story

အစာအိမ်သွေးယိုလို့ဆိုပြီး ကျွန်တော့်ကို ဆေးရုံကားနဲ့ ခေါ်သွားကြတယ်။ ကျွန်တော့်ရုပ်ခန္ဓာကိုယ်ကြီးဟာ ဆေးရုံကားပေါ်မှာစင်း စင်းကြီး လဲလျောင်းနေတယ်။ ဘေးမှာတော့ ကျွန်တော့်ဇနီးရှိနေ တယ်။ ၀န်ထမ်းတချို့ရှိနေတယ်။

ကျွန်တော့်ကိုဆေးရုံကြီး အ ရေးပေါ်လူနာဌာနကို သယ်သွား ကြတယ်။ ဆရာဝန်၊ ဆရာမတွေ ပျာယာခတ်နေကြတယ်။ ပြီး တော့ ကျွန်တော့်ရုပ်ခန္ဓာကိုယ်ကြီး ကို ခွဲစိတ်ခန်းထဲသွင်းသွားကြ တယ်။ ကျွန်တော်ကတော့ သူတို့ လှုပ်ရှားသွားလာနေတာတွေကို အားလုံးပဲ မြင်တွေ့နေရတယ်။ ရုပ်နဲ့နာမ်နဲ့ သီးခြားစီဖြစ်နေတယ် ထင်တာပဲ။ ဘာပဲပြောပြော ကျွန် တော့်ရုပ်ခန္ဓာကိုယ်ကြီးကို သူတို့ ခွဲစိတ်ကြဖို့ လုပ်နေတာတွေကို အတိုင်းသား မြင်နေရတာတော့ အမှန်ပဲ။

 

အဲဒီအချိန်မှာ မထင်မှတ်ဘဲ ရုပ်ဆိုးဆိုး၊ ခပ်ကြမ်းကြမ်း လူမည်း ကြီးနှစ်ဦးက ကျွန်တော့်ကို ဆွဲခေါ် သွားကြတယ်။ သိပ်မြန်လွန်းတဲ့ အရှိန်နဲ့ လိုဏ်ခေါင်းကြီးတစ်ခုကို ဖြတ်သွားနေရတယ်။ ဘယ် လောက်မြန်တဲ့ အရှိန်နှုန်းလဲလို့ မေးလာခဲ့ရင်တောင် ပြောဖို့ခက် တယ်။ လျှပ်စီးလက်တာထက် တောင်မှ မြန်သေးတယ်။

လိုဏ်ခေါင်းကိုဖြတ်ကျော် ပြီးတဲ့နောက် ကျယ်ပြန်တဲ့လယ် ကွင်းပြင်ကြီးထဲကို ရောက်သွား တယ်။ အဲဒီလယ်ကွင်းပြင်ကြီးထဲ မှာ စပါးပင်တွေ၊ ဂျုံပင်တွေအ စား လူပင်တွေကို တွေ့နေရတယ်။ တချို့လူတွေက မြေကြီးထဲမှာ ခေါင်းပေါ်ရုံလောက်မြုပ်နေကြ တယ်။ တချို့ကအော်ဟစ်နေကြ တယ်။ ငရဲပွက်တယ်ဆိုတာ ဒီလိုမြင်ကွင်းမျိုး ဖြစ်လေမလား မသိဘူး။ အော်ဟစ်ငိုယိုသံတွေက နားမခံနိုင်လောက်အောင် ထိတ် လန့်ဖွယ်ကောင်းနေတယ်။

အဲဒီလယ်ကွင်းပြင်ထဲမှာ ပေါက်နေတဲ့ လူတွေအပေါ်မှာ တော့ စပါးရိတ်စက်ကြီးတစ်စီး ကို တွေ့ရတယ်။ စက်မောင်းတဲ့ ပုဂ္ဂိုလ်ကြီးက တကယ့်လူ့ဘီလူး ကြီးအတိုင်းပဲ။ ကြမ်းတမ်းလိုက် တဲ့ဖြစ်ခြင်း၊ ပါးစပ်ကလည်း အော်ဟစ်ကြိမ်းမောင်းနေသေး တယ်။

