ဘာလို့လည်း ဆိုတာကို ဆက်ပြီး ကြည့်ရအောင်နော်။
ဒါရိုက်တာ ဝင်းထွန်းထွန်းကတော့ သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ ကြေညာလိုက်တာ ဖြစ်ပါတယ်။
ပထမကတော့ ဒီလ(ဇူလိုင်လ)ကို မြင့်မြတ်နဲ့ ရုပ်ရှင်ရိုက်ဖို့ စီစဉ်ထားတာ ဖြစ်ပေမယ့် အခုတော့ မရိုက်ဖြစ်တော့ဘူးလို့ ဆိုပါတယ်။

မြင့်မြတ် က ဒီလကို ဒါရိုက်တာ ဝင်းထွန်းထွန်းနဲ့ ရုပ်ရှင် ရိုက်ဖို့အချိန်ပေးခဲ့ပေမယ့် ဒါရိုက်တာ ဝင်းထွန်းထွန်းဘက်က ဇာတ်ညွှန်း အစဉ်သင့် မဖြစ်ခဲ့တာကြောင့်ရယ် အခြားသော ကိစ္စရပ်များကြောင့်လည်း မြင့်မြတ်နဲ့ ရိုက်မယ့် ရုပ်ရှင်ကို စွန့်လွှတ် လိုက်ပြီလို့ ဆိုထားပါတယ်။
မြင့်မြတ်ရဲ့ သိတတ်မှုကို လိမ်မစားချင်လို့ပါဆိုပြီးလည်း ရေးသားထားပါတယ်။

“သိတတ်မူ့ အတွက်။ ကျွန်တော် သားတော်မောင် မင်းသားလေးနဲ့  မရိုက်ဖြစ်ခဲ့တာကျွန်တော်ဘက်က မပြည့်စုံမူ့ အတွက်ပါ။ သူက သိတတ်လိမ္မာလွန်း ပါတယ်။ သူရိုက်ရက်မအားတဲ့ ကြားက ဒီလ ကျွန်တော့်အတွက် ထုတ်လုပ်ရေး ပါ စီစဉ်ပေးခဲ့ပါရဲ့  ဒါပေမယ့်  ကျွန်တော့် ဘက် က ဇာတ်ညွှန်း အစဉ်သင့်မဖြစ်ခဲ့ ပါဘူး ။ ဇာတ်ညွှန်း ပြီး ရင် လုပ်ရမယ့်  story board ,ပြီးတော့ preproduction အပိုင်းတွေလည်း အများကြီးလုပ်ဖို့ ကျန်ပါသေးတယ်။


Preproduction အပိုင်းမလုပ်ဘဲ ရိုက်လို့ ဖြစ်ပေမယ့်။ ကျွန်တော် preproduction လုပ်ပြီးသေချာမှရိုက်မယ်လို့  ကတိပေးထားတဲ့ အတွက် ဘယ်သူမှ မသိနိုင်ပေမယ့် ကိုယ်ကို့ကိုယ်မလိမ် ညာခြင်လို့  ရှက်လို့  ဒီလ မြင့်မြတ် နဲ့ ရိုက်မယ် ရုပ်ရှင်ကို စွန့် လွှတ်ခဲ့ပါတယ်။သူ့ရဲ့  အမြဲတမ်းသိ တတ်မူ့  အပေါ် လိမ်မစားခြင်လို့  ပါ။ သူ့ နဲ့  ရိုက်ဖို့  မျှော်လင့် နေသူ အားလုံးကို တောင်းပန်ပါတယ်။ ကျွန်တော် preproduction,အပိုင်းသေချာ ပြင်ဆင်ပြီး အကောင်းဆုံး ပြန်ပေးဆပ်ပါ့မယ်။” လို့ လွန်ခဲ့တဲ့ နာရီ ပိုင်းက ဒါရိုက်တာ ဝင်းထွန်းထွန်း ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။
ဒါရိုက်တာ ဝင်းထွန်းထွန်း တင်ထားတဲ့ ပို့စ်အောက်ကမှာတော့ မြင့်မြတ် နဲ့ သူနဲ့ တွဲရိုက်မယ့် ဇာတ်ကားကို ကြည့်ချင်လို့ စောင့်နေတာ ကြာပြီဆိုပြီး ပရိသတ်တွေက ပြောထားပါသေးတယ်။
Photo : ဒါရိုက်တာ ဝင်းထွန်းထွန်း ဖေ့စ်ဘွတ်

Credit : Duwun