အင်တာနက်ခေတ်မှာ တစ်ရှိန်ထိုး ခေတ်စားလာသော ဆိုရှယ်မီဒီယာများထဲမှာ ထိပ်ဆုံးက ဦးဆောင်နေသည်မှာ ဖေ့စ်ဘွတ်ခ် ဖြစ်သည်ဆိုသည်ကို အားလုံးသိ ပြီးဖြစ်သည်။ သို့သော်လည်း ဖေ့စ်ဘွတ်ခ်မှာ လူမှုရေးများ၊ ကိုယ်ရေးကိုယ်တာ ဆက်ဆံရေး များက ဝင်ပါနေ၍ သုံးတတ်သူ များအတွက် ကောင်းသကဲ့သို့ စိတ်အနှောင့်အယှက် ဖြစ်ရသည် များလည်း ရှိ၏။ ထို့အပြင် မိသား စု၊ မိတ်ဆွေများဖြစ်ကြသော်လည်း လူအသီးသီးမှာ သီးသန့်စိတ်ဝင် စားမှုများ ရှိကြ၏။ ထိုလူများ အတွက် တွစ်တာ (Twitter) ဆို သည့် ဆိုရှယ်မီဒီယာကို သုံးနိုင် သည်။

တွစ်တာသည် သူငယ်ချင်း များ၊ မိသားစုများအတွက် ပြုလုပ် ထားချက်မဟုတ်။ ကိုယ်ဆက် သွယ်ချင်၊ သိချင်သူများနှင့်သာ ဆက်သွယ်ရအောင် ပြုလုပ်ထား ၏။ ကိုယ်သဘောကျသူနောက် ကို ကိုယ်ကလိုက်ကြည့်နေ၍ ရသကဲ့သို့ ကိုယ်နှင့် စိတ်ဝင်စားမှု ချင်းတူသူကလည်း ကိုယ်တင် သမျှကို လိုက်ကြည့်ရန် ကိုယ့် နောက်က လိုက်နေကြသည်။ ထို့ ကြောင့် ကိုယ်စိတ်ဝင်စားစရာ သတင်းအချက်အလက်များကို သာ ရယူလိုပြီး လူမှုရေးဆက်ဆံ မှုများ မပါချင်သူများက တွစ်တာ (Twitter)ကို သုံးကြသည်။ မြန်မာနိုင်ငံမှာ တွစ်တာကို အသုံးပြုသူနည်းလှ၏။ ဖေ့စ်ဘွတ်ခ်ကိုသာ အသုံးပြုသူများသည်။

လူအချို့အတွက် ပျင်းစရာ ဟု မြင်ကြသော တွစ်တာကို များ သောအားဖြင့် ပညာတတ်များက သတင်းအချက်အလက်အတွက် အသုံးပြုလေ့ရှိသည်ဟု သုတေ သနပြုချက်များက ဆိုသည်။ ၂၀၁၆ ခုနှစ် သုတေသနပြုချက် များအရ အမေရိကန်နိုင်ငံက ဆိုရှယ်မီဒီယာ သုံးစွဲသူများအနက် ၂၄ ရာခိုင်နှုန်းက တွစ်တာကိုသုံး ကြပြီး အများစုမှာ ပညာအရည် အချင်းမြင့်မားသော လူငယ်ပညာ တတ်များဖြစ်သည်ဟု သိရသည်။

တွစ်တာမှာ အကောင်းဆုံး အချက်က ကမ္ဘာတစ်ဝန်းက နောက်ဆုံးရသတင်းများကို အ လျင်မြန်ဆုံး သိနိုင်ခြင်းဖြစ်သည်။ သတင်းဖြစ်နေသည့် နေရာမှ ရောက်နေသူများက သတင်းကို စတင်တွစ်ကြပြီး လူအများက တွစ်တာကနေ ဖြန့်ချိခြင်းဖြင့် သတင်းက အမြန်ဆုံးပျံ့နှံ့သွား စေသည်။ ထို့ကြောင့် သတင်းဖြစ် စဉ်များတွင် သတင်းဌာနများကို တွစ်တာက အနိုင်ယူပြီး သတင်း အရဆုံး ဖြန့်လေ့ရှိသည်။

တွစ်တာကို နာမည်ကျော် များကလည်း သုံးကြသည်။ နာ မည်ကြီးတိုင်း တွစ်တာစာမျက်နှာ မှာ မရှိသော်လည်း ကမ္ဘာကျော် အတော်များများသည် တွစ်တာ မှာ ရှိနေကြ၏။ တွစ်တာတွင် သူတို့ကိုသူတို့ မြှင့်တင်သကဲ့သို့ သူတို့၏ နောက်ဆုံးရုပ်ရှင်၊ ရုပ်သံ ရှိုးများ၊ စာအုပ်နှင့်ရေမွှေးများကို လူသိများအောင် လုပ်နိုင်သည်။ ထို့အပြင် သူတို့၏ ပရိသတ်များ ကလည်း သူတို့ဆီ တိုက်ရိုက် ဆက်သွယ်နိုင်သည်။ စာပို့နိုင် သည်။ တိုက်ရိုက်စကားပြောနိုင် သည်။