‘‘လူ့ပြည်မှာတုန်းက တောင် သူလယ်သမားတွေရဲ့ မြေတွေကို အဓမ္မသိမ်းတုန်းကတော့ မင်းတို့ မျက်နှာတွေက ပြောင်လို့၊ ၀င်းလို့။ ဘာအခုမှ ကြောက်နေကြတာလဲ၊ လုပ်ရဲရင် ခံရဲရတယ်ကွ’’

စပါးရိတ်စက်ပေါ်က လူ့ဘီ လူးကြီးဟာ အော်လည်းအော်၊စက်လည်းမောင်းရင်း တဖြည်းဖြည်း ရိတ်သွားလိုက်တာ ကြည့်ရဲစရာတောင် မရှိဘူး။ ခေါင်းတွေပြတ်ပြီးပါသွားတာတွေ၊ ကိုယ်တွေပြတ်ပြီး ပါသွားတာတွေ၊ လက်တွေပြတ်ပြီး ပါသွားတာ တွေ၊ သွေးအလိမ်းလိမ်းနဲ့ ခန္ဓာကိုယ်အပိုင်းပိုင်း အပြတ်ပြတ်တွေဟာ စပါးရိတ်စက်(လူရိတ်စက်) အပေါ်ကိုပါသွားတယ်။

နောက်ခန်းမှာတော့ အဲဒီ ခေါင်းပြတ်တွေက မျက်လုံးတ ခြား၊ သွားတခြား၊ ခေါင်းခွံတခြား ဖြစ်ကုန်ပြီ။ အကန့်လိုက် ခွဲခြား ပြီးသား ဖြစ်နေကြတယ်။ အဲဒီလို ပဲ လက်တွေ၊ ခြေတွေကလည်း အသားတခြား အရိုးတခြား ဖြစ် ကုန်တယ်။

သီးခြားစီထွက်လာတဲ့ မျက် စိ၊ အရိုး၊ အသား၊ ခေါင်းခွံတွေ ကို နောက်မှာ လိုက်လာတဲ့ ငရဲ ခွေးတွေက မြိန်ရေရှက်ရေ စား သောက်ပစ်လိုက်ကြတယ်။ ကျွန် တော်ဖြင့် ကြည့်ရင်း ကြည့်ရင်း ကြောက်လွန်းလို့ မျက်စိတောင် မှိတ်လိုက်မိတယ်။

အဲဒီလယ်ကွင်းတွေကို ဖြတ် ကျော်ပြီးတဲ့နောက် ကျွန်တော့်ကို လူကြမ်းကြီး နှစ်ယောက်က နောက်တစ်နေရာကိုခေါ်သွား ပြန်တယ်။ အဲဒီနေရာကတော့ ကြီးကျယ်ခမ်းနားလွန်းတဲ့ စက်ရုံအဆောက်အအုံကြီး ဖြစ်နေတယ်။စက်ရုံကြီးထဲမှာ သံရည်ကျိုစက်တွေ၊ ဘိလပ်မြေဖျော်စက်တွေ၊ လွှစက်တွေ တွေ့နေရတယ်။

သံရည်ကျိုစက်နား ရောက် တော့ သံရည်ပူတွေက ပွက်ပွက် ဆူနေတယ်။ အဲဒီသံရည်ပူတွေကို ငရဲသားကြီးတစ်ယောက်က ခွက် ကြီးနဲ့ ခပ်ပြီး ငရဲသားတစ်ယောက် ရဲ့ ပါးစပ်ထဲကို လောင်းထည့်နေ တာ မြင်လိုက်ရတယ်။ သံရည်ပူ အလောင်းခံရတဲ့ ငရဲသားက ပူ လွန်းလို့ အော်လိုက်တာများ ကမ္ဘာပျက်သလား အောက်မေ့ရပါ တယ်။ မသောက်ချင်လို့ ထွေး ထုတ်ရင် ခေါင်းကို ပြုတ်တူကြီး တွေနဲ့ ညှပ်၊ ပါးစပ်ကို အတင်းဖြဲ၊ ပြီးမှ သံရည်ပူတွေကို ပါးစပ်ထဲ လောင်းထည့်လိုက်ကြတယ်။ မြင်ရတဲ့ မြင်ကွင်းက သွေးပျက်စရာပါ။

