ဇာတ်ကောင်တွေကို အသက်ဝင်ဆုံးဖြစ်အောင် ဖန်တီးနိုင်ခဲ့သူတွေပါ။

နာမည်ကျော် ကိုရီးယားဇာတ်လမ်းတွဲနှစ်ခုဖြစ်တဲ့ Descendants of the Sun နဲ့ Goblin တို့ကို ရေးသားသူက တစ်ဦးတည်းဆိုတာကို သိကြရဲ့လား။ Duwun ပရိသတ်တွေထဲက ကိုရီးယားဇာတ်လမ်းတွဲ ချစ်သူတွေအတွက် ဇာတ်ကားကောင်းတွေရဲ့ ဖန်တီးရှင်တွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ကင်အန်ဆွတ် (Kim Eun Sook)

5
ကင်အန်ဆွတ်ဟာ ၂၀၀၃ ခုနှစ်ကတည်းက ဇာတ်ညွှန်းတွေ ရေးသားခဲ့တာပါ။ ၂၀၀၄ ခုနှစ်မှာ Lovers In Paris ဇာတ်လမ်းတွဲကို ရေးသားပြီးနောက်မှာတော့ သူမ နာမည်ကြီးလာခဲ့ပါတယ်။ Lovers In Paris ဇာတ်လမ်းတွဲဟာ ပြည်တွင်းမှာရော ပြည်ပမှာပါ အောင်မြင်ခဲံပါတယ်။ ကင်အန်ဆွတ်ဟာ နာမည်ကြီးဇာတ်လမ်းတွဲတွေ ဖြစ်တဲ့ The Heirs, Descendants of the Sun နဲ့ Goblin တို့ကိုလည်း ရေးသားခဲ့သူ ဖြစ်ပါတယ်။
၂။ နိုဟီကျောင်း (Noh Hee Kyung)

7
နိုဟီကျောင်းကတော့ ၅၃ ကြိမ်မြောက် Baeksang Arts Awards မှာ အကောင်းဆုံး ဒရာမာဇာတ်လမ်းတွဲဆု ရခဲ့တဲ့ Dear My Friends ကို ရေးသားခဲ့သူဖြစ်ပါတယ်။ သူမကိုယ်တိုင်လည်း အကောင်းဆုံး ဇာတ်ညွှန်းဆုကို ရရှီခဲံပါတယ်။ ဒါ့အပြင် သူမဟာ t’s Okay That’s Love နဲ့ That Winter the Wind Blows တို့လို ဇာတ်လမ်းတွဲတွေလည်း ရေးသားခဲ့ပါတယ်။
၃။ ပါ့ခ်ဂျီအန် (Park Ji Eun)

7
ပါ့ခ်ဂျီအန်ဟာ ၂၀၁၄ ခုနှစ်မှာ My Love From the Stars ဇာတ်လမ်းတွဲကို ရေးသားခဲ့ပြီးနောက် နာမည်ကြီးလာသူပါ။ The Producers နဲ့ The Legend of the Blue Sea ဇာတ်လမ်းတွဲတွေကိုလည်း သူမပဲ ရေးသားခဲ့ပါတယ်။
၎။ ဟွန်ညီအစ်မ (Hong Sisters)

4
ဟွန်ဂျန်အန်နဲ့ ဟွန်မီရန်ဆိုတဲ့ ညီအစ်မနှစ်ယောက် အတူရေးသားတာပါ။ သူတို့နှစ်ဦးရဲ့ နာမည်ကြီး ဇာတ်လမ်းတွတြွေထဲမှာ Master’s Sun နဲ့ Warm and Cozy ဇာတ်လမ်းတွဲတို့လည်း ပါဝင်ပါတယ်။
၅။ ဆွန်ဂျီနာ (Song Ji Na)

3
ဆွန်ဂျီနာကတော့ မကြာခင်ပြသတော့မယ့် သမိုင်းဝင်ဇာတ်လမ်းတွဲ The King in Love ကို ရေးသားသူပါ။ Healer, Faith and The Legend ဇာတ်လမ်းတွဲကိုလည်း သူမပဲ ရေးသားခဲ့တာ ဖြစ်ပါတယ်။
ှSource : Ilovekstars

Credit : Duwun