တွစ်တာမှာ လူများနောက် ယောင်ခံလိုက် စောင့်ကြည့်ခံရ သော နာမည်ကြီး လူပုဂ္ဂိုလ်တစ် ရာအနက် အဆိုတော် ကေတီ ပယ်ရီက နံပါတ်(၁)နေရာမှာ ရှိ ၏။ ဒုတိယနေရာကလည်း ဆယ် ကျော်သက်တို့ အရူးအမူးကြိုက် သည့် အဆိုတော်ဂျပ်စတင်ဘီ ဘာဖြစ်သည်။ နံပါတ်(၃)နေရာ မှာတော့ အမေရိကန်နိုင်ငံ၏ (၄၄) ယောက်မြောက် သမ္မတ အိုဘားမားဖြစ်သည်။ မိုင်ကရို ဆော့ဖ်သူဌေးကြီး ဘီလ်ဂိတ်က နံပါတ် ၂၇ နေရာမှာရှိပြီး လက်ရှိ သမ္မတ ဒေါ်နယ်ထရန့်မှာလူကြည့် များမှု နံပါတ် (၃၇) နေရာမှာရှိ သည်။

သို့သော်လည်း မကြာသေး ခင်က နယူးဝိခ်တွင်ပါသော သတင်းတစ်ပုဒ်အရ တွစ်တာမှာ လူကြည့်များပြီး နောက်လိုက်များ သူတွေသည် တမင်တကာ ငွေပေး ဖန်တီးထားခြင်းဖြစ်သည် ဟု ဆိုသည်။ အမေရိကန်သမ္မတ ထရန့်၏ နောက်က ကြည့်ရှုသူဦးရေအနက် ၁၅ သန်းမှာ အတုများဖြစ်ပြီး ထရန့်တင်သမျှကို အလိုလျောက်ထောက်ခံပြီး ဖြန့်ဝေ နေသူများဖြစ်သည်ဟု ဆိုသည်။ အဆိုတော် ကေတီပယ်ရီကလည်း သည်အတိုင်း ငွေပေးပြီး တွစ်တာ မှာ သူတင်သမျှ လိုက်ကြည့်နေသူ များအောင် လုပ်ထားသည်ဟု သိရသည်။ သို့သော် သမ္မတအိုဘား မားကတော့ ဝယ်ယူခြင်းမရှိ။ သူ့ နောက်ကို တွစ်တာမှာ လိုက်နေ သူများမှာ အမှန်အကန်များဖြစ် သည်ဟုဆို၏။

လက်ရှိ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တွစ်တာကို အသည်းအသန် အသုံးချသူတစ် ဦးဖြစ်သည်။ သူသမ္မတမဖြစ်ခင် ရွေးကောက်ပွဲ မဲဆွယ်ပွဲကတည်း က သူ၏ပြိုင်ဘက်များကို တိုက် ခိုက်သောစကားလုံးများကြောင့် ထရန့်၏ တွစ်တာစာမျက်နှာသည် သတင်းဌာနများအတွက် သတင်း များစွာကို ဖြစ်စေခဲ့သည်။ သမ္မတ ဖြစ်ခါစက အနည်းငယ်ဆင်ခြင်ခဲ့ သော်လည်း ယခုအခါ ဒေါ်နယ် ထရန့်က တွစ်တာမှာ ယခင်ပုံစံ အတိုင်း ခပ်ကြမ်းကြမ်းတွေရေးပြီး တင်နေဆဲဖြစ်သည်။

ထရန့်သည် ညဘက်သန်း ခေါင်ယံဖြစ်ဖြစ်၊ တစ်ရေးနိုးဖြစ်ဖြစ် လူတစ်ဦးချင်းစီအပေါ် ကမ္ဘာ့ ပြဿနာများအပေါ် သူ၏အမြင်၊ ဒေါသ၊ စိတ်ခံစားမှုများကို တွစ် တာမှာ ချရေးလေ့ရှိ၏။ တင်ပြီး လျှင်လည်း ပြန်ဖျက်ချင်ဖျက် တတ်သည်။ ထို့ကြောင့် သတင်း ဌာနများက သူတင်သမျှကို အလွတ်မပေးရဲကြ။ နိုင်ငံရေး ပြဿနာများမှာ သူ၏ပုဂ္ဂိုလ်ရေး ထင်မြင်ချက်များကိုပါ တွစ်တာ မှာ ချရေးမှုများကို မလုပ်ရန် သူ၏ အကြံပေးများက သူ့ကို တားမြစ်ခဲ့သည်။ သို့သော်လည်း အလိမ်အညာ မီဒီယာများကြောင့် ယခုကဲ့သို့ တွစ်တာကို သုံးနေရ သည်ဟု သူက ဆင်ခြေပေးပြီး အောက်ပါတိုင်း ရေးတင်ခဲ့သည်။

