကားမောင်းသ မားလေးက ပြီးခဲ့တဲ့ ဧပြီလက ဒွန်နင်တန် ပါ့ခ်မှာ ကျင်းပခဲ့တဲ့ ဗြိတိန်ဖော်မြူလာဖိုး ချန်ပီယံဖလားပြိုင်ပွဲကြီးမှာ ဖင်လန်နိုင်ငံ သား ပြိုင်ကားမောင်းသမား ပါထရစ်ပတ် စမာရဲ့ကားနဲ့ တိုက်မိခဲ့ရာကနေ ခြေနှစ် ဖက်စလုံးကို ဆုံးရှုံးလိုက်ရသူဖြစ်ပါတယ်။

နော့တင်ဂမ်ဆေးရုံကိုရဟတ်ယာဉ်နဲ့ အရေးပေါ်ပို့ဆောင်ကုသမှုပေးခဲ့ပေမယ့် ကံ မကောင်းစွာနဲ့ ခြေနှစ်ဖက်စလုံးကိုဖြတ် တောက်လိုက်ရတာဖြစ်ပါတယ်။ ခြေနှစ် ဖက်ကိုဆုံးရှုံးကာကုသမှုတွေခံယူခဲ့ပြီး သုံးလအကြာမှာ ဘီလီက သူရဲ့ခြေနှစ် ဖက်မရှိတော့ပေမယ့် ပြိုင်ကားမောင်းနှင် မှုကို မစွန့်လွှတ်နိုင်ဘဲ ခြေထောက်အသုံး မပြုတဲ့ လက်ချည်းသက်သက်ထိန်းချုပ် မောင်းနှင်ရတဲ့ကားမျိုးနဲ့ ကားပြိုင်ကွင်း ထဲကို ပြန်ရောက်လာခဲ့ပြီလို့သိရပါတယ်။

မသန်စွမ်းသူတွေအတွက် အကူအညီပေး နေတဲ့ Team BRITရဲ့အကူအညီနဲ့ ဘီလီကားပြန်မောင်းနိုင်ဖို့ကြိုးစားနေခဲ့ပြီး ပြိုင် ကားမောင်းလိုင်စင်ပြန်လည်ရရှိဖို့ ကြိုးပမ်းပေးနေတယ်လို့ Team BRITရဲ့ တည်ထောင်သူ ဒေ့ဗ်ပလေယာက ဆိုပါ တယ်။

Image may contain: text and outdoor

လာမယ့်နိုဝင်ဘာလမှာကျင်းပ သွားမယ့် ကမ္ဘာ့သက်တမ်းအရင့်ဆုံးပြိုင်ကားပြိုင်ပွဲကြီးဖြစ်တဲ့ Le Mans 24 Hours ပွဲမှာ ဘီလီပြန်လည်ပါဝင်ယှဉ်ပြိုင် ဖို့မျှော်လင့်နေတယ်လို့သိရပါတယ်။ ဘီလီရဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ ဝါသနာရင့် သန်မှုအတွက် ဖော်မြူလာဝမ်းနာမည် ကျော်တွေဖြစ်ကြတဲ့ ဂျင်ဆန်ဘက်တမ်နဲ့ လူးဝစ်ဟာမီတန်တို့အပါအဝင် ကမ္ဘာတ ဝန်းက ပြိုင်ကားအားကစားသမားတွေ ဝိုင်းဝန်းကာ ဘီလီအတွက် ဒေါ်လာ၁သန်း ပံ့ပိုးကူညီပေးခဲ့တယ်လို့လည်း သိရပါ တယ်။

Credit:Pyi Myanmar