နောက်တစ်ခန်းကို ရောက် လို့ကြည့်လိုက်ပြန်တော့ ကျောက် ခဲတွေကို ကြိတ်နေတဲ့စက်တွေကို တဂျုံးဂျုံးနဲ့ ဆူညံနေတဲ့ စက်သံ တွေနဲ့အတူ အော်ဟစ်နေတဲ့ ငရဲ သားတွေကို တွေ့ရပြန်တယ်။ ကြေမွသွားတဲ့ ကျောက်မှုန့်တွေကို ဘိလပ်မြေ ဖျော်စက်တွေထဲ ထည့်၊ နောက်ပြီး ငရဲသားရဲ့ ပါး စပ်ထဲကို ဖြဲဖြဲပြီး ထည့်နေလိုက် တာများ ကြည့်ရဲစရာတောင် မရှိ ဘူး။ ပါးစပ်ထဲမှာ ပလုတ်ပလောင်း ဖြစ်နေရင် သံရည်ပူရည်တွေနဲ့ မျှောချခိုင်းနေပြန်တယ်။ လူ့ပြည်မှာ စားပိုးနင့်နေတဲ့ လူတွေကိုတွေ့ ဖူးပါရဲ့။ အဲဒီလောက်ကြီး မဆိုး ဘူး။ အခုများဖြင့် ငရဲဆိုတာ တကယ်ကြောက်စရာ ကောင်းပါ လားလို့ တွေးမိပြီး အသွေးထဲ၊ အ သားထဲကတောင် စိမ့်ပြီးကြောက် လာတယ်။

ခံနေရတဲ့ ငရဲသားကတော့ ကျောက်မှုန့်တွေကို စားလိုက်၊ သံရည်ပူတွေနဲ့ မျှောချလိုက်၊ နောက်တစ်ခါထပ်ပြီး စားလိုက်၊ သံရည် ပူတွေနဲ့ မျှောချလိုက်နဲ့ နှစ်ပေါင်း ဘယ်လောက် ခံနေရဦးမလဲ မသိ ဘူး။ ကျွန်တော်ဖြင့် သူတို့ငရဲခံ နေရပုံတွေကို မြင်ပြီး ကြက်သီး တဖြန်းဖြန်း ထလာတယ်။

လူကြမ်းကြီး နှစ်ဦးက ကျွန် တော့်ကို နောက်တစ်နေရာဆီ ထပ် ပြီးခေါ်သွားပြန်တယ်။ အဲဒီနေ ရာက သစ်ခွဲစက်ဖြစ်နေတယ်။ ဒီ ငရဲပြည်မှာတော့ သစ်မရှိဘူး။ လူတွေကိုပဲ ခွဲနေကြတယ်။ လွှ စင်ပေါ်ကို လူတွေတစ်ယောက်ပြီး တစ်ယောက် တင်လိုက်တယ်။ ပြီးတော့ ရိုလာနဲ့ဆွဲယူသွားပြီး လွှ ၀ိုင်းကြီးတွေထဲကို ထိုးသွင်းလိုက် တယ်။ ခေါင်းဟာနှစ်ခြမ်းဖြစ်သွား တယ်။ လက်တွေ၊ ခြေတွေ နှစ် ခြမ်းဖြစ်သွားတယ်။ အဲဒီလူနှစ် ခြမ်းပိုင်းကို ဖြတ်စက်နဲ့ ဖြတ်လိုက် ကြတယ်။ အသားတစ်တွေ၊ အရိုး တွေ တစ်စစီဖြစ်သွားတယ်။ ပြီး တော့ အနားမှာရှိတဲ့ ခွေးနက်ကြီး တွေကို ပစ်ကျွေးလိုက်ကြတယ်။ ခွေးနက်ကြီးတွေကလည်း တစ် ကောင်နဲ့တစ်ကောင် လုနေစရာ တောင် မလိုဘူး။ ငရဲသားတွေရဲ့ အသားတွေက ပိုလျှံလို့တောင်နေသေးတယ်။

ကြီးကြပ်ရေးမှူးလို့ ထင်ရ တဲ့ ငရဲသားကြီးရဲ့ ပါးစပ်က မြည် တွန်တောက်တီးနေသံတွေကို ကြားလိုက်ရတယ်။

