girl

 

Sexy ကျတယ်ဆိုတဲ့ အချက်က အတိုအပြတ်ဝတ်တာကိုပဲ ဆိုလိုတာမဟုတ်ပါဘူး။ ချောတာ၊လှတာ၊ဟော့တာ
ကိုပဲ ဆိုလိုတာမဟုတ်ပါဘူး။ တစ်ခါတစ်လေ မိန်းကလေးတွေက သူတို့ကို သူတို့ Sexy ကျတယ်ထင် ပေမယ့်
တကယ်တမ်းမှာ ယောင်္ကျားလေးတွေက အဲ့ဒိလို မထင်တဲ့ အခါမျိုးလည်း ရှိပါတယ်။ တစ်ခါတစ်လေ sexy
ကျတယ်ဆိုတဲ့ စကားလုံးက ခန္ဓာကိုယ်သွင်ပြင်နဲ့ မဆိုင်တဲ့ အခါလည်း ရှိတတ်ပါတယ်။ သင့်ရုပ်ရည်က
အရမ်းမလှလည်း sexy ကျနိုင်ပါသေးတယ်။ အောက်မှာတော့ ယောင်္ကျားလေးတွေက ဘယ်လိုအချက်တွေ
ကို sexy ကျတယ်ထင်လည်း ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ကြင်နာတတ်ခြင်း
ကြင်နာတတ်တဲ့ မိန်းကလေးတွေဟာ ယောင်္ကျားလေးတွေ မျက်စိထဲမှာ တော်တော်လေးကို စွဲဆောင်မှု
ရှိတတ် ပါတယ်။ ကြင်နာတတ်တဲ့ မိန်းကလေးတွေရဲ့ရုပ်သွင်ပြင်ဟာ မချောမောရင်တောင် အေးချမ်းနေ
လေ့ရှိပါတယ်။ စစ်တမ်းတွေအရ ယောင်္ကျားလေး ၁၀၀၀၀ ခန့်ကို မိန်းကလေးတွေဆီက ဘယ်အရာက
စွဲဆောင်မှုအရှိဆုံးလဲ လို့မေးတဲ့အချိန်မှာ အများဆုံး အဖြေက “ကြင်နာမှု” ဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့်
ရုပ်မချောလည်း စိတ်မပူပါနဲ့။ မှန်ရှေ့မှာ အချိန်တွေ အများကြီး ဖြုန်းမယ့် အစား ကြင်နာတတ်အောင်
ကြိုးစားတာက ပိုအသုံးဝင်ပါတယ်။ သင်ကြင်နာတတ်လား မကြင်နာတတ်လားက သင့်ထက်နိမ့်ကျတဲ့
သူတွေနဲ့ ဆက်ဆံတဲ့အခါမှာ ပေါ်လေ့ရှိ ပါတယ်။

(၂) အာရုံစူးစိုက်စွာနားထောင်ပေးတတ်ခြင်း
တည်တည်တံ့တံ့ကြီးနဲ့ ပဲများနေတာထက် စာရင် စကားပြောတဲ့ အခါ အာရုံစူးစိုက်စွာ နားထောင်ပေး
ခြင်းက ယောင်္ကျားလေးတွေ အတွက် စွဲဆောင်မှုရှိစေပါတယ်။ ဒါကလည်း ကြင်နာမှုရှိခြင်းရဲ့ အကျိုး
ဆက်လို့ ပြောရင် မမှားပါဘူး။ စိတ်ရှည်တတ်ခြင်းရဲ့ ပြယုဂ်ပါ။ မိန်းကလေးတော်တော်များများ သူတို
့ပြောချင်တာပဲ ပြောလေ့ ရှိပြီးပြန်နားထောင်ဖို့ကို အရမ်းစိတ်ဝင်စားလေ့ မရှိကြပါဘူး။ ဒါ့ကြောင့်
စိတ်ရှည်စွာနားထောင်တတ်တဲ့ မိန်းကလေးတွေဟာ အမြဲထင်ရှားနေတတ်ပါတယ်။

