ခရီးသည် များ အဆင်းပေါက်တွင် တတ်ပြီး အတတ်ပေါက်တွင် ဆင်းကြပါတယ် Driver က မိုက်နဲ့အော်ပါတယ် ဆ ရာကြီးတို့ရေ နောက်ပေါက်က မတတ်ကြပါနဲ့ အန္တရယ်များလွန်းလို့ပါ မိုက်နဲ့ထပ်ခါထပ်ခါအော် ပါတယ် ဆရာကြီး များက မရပါတယ် ။

ဆင်းချင်းသလိုဆင်း တတ်ချင်သလိုတတ်ပါတယ် Driver က ကျွန်တော် ကို ထောင်ကျအောင်မလုပ်ကြပါနဲ့ဗျာ အဖွင့်အ ပိတ်နေရာမှာ မစီးပါနဲ့လို့ပြောနေပါသော်လည်း ခရီးသည် များကတော့ ခပ်တည်တည်နဲ့ပဲ အင်းလေ ဒီ ကား မှ မရ ရင်နော က်ကားက ဘယ်ချိန်မှန်းမှ မသိတာ။

ငွေထည့်ရန်ပုံး

ကားခ ထည့်ဖို့ ရှေ့ပေါက်တွင် တစ်ပုံး နောက်ပေါက်တွင် တစ်ပုံးပါရှိပါတယ် ခရီးသည် များ အဆင်ပြေတဲ့ပုံးထဲ ထည့်ပါ တယ် အချိ့က ၂၀၀ ထည့်ပါတယ် အချို့က ၁၀၀ ထည့်ပါတယ် အချို့ကလုံးဝ မထည့်ပါ အချို့က ဘယ်နား ကားခ ပေးရမှန်း မသိဘဲ ယောင်လည် ကားက ကျပ်လွန်းလို့ ဘယ်နားမှာရှိလည်းဆိုတာ မတွေ့ရပါ Driverက ပုံးထဲထည့်ရန် အဆင်မပြေရင် သူ့ကိုပေးပါလို့ နိုးဆော်ပါတယ် ။

သူဘေးက ထည့်စရာတစ်ခုမှာ အကြွေတွေထည့်ထားပါတယ် အကိုတို့အစ်မတို့ အဆင်ပြေသလိုသာ လဲကြပါတော့တဲ့ ကျွန်တော် လည်း ဒီလူအုပ်နဲ့ တစ်ယောက်တည်း တိုင်ပတ်နေပါပြီတဲ့ဗျာ အလကားတာ စီးသွားပါတော့တဲ့။

ခရီးသည် ကိုယ်တိုင် စပယ်ယာ

YBS 25 စီးတဲ့ ခရီးသည် အများစုဟာ အကိုတို့ နည်းနည်းလေး ဘေးကပ်ပါ အစ်မတို့ ရှေ့တိုးပါ အပေါက်ပိတ်မရပ်ပါနဲ့ ပိုက်ဆံထည့်တဲ့ ပုံးက ဟိုမှာ အကြွေရှိရင် ကျနော်ကိုပေးပါ ကျနော် တစ်ထောင်တန်ဖြစ်နေလို့ ကားဆရာရေ မှတ်တိုင်ပါ တယ် အဆင်းအတတ် လွတ်ပြီ ကားတံခါးပိတ်လို့ရပြီ စသည်ဖြင့် ကိုယ်တိုင် စပယ်ယာတာဝန်ယူကြပါတယ် ဒါနဲ့ကျနော် စပယ်ယာဝင်လုပ်ခဲ့သေးတယ်။

လက်ကိုင်တန်းနဲ့ ထိုင်ခုံ

YBS 25 ကားမှာ ခရီးသည်ခုံ ၄၉ ခုံ Driver ခုံက တစ်ခုံ အားလုံးပေါင်း ခုံ၅၀ပါပြီး ရှေ့ပေါက်နောက်ပေါက် နှစ်ပေါက် ပါဝင်တဲ့ကားဖြစ်တယ် ကိုင်စရာတန်းမှာ တစ်တန်းသာပါဝင်ပါတယ် ဒါကြောင့် ကျနော်တို့ ခရီးသည် တွေ ငွေပုံးကိုတွေ မနည်းတွဲကပ်ပြီးကိုင်ပါတယ် ကားအမိုးကို spider man ကဲ့သို့ လက်များဖြင့်ကိုင်ပါတယ် ။

ခုံများကိုလည်း ကိုင်ပါ ဟာသက ကားပေါ်တတ်ပြီး ဘယ်တန်းကိုင်ရမှန်း မသိတာ ရှိမှမရှိဘဲလေ ကားအူလမ်းမှာ အရမ်း ကျဉ်းပါတယ် ရှေ့ပေါက်က တတ်ပြီး နောက်ပေါက်က ဆင်းဖို့မနည်း တိုးရပါတယ် ဒါကြောင့်ခရီးသည်များ နီးစပ်ရာ အေ ပါက်မှာ တွဲကပ်နေကြတာပါ ဒါကြောင့်လည်း ကားက အလယ်တန်း နည်းနည်းချောင်ပြီး အဝတွေမှာတော့ တော်ေ တာ်ေ လးကို ကျပ်ပိတ်ပါတယ်။