‘‘စိတ်မကောင်းပါဘူး မိတ် ဆွေများရေ။ စီအင်န်အင်န်၊ အင်န်ဘီစီ၊ အေဘီစီ၊ ပီဘီအက်စ်၊ ဝါရှင်တန်ပို့စ်နဲ့ နယူးယောက် တိုင်းမ်တို့ရဲ့ အလိမ်အညာသတင်း တွေကိုသာ ကျွန်တော်အားကိုးနေ ခဲ့ရင် သမ္မတရွေးကောက်ပွဲမှာ ကျွန်တော် အနိုင်ရဖို့ အခွင့်အရေး က သုညသာဖြစ်ခဲ့လိမ့်မယ်’’

မည်သူတွေဘာပြောပြော ထရန့်က သူ၏တွစ်တာမှာရေး သမျှကို မလျှော့။ သမ္မတဖြစ်ပြီး နောက် သူတင်သမျှ တွစ်တာပို့စ် များသည်လည်း အမေရိကန် သမ္မတ၏ သဘောထားအမြင်များ ဖြစ်လာခဲ့သည်။ ပြဿနာများ လည်း နောက်ကနေ ဆက်တိုက် ပါလာသည်။ ထရန့်သည် ပြီးခဲ့ သည့်ရက်ပိုင်း လန်ဒန်တံတား အကြမ်းဖက်မှုဖြစ်ရာမှာ လန်ဒန် မြို့တော်ဝန်ကို တွစ်တာကနေ အပြစ်တင်ခဲ့သည်။ ထိုအခါ လန် ဒန်မြို့တော်ဝန် ဆဒစ်ခန်က ထရန့်၏ ဗြိတိန်နိုင်ငံရေးခရီးစဉ် ကို ပယ်ဖျက်ရန် ဗြိတိန်အစိုးရကို တောင်းဆိုခဲ့သည်။

သို့သော် ထရန့်သည် ကိစ္စ ကို အလေးမထား။ သူ၏နောက် ဆုံး တွစ်တာပို့စ်က ကာတာနိုင်ငံ ကို ရောက်သွားပြန်သည်။ မနေ့ ကတင်သည့် သူ၏တွစ်တာပို့စ်မှာ ကာတာနိုင်ငံကို အိမ်နီးချင်း ပင် လယ်ကွေ့သူဌေးနိုင်ငံများက သံ တမန်ဆက်ဆံရေးဖြတ်တောက် သည်မှာ သူ့ကြောင့်ဟု ထရန့်က ဆိုပြန်သည်။

‘‘ကျွန်တော့်ရဲ့ မကြာသေး ခင်က အရှေ့အလယ်ပိုင်းခရီးစဉ် မှာ အစွန်းရောက်ဝါဒကို ငွေကြေး ထောက်ပံ့တာတွေ မလုပ်ကြ တော့ဖို့ ကျွန်တော်ပြောခဲ့တယ်။ ခေါင်းဆောင်တွေက ကာတာကို ကြည့်ပါဆိုပြီး ထောက်ပြကြ တယ်’’ ထိုအခါ အားလုံးက ထရန့် သည် ကာတာနှင့် အာရပ်နိုင်ငံ များ၏ ပြဿနာကို ပိုဆိုးရွားလာ အောင် လုပ်သူဟု အပြစ်တင်ကြ သည်။ ယခင်က တွစ်တာပေါ်က ထရန့်ပို့စ်များသည် အမေရိကန် နိုင်ငံတွင်းမှာ မီးမွှေးပြဿနာရှာ ရာဖြစ်သော်လည်း ယခုအခါ နိုင်ငံတကာကိုပါ ပြဿနာများ စတင်မီးမွှေးနေသည့် စကားလုံး များဖြစ်လာသည်။ ထရန့်သည် လည်း တွစ်တာပေါ်မှာ ကမ္ဘာတစ် ဝန်းက စောင့်ကြည့်ရသူဖြစ်လာခဲ့ သည်။ တစ်နည်းအားဖြင့် တွစ် တာသည် ထရန့်ကြောင့် အမေရိ ကန်သမ္မတ၏ ကမ္ဘာ့နိုင်ငံရေး အပေါ် သူ၏ ခံစားချက်အမြင်ကို ဖော်ပြရာ မီဒီယာတစ်ခု ဖြစ်လာ ချေပြီ။။

 

Credit: 7Day Daily