3

Kyaw Htet Aung

Myanmar idol ရဲ့ host တစ်ဦး အဖြစ်ပရိသတ်အားပေးမူရရှိလာတဲ့ ကျော်ထက်အောင်က ရုံတင်ထားတဲ့ သူငယ်ဇာတ်ကား မှာလည်း ပရိသတ်အားပေးမူရရှိခဲ့ပြန်ပါတယ်။ ကျော်ထက်အောင်က ဇာတ်ကား နဲ့ပတ်သတ်ပြီးတော့လည်း Myanmar Celebrities (Myanmar Cele Wiki) ကို အခုလိုပြောပြခဲ့ပါတယ်။

“ဇာတ်ကားက အောင်မြင်တာကြောင့် အရမ်းဝမ်းသာပါတယ်။ ပရိသတ်တွေလည်း ကြိုက်ကြတယ် ကြည့်ကြတယ်လို့ သိရတော့ကျေနပ်ပါတယ်။ ပထမဆုံးဇာတ်ကားပေမယ့် ပရိသတ်အားပေးမူများတော့ အရမ်းကိုလည်း အားတက်ရပါတယ် ” လို့ပြောပါတယ်။ လက်ရှိမှာလည်း ဇာတ်ကားတွေ ရိုက်ကူးနေတာကြောင့် ” ရုပ်ရှင်တွေ ရိုက်ဖြစ်တယ် ရိုတ်ထားတာတွေလည်း ရှိတယ်။ တစ်ကားထက်တစ်ကားတော့ ပိုပြီး အဆင်ပြေလာမယ်လို့ ကျွန်တော့်ကိုယ် ကျွန်တော်ထင်ပါတယ်။ အားလုံးကလည်း ပြောကြဆိုကြသင်ပေးကြဆိုတော့ သရုပ်ဆောင်ပိုင်း နဲ့ပတ်သတ်လို့လည်း အရင်ကထက် ပိုပြီးတော့ နားလည်လာပါပြီ ” လို့ ပြောပါတယ်။ ဒါရိုတ်တာဝိုင်း နဲ့ ရိုတ်ထားတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သတ်ပြီးတော့လည်း ” ရိုတ်ပြီးသွားပြီ ကိုဝိုင်းနဲ့ ရိုက်ရတာဆိုတော့ ပညာတွေလည်း အများကြီးရပါတယ်။ ကိုဝိုင်းကလည်းသူ လိုချင်တာကို မရရအောင်ဆွဲခေါ် သွား နိုင်တယ် သူလိုချင်တာ မရမချင်းပြန်သင်ပေးတယ် ကြိုးတော့ကြိုးစားထားပါတယ် စိုးရိမ်စိတ်တော့နည်းနည်းရှိပါတယ် ” လို့ပြောပါတယ်။

Credit : ရန်ပိုင်စိုး (Myanmar Celebrities)