happy life

ပျော်ရွှင်မှူ တစ်ခုကို ရရှိဖို့ အတွက် အခြားသူဆီကသင် မျှော်လင့်နေသမျှ စစ်မှန်တဲ့ ပျော်ရွှင်မှူနဲ့
သင်….ဝေးကွာနေရအုံးမှာပါ။အခြားသူဆီက ရရှိလာတဲ့ ပျော်ရွှင်မှူ ဆိုတာ ခဏတာအငှါးဖြစ်ပြီးကိုယ်ကိုယ်တိုင် ပျော်ရွှင်ဖို့အတွက် ကိုယ်ကိုယ်တိုင်ပဲရှာဖွေရတာမျိုးပါ ။

စစ်မှန်တဲ့ ပျော်ရွှင်မှူ ဆိုတာ ကိုယ်ကိုယ်တိုင် ရယ်မောနေပြီး အခြားသူကို မျက်ရည်ကျစေတာမျိုးမဟုတ်ဘဲ ကိုယ်လည်းပျော်ရွှင်နေသလို
အခြားသူကိုလည်း မထိခိုက်စေတာမျိုးပါ။

လူတစ်ယောက်ရဲ့ ပျော်ရွှင်မှူကို ဖျက်စီးစေနိုင်သော အရာတွေက….

၁)အဆိုးမြင်တဲ့စိတ်

လူတစ်ယောက်ကို သင် အဆိုးမြင်နေသမျှ သင် စိတ်ချမ်းသာရမှာ
မဟုတ်ပါဘူး။ အဆိုးမြင်ခြင်းအားဖြင့်
ဒေါသ ဖြစ်လာပြီး
ပူလောင်လာပါလိမ့်မယ်။
အဲ့ဒါကြောင့်…အတတ်နိုင်ဆုံး အကောင်းမြင်စိတ် မွေးကြည့်ပါ။

၂)သံသယဖြစ်တဲ့ စိတ်

သံသယစိတ်ကြောင့်ပဲ ခိုင်မာပါတယ်ဆိုတဲ့ သံ​ယောဇဉ်​ ကြိုးတွေ
ပြတ်သွားနိုင်သလို အကြွင်းမဲ့ ယုံကြည်ပါတယ်ဆိုတဲ့
ယုံကြည်မှူတွေ တစ်စစီ ဖြစ်သွားတတ်ပါတယ်။ “သံသယကြောင့်”ပဲ
အလွန်ချစ်ခင်သူတွေ ဝေးကွာခဲ့ကြရသလို ပျော်ရွှင်မှူကို ခြေထိုးခံသော
အဓိက တရားခံ လည်း ဖြစ်နေပါတယ်။မသေချာ မရေရာတဲ့
တစ်ချို့ကိစ္စတွေမှာ သံသယစိတ်ဝင်လာပြီဆိုရင်
ချက်​ချင်းလက်ငင်းအမြန်ဆုံး
သေချာအောင် လေ့လာပြီး ဖြေရှင်းပါ။
သံသယဆိုတာ” ခြ” အုံလိုပဲ ကြာကြာထားလေ အတွင်းကိုလှူိက်စား
လာပြီး ပြိုကျပျက်စီးဖို့ မြန်လေပါပဲ။

၃)မနာလိုတဲ့ စိတ်

မနာလိုခြင်း ဆိုတာ ကိုယ့်ထက် အနည်းငယ်သာလွန်သူကို မကျေနပ်ခြင်း ၊ အမြင်မကြည်ခြင်းဖြစ်ပါတယ်။လူဆိုတာ ဘဝပေးအခြေအနေ ၊ ကြိုးစားမှူ ၊ ကံ ကွာသလို ဘဝတွေလည်း ကွာခြားနေပါတယ်။

အခြားသူကို မနာလိုခြင်းက ကိုယ့်ကိုယ်ကို မီးလောင်တိုက်သွင်းနေပြီး
ကိုယ့်အရည်အသွေးကို ကိုယ်ကိုယ်တိုင် အဆင့်နိမ့်သတ်မှတ်လိုက်
ခြင်းပါပဲ။သူများကို မနာလိုဖြစ်မည့်အစား သူ့လို တိုးတက်အောင် ၊
သူ့လိုအောင်မြင်အောင် ကြိုးစားသင့်ပါတယ်။

လူတစ်ယောက်ကို မနာလိုတဲ့ စိတ် ဖြစ်နေသမျှ ကိုယ့်ရဲ့ တန်ဖိုးကြီးတဲ့
ပျော်ရွှင်မှူကို ကိုယ်ကိုယ်တိုင် မီးသင်္ဂြိုဟ်​ လိုက်သလို ဖြစ်နေတယ်ဆိုတာ
သတိထားစေချင်ပါတယ်။

တကယ်တော့….လူ့ သဘာဝ က ကိုယ့်ရဲ့စစ်မှန်တဲ့ ပျော်ရွှင်မှူတွေကို
ကိုယ်ကိုယ်တိုင် မရှာဖွေဘဲ အခြားသူကို အားကိုးနေပြီး ကိုယ့်ကိုယ်ထဲက virusနဲ့ တူသော” ခြ “အုံ တွေကိုမမြင်ဘဲ
ကိုယ့်ကိုယ်ကို နစ်မွန်းအောင် လုပ်နေတယ်ဆိုတာ မြင်အောင်
ကြည့်စေချင်ပါတယ်။

လူသားတိုင်း ပြုံးပျော်နိုင်ကြပါစေ…

 

Dr Shwe Tun pageမှကူးယူဖော်ပြသ