5
မှော်ဘီမြို့နယ်တွင် ယောက္ခမကို သမက်က ကတ် ကြေးဖြင့် ထိုးသတ်မှု ဖြစ်ပွားခဲ့ ကြောင်း သတင်းရရှိသည်။

မှော်ဘီမြို့နယ် လိပ္ပုတ်ရွာ တွင်နေထိုင်သည့် အသက် (၃၀) အရွယ်ဇော်ဝင်းဌေး (ခ) မောင်ပု သည် ဇူလိုင် ၁၇ ရက် ည ၉ နာရီ ခွဲခန့်က ယောက္ခမဖြစ်သူဦးဖိုး လှော်နှင့် စကားပြောနေစဉ် ဦးဖိုး လှော်က လင်မယားချင်းကွဲသည့် ကိစ္စပြောဆိုစဉ် စကားများကြ ကာ ဇော်ဝင်းဌေးက အရိုးအ သွား ၈ လက်မခန့်ရှိသည့် ကတ် ကြေးဖြင့်ထိုးကြောင်း ၎င်းကသိရ သည်။

ဇော်ဝင်းဌေးက ကတ်ကြေး ဖြင့်ထိုးသောကြောင့် ဦးဖိုးလှော် ၏ ဘယ်ဘက်ရင်ညွန့်တွင် ထိုးသွင်းဒဏ်ရာတစ်ချက် ရရှိခဲ့သဖြင့် ဆေးရုံသို့ပို့ဆောင်ရန် ပြုလုပ်စဉ် သေဆုံးခဲ့ကြောင်း မှော် ဘီမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကဆိုသည်။

ယောက္ခမကို ကတ်ကြေး ဖြင့်ထိုးသည့် ဇော်ဝင်းဌေးကို မှော်ဘီမြို့မရဲစခန်းက ရာဇသတ် ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့် ဖမ်း ဆီးစစ်ဆေးနေကြောင်း သိရ သည်။

 

Credit: 7daydaily