‘‘မင်းတို့တစ်တွေ လူ့ပြည်မှာ တုံးက ကုမ္ပဏီတွေထောင်၊ ကန် ထရိုက်လုပ်ငန်းတွေကို နားလည် မှုနဲ့ယူ၊ ပြည်သူ ပြည်သားတွေ ဘာဖြစ်ဖြစ် ကိုယ်အမြတ်ရဖို့ပဲ ကြည့်ခဲ့ကြတာလေ။ စားရတော့တစ်လုတ်တစ်ဆုပ်၊ မိသားစုဝမ်းဝဖို့အရေး၊ ဆွေတွေ မျိုးတွေ ၀မ်းဝ ဖို့အရေး ကိုယ်ကငရဲကျခံပြီး လုပ် ခဲ့ကြတာ။ အခုတော့ မင်းတို့လုပ် ခဲ့တာနဲ့စာရင် နည်းတောင်နည်း သေးတယ်လို့ အောက်မေ့ရမှာ ပါ’’တဲ့။

ကျွန်တော်လည်း သူ့အသံ မကြားချင်တော့တာနဲ့ ထွက်လာ ခဲ့တယ်။ ကျွန်တော့်ဘေးမှာတော့ လူကြမ်းကြီးနှစ်ယောက်က ကပ်ပါလာနေတယ်။ အဲဒီလူကြမ်းကြီး နှစ်ယောက်ကပဲ ကျွန်တော့်ကို နောက်တစ်နေရာခေါ်ပြပြန်တယ်။

သူတို့ခေါ်ပြတဲ့နေရာက ကွင်းပြင်တစ်ခု။ ဘာမှမရှိဘူးလို့ ထင်ရတယ်။ ကျွန်တော်ကြည့်နေ ရင်း ကြည့်နေရင်းနဲ့ တဖြည်းဖြည်း ရုပ်လုံးတွေ ပေါ်လာတယ်။ ပထမ ကြည့်နေတုန်းကတော့ ကွင်းပြင် ကြီးပါပဲ။ ဘာဆိုဘာမှမရှိဘူး။ နောက်တော့မှ တဖြည်းဖြည်းလူ ပင်တွေ ပေါက်ပေါက်လာတယ်။ အဲဒီလူပင်တွေဟာ ဘယ်လောက် တောင်မှ ကြီးကြီးလာသလဲဆိုရင် ကျွန်တော့်မျက်စိတစ်ဆုံး မော့ တောင်ကြည့်နေရတယ်။

အဲဒီလူပင် မြင့်မြင့်ကြီးတွေ မှာ ဆူးခက်တွေကိုလည်း တွေ့ရ တယ်။ ဆူးခက်တွေက ရိုးရိုးအ သားဆူးတွေ မဟုတ်ဘူး။ သံချွန်၊ သံခက်တွေ ထိုးထွက်လာတာ။ သီးတဲ့အသီးတွေကလည်း လူ ခေါင်းတွေဖြစ်နေတယ်။ အဲဒီလူ ခေါင်းသီးတွေ ကြည့်လိုက်တော့ ကိုယ်သိတဲ့လူတွေ ပါသလို ကိုယ်မြင်ဘူးတဲ့သူတွေလည်း ဖြစ်နေတယ်။ တချို့လူတွေကိုတော့ တီဗီထဲမှာ တွေ့ဖူးခဲ့သလို တချို့ကိုတော့ သတင်းစာတွေ၊ ဂျာနယ်တွေထဲ မှာ တွေ့ခဲ့ဖူးတယ်။ အခုအဲဒီ ပုဂ္ဂိုလ်တွေဟာ ဒီလူပင်ကြီးမှာ လူ သီးတွေအဖြစ် သီးနေကြတယ်။

မကြာခင်မှာ အဲဒီလူခေါင်း သီးတွေကို ငှက်ကြီးတွေက ထိုး သုတ်ချီသွားတာကို တွေ့လိုက်ရ တယ်။ ပြီးတော့ တောင်ပေါ်မှာ သွားပြီး ထိုးဆိတ်စားသောက်နေ ကြတာကို တွေ့လိုက်ရတယ်။ ငှက်ကြီးတွေဟာ စားလို့ သောက် လို့ပြီးရင် နောက်တစ်ခေါက်ပြန် လာပြီး အဲဒီလူခေါင်းသီးတွေကို ထိုးသုတ်သွားကြပြန်တယ်။ ဒီလို နဲ့ လူခေါင်းသီးပင်ကြီးမှာ ငှက် ကြီးတွေဟာ ‘လက်ပံပင်ဆက် ရက်ကျသလို’ဆူညံနေတော့တယ်။

