အ​တွေ့အကြုံ

အသက်​ ၈၀ ​လောက်​ရှိတဲ့လူတစ်​​ယောက်​ဟာ အသက်​ ၄၀ ဘဲရှိတဲ့သူထက်​​တော့ အ​တွေ့အကြုံများပါလိမ့်​မယ်​ ဒါ​ပေမယ့်​ အသက်​၄၀ ​လောက်​နဲ့ အ​တွေ့အကြုံ များချင်​ရင်​​တော့ တစ်​ခုတည်း​သောလမ်းဟာ ပညာ ပါ။

အ​တွေ့အကြုံများတဲ့သူ့ရဲ့ပြသာနာက ဘာမဆိုအကုန်​သိတယ်​လို့ထင်​တတ်​သလို သူတို့ဘဲဦး​ဆောင်​နိုင်​မယ်​လို့ထင်​တာပါဘဲ၊တကယ်​​တော့ တီတွင်​ဖန်​တီးမှု​ အ​ပြောင်းအလဲ​တွေ​ဟာ အ​တွေ့အကြုံသမား ထက်​ စဉ်းစားတွေး​ခေါ်ကြံဆခြင်း​တွေ့​ကြောင့်​ဖြစ်​​ပေါ်လာတာမျိုးပါ။

ဒီ​နေရာမှာ စ​တွေ့တာက​တော့ အ​တွေ့အကြုံသမား ​တွေက ​နေရာကို စုပ်​ကိုင်​ထားတတ်​သလို အယူအဆအသစ်​​တွေ နည်းအသစ်​​တွေကို လက်​ခံ​လေ့မရှိကြပါဘူး၊မိမိရရှိထားတဲ့​နေရာကို လုပ်​ကိုင်​နိုင်​စွမ်းရှိသူ​တွေ ရှိသည့်​တိုင်​လွယ်​လွယ်​နဲ့စွန့်​လွှတ်​​လေ့မရှိကြပါဘူး လူငယ်​ လူကြီး ပြသာနာက အဲ့ဒီက​​နေစကြ​လေ့ရှိပါတယ်​။

ပညာ

ဒီပြသာနာကို​ဖြေရှင်းနိုင်​တာ တနည်းဘဲရှိပါတယ်​ အဲ့ဒါက ”ဖွင့်​ထား​သောစိတ်​ဖြင့်​သင်​ယူခြင်း”ပါ အမြဲမပြတ်​ ကိုယ်​လုပ်​​နေတဲ့အလုပ်​အ​ပေါ်နဲ့ မိမိ လိုလုပ်​​နေသူ​တွေရဲ့လုပ်​ကိုင်​နိုင်​မှုအ​နေအထားကို ​အမြဲ​လေ့လာ​နေရမှာပါ။

လေ့လာသင်​ယူခြင်းရပ်​လိုက်​တာနဲ့ အ​ပြောင်းအလဲ ကို လိုက်​နိုင်​​တော့မှာမဟုတ်​​တော့ပါဘူး၊ဒါ​ကြောင့်​ ဘဝတ​လျှောက်​လုံးသင်​ယူခြင်း၊စာဖတ်​ခြင်း၊​ဆွေး​နွေးခြင်း၊လက်​​တွေ့လုပ်​​ဆောင်​ခြင်း ​တွေကသာ ပညာ ရဲ့သ​ဘောပါ။

နေရာ

နေရာ ဟာ အ​ရေးကြီးသလားဆိုရင်​​တော့ ​ခေတ်​ဆိုး တစ်​ခုမှာ​တော့ အ​ရေးကြီးပါတယ်​ ဘာဖြစ်​လို့လဲဆို​တော့ ​နေရာ ရဖို့ ဘယ်​လိုနည်းနဲ့ဘဲဖြစ်​ဖြစ်​လုပ်​ကြရလို့ပါ ​တကယ်​သိ တကယ်​တတ်​မှ လုပ်​လို့ရတဲ့ ရလာဒ်​ဗဟိုပြု​ခေတ်​မှာ ပညာ ကသာအ​ရေးကြီးပါတယ်​။

ကျွန်​​တော်​ တို့​ကောင်း​သောအ​ပြောင်းအလဲဖြစ်​​ပေါ်ဖို့အတွက်​ ပညာ ကိုသာ အားထားကြရမှာပါ၊​ကျောင်းပညာ​ရေး အ​ရေးကြီးသလို၊ကိုယ်​တိုင်​ရှာ ပညာ​ရေး ဖြစ်​တဲ့ စာကြည့်​တိုက်​အသုံးပြုခြင်း၊သက်​​မွေးပညာသင်​ယူခြင်း​တွေကလည်းအ​ရေးကြီးပါတယ်​၊ဒါ​တွေကို ဖန်​တီး​ပေးကြဖို့ လို​နေပါပြီ။

အမြဲ​မေး​နေရမယ့်​​ မေးခွန်း က​တော့“ကျွန်​​တော် ​တို့ အခု ဘယ်​​နေရာမှာလဲ´´ ဆိုတာပါ။

Credit to အိုစိုး