မိန်းကလေးတွေရဲ့ အားပေးမှု အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် ပိုင်တံခွန်ကတော့ သူစိတ်ဝင်စားတဲ့ မိန်းကလေး ပုံစံက တော့ ရှိပြီးသားလို့ ဆိုပါတယ်။ ရည်းစားထားပြီဆိုတာနဲ့ ကိုယ့်ချစ်သူအတွက် အချိန်ပေးရမှာဖြစ်ပေမယ့် သူ့ကတော့ လက်ရှိမှာ အနုပညာအလုပ်တွေက များနေတာကြောင့် ချစ်သူပေါ် တာဝန်မကျေတာမျိုး ဖြစ်မှာစိုးပါတယ်တဲ့အတွက် ချစ်သူ မထားသေးဘူးလို့ ဆိုပါတယ်။

ချစ်သူ အတွက် ပေးရမယ့် အချိန်ကို မပေးနိုင်သေးတဲ့အတွက် ချစ်သူ တာဝန်မကျေသေးဘူးလို့ပြောလို့ရကြောင်း ပိုင်တံခွန်ကတော့ Myanmar Celebrity အင်တာဗျူးမှာ ဖြေဆိုပေးထားပါတယ်။
အရင်ကတော့ ရည်းစားတွေ အများကြီး ထားခဲ့ဖူးတဲ့ ပိုင်တံခွန်ကတော့ ချစ်သူ ကိုတော့ မထားခဲ့ဖူးပါဘူးတဲ့။ လက်ရှိမှာ အနုပညာအလုပ်လေးတွေနဲ့ပဲ ဖြတ်သန်းဖြစ်မယ့် ပိုင်တံခွန်ကတော့ ဆိုပါတယ်။

မော်ဒယ်ပိုင်း မှာကော သရုပ်ဆောင်ပိုင်း ကိုပါ ဆက်တိုက် လုပ်လာခဲ့ ပိုင်တံခွန် ကတော့ ပရိသတ် တွေအတွက် သရုပ်ဆောင် တဲ့ မော်ဒယ် မင်းသား တစ်ယောက်ဖြစ်ချင်တယ်လို့ ပြောဖူးသူလည်း ဖြစ်ပါတယ်။
သူ့ရဲ့ အနုပညာ တွေကိုလည်း ရှေ့ဆက်ပြီး ချပြသွားဖို့ ရှိပါတယ်တဲ့။ပရိသတ်တွေရဲ့ ဝေဖန်အားပေးမှုကို အမြဲတမ်း တောင့်တနေပါတယ် လို့ ပိုင်တံခွန် က ဆိုပါတယ်။မကြာသေးခင်က သူ့သီဆိုထားတဲ့ “မေရယ်” ဆိုတဲ့ သီချင်း ကလည်း ပရိသတ်အားပေးမှု ရရှိလိုက်တဲ့ သီချင်း တစ်ပုဒ်လည်း ဖြစ်ပါတယ်။
Photo : ပိုင်တံခွန် ဖေ့စ်ဘွတ်
Credit : Duwun