(၃) အကောင်းမြင်တတ်လေ့ရှိခြင်း
အဆိုးမြင်ပြီး ပူပူညံညံလုပ်လေ့ရှိတဲ့ မိန်းကလေးတွေကို ယောင်္ကျားလေးတွေက များသော အားဖြင့်
စိတ်ကုန် လေ့ရှိပါတယ်။ တစ်ခုခုဆို အကောင်းမြင်တဲ့စိတ်ကလေးနဲ့ နှစ်သိမ့်ပေးတတ်ခြင်းကလည်း
စွဲဆောင်မှုရှိတဲ့ အချက်တစ်ခုဖြစ်ပါတယ်။

(၄) ရိုးသားခြင်း
ရိုးသားတဲ့ မိန်းကလေးတွေဟာလည်း sexy ဖြစ်ပါတယ်။ ရိုးသားတာနဲ့ တုံးအတာ မတူပါဘူး။
တုံးအတာဟာ အခြေအနေ အချိန်အခါကိုမသိပဲ အမြဲတမ်း မဆင်မခြင်ပြောတာပါ။ ရိုးသားတာဟာ
အမှန်တရားကို ချိန်သား

(၅) မှန်မှန်ကန်ကန်ပြန်လည်ရန်တွေ့တတ်ခြင်း
အတွဲတွေကြားထဲမှာဖြစ်ဖြစ်၊ နေ့စဉ်ဘဝမှာ ဖြစ်ဖြစ် စကားများ၊ရန်တွေ့ကြတာ ရှိတတ်ပါတယ်။
ဒါပေမယ့် ရန်တွေ့တာမှာလည်း အမျိုးမျိုးရှိတတ်ပါတယ်။ အချို့မိန်းကလေးတွေက သူတို့ပဲ
မှန်တယ်ဆိုပြီး ဖိငြင်းတတ်တာ ရှိတတ်ပါတယ်။ အချို့ကတော့ အကျိုးသင့်အကြောင်းသင့်
ငြင်းတတ်တာရှိပါတယ်။ ထိုကဲ့သို့ အကျိုးသင့်အကြောင်းသင့် ရန်တွေ့တတ်ခြင်းကလည်း
ယောင်္ကျားလေးတွေရဲ့ မျက်စိထဲမှာ စွဲဆောင်မှုရှိနေ တတ်ပါတယ်။

(၆) အထူးအဆန်းဝါသနာလေးများပိုင်ဆိုင်ခြင်း
တကယ်တော့ သင်ဝါသနာပါတာလေးတွေက အထူးအဆန်းလေးတွေဆိုရင်လည်း ယောင်္ကျား
လေးတွေက စိတ်ဝင်စားလေ့ရှိပါတယ်။ သူများတွေနဲ့ မတူတဲ့ ဝါသနာမျိုး သင့်မှာရှိရင် မစွန့်လွှတ်
လိုက်ပါနဲ့။ သင်လည်း သင့်ပုံစံနဲ့သင် စွဲဆောင်မှုရှိနေပါတယ်။

(၇) ကိုယ့်ကိုယ်ကိုအားကိုးတတ်ခြင်း
မိန်းကလေးဆိုတာ အားကိုးတတ်တဲ့ အမျိုးဆိုပေမယ့် အမြဲတမ်းအားကိုးနေတာမျိုးကတော့ မကောင်း
ပါဘူး။ ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ ကိုယ့်ကိုယ်ကို အားကိုးတတ်တဲ့ မိန်းကလေးတွေဟာလည်း
ယောင်္ကျားလေး တွေရဲ့ မျက်စိထဲမှာ Sexy ကျနေလေ့ရှိပါတယ်။

ဒါ့ကြောင့် Sexy ကျတယ်ဆိုတာ ရုပ်လှတာ ၊ အတို အပြတ်ဝတ်တာပဲ မဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာ
နဲ့လည်း အများကြီးသက်ဆိုင်ပါတယ်။

 

Credit : Shwemom
Ref: Shape