YBS (၂၅) ယာဉ်သည် တောင်မြောက်လမ်းဆုံ အနီးတွင် ယမန်နေ့ညနေ ၄ နာရီဝန်းကျင် က ယာဉ်မတော်တဆဖြစ်ခဲ့သော ကြောင့် ကျောင်းသူ၊ ကျောင်းသားအချို့နှင့် ဆရာမအချို့အပါအဝင် ခရီးသည်များဒဏ်ရာရရှိခဲ့သည်။

ဘတ်စ်ကားသည် ချိုင့်ခွက် ကို ရှောင်ရာမှ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးထိုးကျကာ တိမ်းစောင်း သွားခြင်းဖြစ်ကြောင်း ယာဉ်ပေါ် ပါ ကျောင်းသူ၊ ကျောင်းသားများ ကပြောသည်။

‘‘(၂၅) ကား (YBS ၂၅)က ဒဂုံထဲက ထွက်လာတယ်။ လမ်း မှာဆင်းမယ့်လူတွေရှိတယ်။ ဘဲလ်တီးတယ်၊ ပြန်မထူးဘူး။ မောင်းလာတဲ့ အရှိန်ကလည်း တော်တော်မောင်းတယ်။ တောင် /မြောက် လမ်းဆုံကျတော့ မှတ် တိုင်မှာရပ်ပြီး ထွက်လာတယ်။ အဲဒီနားမှာ ချိုင့်ရှိတယ်။ ချိုင့်ရှိတဲ့ အတွက် ရှောင်လိုက်တယ်။ ရှောင်လိုက်တဲ့အတွက် အရှိန်မထိန်းနိုင် ဘဲ လမ်းဘေးကို ထိုးကျသွားတာ’’ ဟု ယာဉ်ပေါ်တွင်ပါသော ဒဂုံ တက္ကသိုလ်ကျောင်းသား ကိုသန့် ဇင်ကျော်က ယာဉ်မတော်တဆ ဖြစ်ခဲ့ပုံကို ပြောသည်။

ယာဉ်မတော်ဆမှု ကြောင့် ကျောင်းသူနှစ်ဦး၊ ဆရာမ နှစ်ဦးအပါအဝင် ခရီးသည်အချို့ကို စံပြဆေးရုံသို့ ပို့ဆောင်ထားကြောင်း ၎င်းက ဆက်လက်ပြောကြား သည်။

‘‘(၂၅) တော်တော်များများ က ကျောင်းထဲက လာတာဆိုတော့ဆရာ၊ ဆရာမတွေ၊ ကျောင်းသား တွေ တော်တော်ပါတယ်’’ဟု ကို သန့်ဇင်ကျော်က ပြောသည်။

ကျောင်းသားများ မှတ်တိုင် တွင် ဆင်းရန် ဘဲလ်တီးသည့်အ ခါ ယာဉ်မောင်းက မကြားသော ကြောင့် ခရီးသည်အချို့က အော် ပြောခဲ့ပြီးနောက် ယာဉ်မောင်း သည် ဒေါသထွက်သည့် အရိပ်အ ယောင်ပြ၍ အရှိန်မြှင့်မောင်းနှင် ခဲ့ကြောင်း အခင်းဖြစ်စဉ်၌ ပါဝင် သော ကျောင်းသူ၊ ကျောင်းသား များက ပြောသည်။

‘‘တံခါးကလည်း ဖွင့်လို့မရ ဘူး။ ပြတင်းပေါက်တွေက ခုန် ဆင်းပြီး သွားရတယ်။ မတ်တတ်ရပ်နေတဲ့လူတွေက ပိုနာကြတယ်’’ဟု အခင်းဖြစ်စဉ်တွင် ပါဝင်သော ဒဂုံတက္ကသိုလ် ကျောင်းသူ အေး နန္ဒာဇင်မြင့်က ပြောသည်။

အဆိုပါယာဉ်မောင်းသည် ထွက်ပြေးသွားကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ကိုမင်းသုခက ဆိုသည်။

‘‘ဒဏ်ရာရတဲ့ ကျောင်းသူ နှစ်ယောက်တော့ အခုစံပြဆေးရုံ ရောက်နေပြီ။ အရမ်းစိုးရိမ်ရတဲ့ အနေအထားမျိုးတော့ မရှိဘူး။ ဒဏ်ရာကတော့ ပြင်းထန်တာ ပေါ့နော်။ တချို့အသေးစားဒဏ် ရာရတဲ့လူတွေလည်း များတယ်’’ ဟု ၎င်းကပြောသည်။

YBS (၂၅) ယာဉ်လိုင်း မှ တာ ဝန်ရှိသူအချို့ စံပြဆေးရုံသို့ သွားရောက်ကြည့်ရှုပြီး တာဝန်ယူမည် ဟု ပြောကြောင်း ၎င်းကပြော သည်။

YBS (၂၅) ယာဉ်လိုင်း သည် ဒဂုံတက္ကသိုလ် မှ သခင်မြပန်းခြံ အထိ ပြေးဆွဲနေသော ယာဉ် လိုင်းဖြစ်ပြီး ယာဉ်နောက်လိုက် မပါသည့် လိုင်းဖြစ်သည်။
Credit: 7daydaily