– ခရီးသွားလုပ်ငန်း ၀ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Wego က ကမ္ဘာပေါ်မှာ အများပြည်သူ ရုံးပိတ်ရက် အများဆုံးနိုင်ငံတွေကို စာရင်းကောက်ရာမှာ အိန္ဒိယနိုင်ငံက တစ်နှစ်ကို ပိတ်ရက် ၂၁ ရက်နဲ့ ထိပ်ဆုံးမှာ ရှိနေပါတယ်။

ဒုတိယနေရာမှာ ကိုလံဘီယာ နဲ့ ဖိလစ်ပိုင်တို့က ၁၈ ရက်စီနဲ့ ရှိနေပြီး၊ တရုတ်နဲ့ ဟောင်ကောင်တို့က ၁၇ ရက်နဲ့ တတိယနေရာမှာ ရှိနေပါတယ်။

Wego မားကတ်တင်းအကြီးအကဲ ဂျိုအာချင်း ဟိုလ်တီက တရုတ်နိုင်ငံ ဟာ ကမ္ဘာပေါ်မှာ ခရီးသွားလာမှုနယ်ပယ်မှာ အမြန်ဆုံးတိုးတက်လာတဲ့ နိုင်ငံဖြစ်ရုံသာမက အလုပ်သမားတွေအတွက် ပိတ်ရက်ရှည်ရှည်ပေးပြီး ပိတ်ရက်တွေဟာ စနေ၊ တနင်္ဂနွေနေ့နဲ့ တိုက်မယ်ဆိုရင်တော့ အစိုးရက ကြားရက်တွေမှာ အစားထိုး ပိတ်ပေး
တယ်လို့ ဆိုပါတယ်။

“ဒီနှစ်မှာ တရုတ်ရဲ့ ရုံးပိတ်မယ့်ရက် ၁၇ ခုအတွက် ၂၈ ရက် ပိတ်မှာဖြစ်ပြီး ထိုမ်ဝမ် က ပိတ်ရက် ၁၃ ခုအတွက် ၂၉ ရက် ပိတ်မှာဖြစ်ပါတယ်”

ကမ္ဘာပေါ်က အများပြည်သူ ရုံးပိတ်ရက် အနည်းဆုံးနိုင်ငံက တောင်အမေရိကတိုက်က မက္ကဆီကိုနိုင်ငံဖြစ်ပြီး ၇ ရက်သာ ရှိပါတယ်။ ဒါပေမယ့် အစိုးရအနေနဲ့ အလုပ်သမားတွေရဲ့ တစ်ဦးချင်း လိုအပ်ချက်အရ ခြွင်းချက်အနေနဲ့ အားလပ်ရက် ပေးထားပါတယ်။

အာရှမှာ ယူအေအီးက အများပြည်သူရုံးပိတ်ရက် ၁၁ ရက်ရှိပြီး အခြား အာရှနိုင်ငံတွေထက်စာရင် နည်းနေပါတယ်။

“ဖိလစ်ပိုင်ရဲ့ အများပြည်သူ ရုံးပိတ်ရက် ဟာ ၁၈ ရက်ဖြစ်ပြီး မယူမနေရ အားလပ်ရက် ၅ ရက် ထည့်ပေါင်းမယ်ဆိုရင် များသွားမှာပါ။ သြစတေးလျအလုပ်သမားတွေကတော့ နေတဲ့ပြည်နယ်အလိုက် ၁၀ ရက်ဝန်းကျင်လောက် ရုံးပိတ်ရက်ရပြီး တစ်နှစ်လုံးအတွက်တွက်မယ်ဆိုရင်တော့ ရက် ၂၀ လောက် ရှိမှာဖြစ်ပါတယ်” လို့ Wego က ပြောကြားခဲ့ပါတယ်။

Wego ရဲ့ ဒီစာရင်းမှာ မြန်မာနိုင်ငံ မပါဝင်ပေမယ့် မြန်မာနိုင်ငံ ရဲ့ တရားဝင် ရုံးပိတ်ရက် ဟာ တနှစ်ကို ၂၆ ရက်ရှိနေပြီး ကမ္ဘာ့နိုင်ငံတွေနဲ့တွက်ရင် အများဆုံးလို့ ပြောလို့ရပါတယ်။ NLD အစိုးရ ဟာ ယခင် သင်္ကြန်ပိတ်ရက် ၁၀ ရက်ကို အခုနှစ်ကစလို့ ၅ ရက်သာ သတ်မှတ်ခဲ့ပြီး ဒီ ၅ ရက်အစားကို သီတင်းကျွတ်၊ တန်ဆောင်တိုင်၊ နိုင်ငံတကာ နှစ်သစ်ကိုးရုံးပိတ်ရက်တွေမှာ တိုးမြှင့်သတ်မှတ်ခဲ့ပါတယ်။

ကမ္ဘာ့ရုံးပိတ်ရက်အများဆုံး ၁၀ နိုင်ငံစာရင်းက အောက်ပါအတိုင်းဖြစ်ပါတယ်။

1. India1. IndiaNumber of holidays: 21
2. Colombia, PhilippinesNumber of holidays: 18
3. China, Hong KongNumber of holidays: 21
4. Thailand, Turkey, PakistanNumber of holidays: 16
5. Japan, Malaysia, Argentina, Lithuania, Vietnam, SwedenNumber of holidays: 15
6. Indonesia, Chile, SlovakiaNumber of holidays: 14
7. South Korea, Austria, Belgium, Norway, TaiwanNumber of holidays: 13
8. Finland, RussiaNumber of holidays: 12
9. Singapore, China, Canada, Italy, Denmark, France, UAE, Morocco, Czech Republic,

 

Ref: gulfbusiness
Credit : Mmedia