Rapper ပုံစံကြိုက်တဲ့ ပရိသတ်တွေနဲ့ မိန်းကလေးပရိသတ်တွေအတွက်ပါ။ဂီတအပိုင်းနဲ့ပတ်​သက်​လို့ ဒုတိယ​မြောက်​တစ်​ကိုယ်​​တော်​အ​ခွေထွက်​ဖို့ ပြင်​ဆင်​​နေတဲ့ X-Box က အ​ခွေမထွက်​ခင်​ အွန်​လိုင်း​ပေါ်က​နေ သီချင်းအသစ်​ နှစ်​ပုဒ်​မိတ်​ဆက်​​​ပေးသွားမယ်​လို့ သိရပါတယ်​။


” သီချင်းအမျိုးအစားက​တော့ လုံးဝကွဲပြားပါတယ်​။ တစ်​ပုဒ်​က​တော့ Rapper ပုံစံကိုကြိုက်​တဲ့ ပရိသတ်​​တွေ အတွက်​ သီးသန့်​ပါပဲ။ ​နောက်​တစ်​ပုဒ်​က​တော့ အိပ်​​ရေးမပျက်​​စေနဲ့ ဆိုတဲ့သီချင်းပုံစံ​လေးပါ မိန်းကလေးတွေကြိုက်တဲ့ သီချင်းပုံစံလေးပေါ့။ သီချင်းနာမည် ​​တွေက “အပြင်​​တွေ​လျှောက်​မသွားနဲ့” သီချင်းနဲ့ “ရွတ်​” ဆိုတဲ့ သီချင်း​လေး​တွေပါ။ သီချင်း ၂ ပုဒ်က လုံးဝပုံစံမတူတဲ့ အတွက်ဖန်တီး ရတာ နည်းနည်း တော့ စားတာပေါ့”လို့ Duwun Media က​နေတဆင့်​ မိတ်​ဆက်​​ပေးခဲ့ပါတယ်​။

အဆို​တော်​ X-BOX က​တော့ သူ့ကိုအား​ပေးတဲ့ မိန်းက​လေးပရိသတ်​​တွေက သရုပ်​​ဆောင်​တာကို သိပ်​မကြိုက်​ကြဘူး လို့ Duwun Media ကို​ပြောပြခဲ့ပါတယ်​။” ကျွန်​​တော်​က ​ယောင်္ကျား​လေး ပရိသတ်​​ တွေနဲ့ စခဲ့တဲ့အဆို​တော်​ပါ။ အခု​နောက်​ပိုင်းမှာ မိန်းက​လေး ပရိသတ်​ ​တွေက အား​ပေးကြတာများတယ်​ သူတို့​လေး​တွေကလည်း ကျွန်​​တော့်​ကို သရုပ်​​ဆောင်​လုပ်​တာမကြိုက်​ကြဘူး။ ကျွန်​​တော် ​ကိုယ်​တို င်​ကလည်း သရုပ်​​ဆောင်​ အလုပ်​ ကို စိတ်ကူးပေါက်လို့ လုပ်လိုက်တာပဲရှိတာပါ။ ကျွန်​​တော့်​ဂုဏ်ပုဒ်ကလည်း အဆို​တော်​ ဖြစ်​တဲ့အတွက်​ ဂီတကိုပဲ ဆက်​လုပ်​သွားမှာပါ” လို့ သူကဆိုပါတယ်​။

X-BOX အ​နေနဲ့ မကြာခင်​က 9 Album ဆိုတဲ့ MTV အ​ခွေ ထွက်​ရှိခဲ့တာဖြစ်​ပြီး မြန်​မာနိုင်​ငံရဲ့ အ​ရောင်းရဆုံး နံပါတ်​၁ အ​ခွေအဖြစ်​ ရပ်​တည်​ခဲ့တာဖြစ်တယ်​လို့သိရပါတယ်​။သူ့အ​နေနဲ့ ဒုတိယ အ​ခွေ အတွက်​စီစဉ်​ပြီးမှသာ ဇာတ်​ကားရိုက်​ကူးမှု​တွေ ပြုလုပ်​သွားမယ် ​လို့ လည်း Duwun media ကို ​ဖြေကြားခဲ့တာဖြစ်​ပါတယ်​။

Credit : Duwun