အာရှ ယူ-၂၃ ခြေစစ်ပွဲ စဉ်များကြောင့်လည်း ပြည်တွင်း ပွဲ စဉ်အချို့ကို ပြောင်းလဲ သတ်မှတ် ကစားခဲ့ရတယ်လို့လည်း သိရပါတယ်။

၂၀၁၇ခုနှစ် သြဂုတ်လ အတွင်း ကျင်းပပြုလုပ်မယ့် ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ များကြောင့် မလေးရှား ဘောလုံးအဖွဲ့ချုပ် ရဲ့ တောင်းဆိုမှုအရ FMLLP က ပြည်တွင်း အမှတ်ပေးပြိုင်ပွဲအချို့ကို ရက်ပြောင်းလဲ သတ်မှတ် လိုက် တယ်လို့ သိရ ပါတယ်။

မလေးရှား ပြည်တွင်း ပွဲစဉ်တစ်ခု မြင်ကွင်း

မူလက အောက်တိုဘာလ ၂၈ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် မလေးရှား ဖလား ဗိုလ်လုပွဲစဉ် ကို နိုဝင်ဘာလ ၄ ရက်နေ့ကို ပြောင်းလဲ သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အာရှ ယူ-၂၃ ခြေစစ်ပွဲစဉ်များကြောင့်လည်း ပြည်တွင်း ပွဲစဉ် အချို့ကို ပြောင်းလဲ သတ်မှတ် ကစားခဲ့ရတယ်လို့လည်း သိရပါတယ်။

လက်ရှိ အချိန်မှာတော့ မလေးရှားအသင်း ဟာ အာရှ ယူ-၂၃ ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီ ဖြစ်ပြီး ဆီးဂိမ်းပြိုင်ပွဲ အတွက်သာ လေ့ကျင့်ပြင် ဆင်လျက်ရှိနေကာ အခြားသော ပွဲစဉ် များဖြစ်တဲ့ စူပါလိဂ် ပွဲစဉ် (၂၁)ကို စက်တင်ဘာလ ၃၀ရက်နေ့မှ စက်တင် ဘာ လ ၂၇ ရက်နေ့ ကို လည်းကောင်း၊စူပါလိဂ် ပွဲစဉ် (၂၂)ကို အောက်တိုဘာလ ၂၁ ရက်နေ့မှ အောက်တိုဘာလ ၂၈ ရက်နေ့ကို လည်းကောင်း၊ မလေးရှား ဖလား ပွဲစဉ်(၆)ကို သြဂုတ်လ ၉ ရက်နေ့မှ စက်တင်ဘာလ ၉ ရက်နေ့ကိုလည်းကောင်း အသီးသီးပြောင်းလဲ သတ်မှတ် ကစား စေခဲ့တယ်လို့ သိရပါတယ်။

Credit : Duwun