Homeless

သူတောင်းစား တစ်ယောက်ရှိတယ်… သူ့ရဲ့ ဘယ်ဖက်လက် တစ်ဖက်လုံး ပြတ်ထားရှာတယ်… ကြည့်လိုက်ရင် တော်တော်လေးကို သနားဖို့ကောင်းပြီး လူတော်တော်များများကလဲ သူ့ကို ဆိုရင် စွန့်ကြဲပေးကမ်းလေ့ရှိတယ်…တစ်နေ့မှာ သူဟာ အိမ်လေးတစ်အိမ်ဆီကိုရောက်လာပြီး တောင်းရမ်းတယ်… အိမ်ရှင်မ က သူ့ကို အိမ်ရှေ့က အုတ်ခဲ တွေကို အိမ်နောက်ဖေး ကို အရင်ပြောင်းပေးဖို့ပြောလိုက်တယ်…

သူတောင်းစား  ဟာ စိတ်တိုပြီး အိမ်ရှင်မကို ပြောတယ်… “ကျနော် လက်တစ်ဖက်ပြတ်နေတာကို ခင်ဗျား မြင်ရက်သားနဲ့ ကျနော့ကို ဒီလို လုပ်ခိုင်းနေတာ ခင်ဗျားနောက်နေတာလား?”
မထင်မှတ်ထားတာက အိမ်ရှင်မဟာ အုတ်ပုံရှေ့မှာ ထိုင်ချလိုက်ပြီး လက်တစ်ဖက်တည်းနဲ့ အုတ်တုံးတစ်တုံးကို မ ပြလိုက်ပြီး အိမ်နောက်ဖေး ကို သွားပြီး အိမ်ရှေ့ပြန်လာခဲ့တယ်… ပြီးတော့ သူတောင်းစားကို ပြောလိုက်တယ်…

“ငါတောင် လက်တစ်ဖက် တည်း နဲ့ မ နိုင်တာ… နင် လက်တစ်ဖက် တည်း နဲ့မ မ နိုင်ဘူးလား?”
သူတောင်းစားကလဲ ဘာမှပြန်ပြောစရာမရှိတော့ဘဲ ခေါင်းကို ငုံ့ပြီး အုတ်တုံးတွေကို လက်တစ်ဖက်တည်းနဲ့ ဖြည်းဖြည်းချင်း သယ်ရွှေ့ပေးလိုက်တယ်… နှစ်နာရီ လုံးလုံး လုပ်ပြီး မှ အုတ် တွေ သယ်လို့ပြီး သွားတယ်… သူကတော့ ချွေးတွေရွှဲလို့…

အိမ်ရှင်မ ဟာ သူ့ကို ပုဝါ အဖြူတစ်ထည်ကမ်းပေးလိုက်တယ်… သူ မျက်နှာနဲ့ လည်ပင် တွေကို သုတ်လိုက်တော့ ပုဝါ အဖြူဟာ အမည်းပြောင်းသွားတယ်… အိမ်ရှင် မဟာ သူ့ကို ငွေ ၂၀၀၀ ကျပ်ပေးလိုက်တယ်… သူတောင်းစား ဟာ အိမ်ရှင်မ ကို ကျေးဇူးတင်ကြောင်း အကြိမ်ကြိမ် ပြောလိုက်တယ်…
အိမ်ရှင်မ က ပြန်ပြောလိုက်တယ်… “ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး… ဒါဟာ မင်းရဲ့ချွေး နဲ့ လဲလာခဲ့တဲ့ လုပ်အားခပါ…”

သူတောင်းစား  က ပြန်ပြောလိုက်တယ်… “ကျနော် ခင်ဗျား ကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး… ဒီ ပုဝါလေး ကို ကျနော့ အတွက် အမှတ်တရလေးဖြစ်အောင် ပေးပါ…”

နှစ်ပေါင်းများစွာ ကြာပြီး နောက်ပိုင်းမှာ အဲဒီ သူတောင်းစားဟာ အ၀တ်အစား သပ်သပ်ရပ်ရပ် နဲ့ အဲဒီအိမ်ရှေ့ကို ပြန်ရောက်လာခဲ့တယ်… အသက်ကြီးနေပြီဖြစ်တဲ့ အိမ်ရှင်မကြီး ကို မြင်တော့…
“ကျနော် အရင်တုန်းက သူတောင်းစားပါ… အခုတော့ ကုမ္ပ္ပဏီ တစ်ခုရဲ့ ဥက္ကဌ ဖြစ်နေပါပြီ… ခင်ဗျားဟာကျနော့ရဲ့ ပျောက်ဆုံးနေတဲ့ ဂုဏ်သိက္ခာကို ပြန်ရှာပေးခဲ့သူပါ… ကျနော့ ရဲ့ ယုံကြည်စိတ်ကို ပြန်လည် တည်ဆောင်ပေးခဲ့သူပါ… ခင်ဗျားသာ မရှိရင် ကျနော်ဟာ လေလွင့်နေဦးမှာ အမှန်ပါဘဲ…”

အိမ်ရှင်မ က ပြန်ပြောလိုက်တယ်… “ဒါတွေ အားလုံးဟာ မင်းကိုယ်တိုင် တည်ဆောက်ခဲ့တာတွေပါဘဲ…”

လက်တစ်ဖက် ကုမ္ပ္ပဏီ ဥက္ကဌ ဟာ အိမ်ရှင်မကြီး ကို အိမ်တစ်လုံး လက်ဆောင်ပေးဖို့ပြောတယ်… အိမ်ရှင်မကြီးက ငြင်းပယ်လိုက်ပါတယ်…
ဥက္ကဌကြီးက ဒါကို နားမလည်နိုင်ဘူး… အိမ်ရှင်မ က ရယ်ပြီး ပြောလိုက်တယ်… “ငါတို့ မိသားစု အားလုံးဟာ လက်တစ်စုံဆီ ရှိကြတယ်လေ…”
လူဆိုတာဟာ တန်ဖိုးရှိရှိ ရှင်သန်ဖို့ အရေးကြီးတယ်…
ကိုယ့်ကိုယ်ကို လေးစားသလို ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့ကိုယ်သိတဲ့လူတွေကိုလဲဂုဏ်သိက္ခာတက်လာအောင် လုပ်ပေးဖို့လိုတယ်… မသိတဲ့ လူတွေကိုလဲ လေးစားဖို့လိုတယ်…

ကိုယ့်ရဲ့ အလုပ် ကနေ ပျော်ရွှင်ခြင်း ဆိုတာကို ဖော်ထုတ်နိုင်မှလဲ ကိုယ့်ရဲ့ ဘ၀ ဟာ တန်ဖိုး ရှိလာမှာ ဖြစ်ပါတယ်…
ကိုယ်ကြိုက်နှစ်သက်တဲ့ အလုပ် ကို လုပ်တယ်… ငွေကြေးရရှိမှုက တခြားသူတွေလောက်မများပေမဲ့…
ပိုက်ဆံချမ်းသာပြီး ၀ိဥာဉ်ကင်းမဲ့နေတဲ့သူတွေထက်စာရင် ပိုပြီး တန်ဖိုးရှိပါလိမ့်မယ်…

မေတ္တာဖြင့်အရှင်စန္ဒာဝရ(တောင်တွင်း)
Credit to Zane