‘‘ဒီလူတွေက ဘာဖြစ်တာလဲ ဗျ’’လို့ ကျွန်တော့်ဘေးက လူကြမ်းကြီးနှစ်ယောက်ကို မေးကြည့် တော့ ‘‘ဒီလူတွေက စီမံကိန်းအ ကြောင်းပြပြီး မြေတွေသိမ်းခဲ့ တယ်လေ။ သိမ်းဆည်းခဲ့တဲ့ မြေတွေမှာ ဘာစိုက်မယ်၊ ညာစိုက် မယ်ဆိုပြီး အမှန်တကယ်မစိုက်ဘဲ လိမ်ခဲ့ကြ တဲ့သူတွေပဲ။ တောင်သူလယ်သမားတွေရဲ့ မြေတွေကို မတရားသိမ်းပြီး တကယ်လည်း လုပ်ငန်းအကောင်အထည် မဖော် ခဲ့ကြဘူး။ တောင်သူလယ်သမား တွေမှာသာ ကိုယ့်လယ်၊ ကိုယ့် ယာအသိမ်းခံလိုက်ရပြီး ဘ၀တွေ ပျက်သွားကြရရှာတာ။ တချို့ဆို လယ်သိမ်းခံဘ၀မှာ လုပ်စားစရာ မြေမရှိတော့လို့ ညဥ့်ငှက်ဘ၀ကို ရောက်သွားကြရရှာတယ်။ အခု အဲဒီအကုသိုလ်အတွက် ပြန်ပြီး ပေးဆပ်နေကြရတာလေ’’တဲ့။

‘‘ဘုရား၊ ဘုရား’’လို့ ကျွန် တော်ဘုရားတလိုက်မိပါတယ်။ ‘၀ဋ်မှာအမြဲ ငရဲမှာအပ’ဆိုသလို ကိုယ့်ကုသိုလ် ကံကောင်းရင် တော့ ငရဲကလွတ်နိုင်ပါသေး တယ်။ ကိုယ့်ရဲ့အကုသိုလ်က အားကြီးလွန်းနေတော့ ငရဲကဘယ်လို မှ မလွတ်နိုင်ကြဘူး။ ကိုယ်ပြုခဲ့တဲ့ အကုသိုလ်ကံက ကိုယ့်ဘ၀ကိုယ် ပြန်ပြီး ၀ဋ်ခံနေကြရတာလေ။

ကျွန်တော့်ကို ပြစရာနေရာ တွေကုန်ပြီ ထင်ပါတယ်။ လူ ကြမ်းကြီးနှစ်ယောက်ဟာ ကျွန် တော့်ကို မူလလိုဏ်ခေါင်းကြီးကို ဖြတ်ပြီး ခွဲစိတ်ခန်းထဲကို ပြန်ပို့ လိုက်ကြတယ်။ ကျွန်တော့်ခန္ဓာ ကိုယ် ရုပ်အလောင်းကြီးဟာ လည်း ခွဲစိတ်ပြုပြင်ပြီးစီးသွားပြီ။

မေ့မြောနေတဲ့ ကျွန်တော့် ခန္ဓာကိုယ်ကြီးကို ခွဲစိတ်လူနာ ဆောင်ဆီ ပြန်ပို့လိုက်ကြတယ်။ ကျွန်တော်ဟာ ခုတင်ပေါ်မှာ သတိမရတစ်ချက်၊ ရတစ်ချက်ဖြစ်နေရင်းက ‘‘ရေပေးပါ၊ ရေပေးပါ’’ဆိုပြီး အော်ပြောမိတယ်။ ကျွန်တော့်အနားကို ရောက်လာ တဲ့ ဇနီးသည်က ‘‘ဟော .. မောင် သတိပြန်ရလာပြီ’’ဆိုပြီး ၀မ်းသာ တဲ့မျက်လုံးအစုံနဲ့ ကျွန်တော့်ကို ကြည့်နေကြောင်းပါခင်ဗျာ။ ။

 

Credit : 7daydaily

(ဖော်ပြပါ သရော်စာသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)