CCTVနဲ့Bell

နောက်မှာ bell ထပ်ထားပါတယ် အလုပ်မလုပ်ပါ ဒါကြောင့်ခရီးသည်များ ဆင်းခါနီးပါတယ်လို့ Driver ကိုအော်ရပါတယ် စပါယ် အသံလောက် ဘယ်ကျယ်ပါ့မလည်းဗျာ အရမ်းအော်လို့ သူစိတ်ဆိုးပြီး မောင်းရင် ဟိုးတစ်နေ့ YBS 25 လို မြေ လူး အက ကသွားမှဖြင့်ခက်ပါဦးမယ် CCTV ကင်မရာက လေးလုံးတပ်ထားပါတယ် နောက်ဆင်းပေါက် မမြင်ရပါတဲ့ Driverက ပြောနေပါတယ် ကျနော် မမြင်ရလို့ နောက်ပေါက် ပိတ်လို့ရပြီလားလို့ ထပ်ထပ်ခါ အော်ပါတယ်။

ငါးမိနစ်တစ်စီး

YBS ၂၅ တွေကို ငါးမိနစ် တစ်စီးနဲ့ အစီး ၄၀ ကို အလှည့်ကြလွတ်ပါတယ်လို့ပြောပါတယ် ဒီကားတွေက DU မှာ ဂိတ် ထိုးတာပါ တကယ်တော့ လမ်းကြောင်းရှည်ပြေးတဲ့ ကားတွေဟာ အစီးရေဒီထပ် ပိုများရင် ခရီးသွား ပြည်သူတွေ အဆ င်ပြေလောက်ပါတယ် ခုဟာက မှတ်တိုင်တွေမှာ ခရီးသည်တွေ မနက်ပိုင်းဆို ပုံနေပါတယ် ဒါကြောင့် YBS တစ်စီးလာ တာနဲ့ အပြေးတတ်ကြရတာပါ အလုပ်နောက်ကျရင် လစာထဲကပဲ ဖြတ်ခံရမှာ မဟုတ်လား။

ညပိုင်းYBS 25

YBS 25 ဟာ အရင်တုန်းက အဓိပတိ အဝါလိုင်း ပြေးနေတဲ့ ကားပါ YBS မပြောင်းခင်ထိ ညပို်င်း ၉ နာရီ ၁၀ နာရီပြေးေ နကြကားတွေပါ အဲ့တုန်းကဆို စာသင်ပြီးချိန် လCoffee သောက်ပြီးမှ အေးဆေးပြန်နေကြပါ အခုတော့ မရတော့ဘူး အ ဓိပတိဝါက အရင်ကလည်း လမ်းတစ်ဝက်ကပြန်လှည့်တာတွေရှိပါတယ် အခု အသစ် YBS 25 က ည ၈ နာကျော်ရင်မ ရှိတော့ဘူး အလွန်ဆုံး ၈ ၃၀ လောက် တစ်စီးရဖူးတယ်။

 

ညဖက်ပြန်ချိန်တွေ တာမွေ သုဝဏ္ဏ မြောက်ဒဂုံလမ်းကြော မရှိဘူး အစကတော့ Taxi နဲ့ပြန်တယ် နောက်ပိုင်းတော့ လ မ်းကြောင်းပြောင်းလိုက်တယ် အခုလည်း ညပိုင်းပြန်နေတဲ့လူတွေဒုက္ခရောက်နေကြရတယ် ကျွန်တော်ကတော့ သဃ ကျွန်း လမ်းကြောင်းစီးပြီး ၂ ဆင့်ပြန်တယ် ဒါပေမယ့် ခုနောက်ပိုင်း ညပိုင်းပြန်ဆွဲပေးတယ်လို့ကြားရတယ် အဆင်ပြေ ပါ တယ် ဟိုးနေ့က YBS 25 ကို ၈ နာရီ ၃၀ ကျော် တစ်စီးရလို့ ဝမ်းသာပြီပြန်လာခဲ့တယ်။( ပြင်ဆင်ချက်)

စပါယ်ယာမဲ့ ကား၏ ကြာချိန်

မှတ်တိုင် အဝင်တိုင်း DRIVER က အဆင်းအတတ် အန္တရာယ် ရှိမရှိ ခရီးသည်များ အပေါက်မပိတ်ဖို့ ပိုက်ဆံထည့်ဖို့ ပြောနေရတဲ့ အတွက် မှတ်တိုင်တစ်တစ်တိုင်မှာ အနည်းဆုံး ၅ မိနစ်ကြာပါတယ်။

ဒီနေ့မနက် ကျွန်တော်ေ တာ့ ကားလည်းကျပ် အလုပ် လည်းနောက်ကျ လူလည်းပင်ပန်းသွားပြီ ကျေးဇူးပါ YBS ရယ်။

HHM
Source : goo.gl/Yeg79g