ကျောင်းအုပ် ဆရာကြီးတစ်ဦးက ကျောင်းသားတွေကို ကြိမ်ကျိုးသည်အထိ ရိုက်နှက်ခဲ့တဲ့ ဗီဒီယိုဖိုင်ရုပ်သံဟာ လူမှုကွန် ယက်စာမျက်နှာပေါ်မှာ ပျံ့နှံ့နေပါတယ်။

ယင်းရုပ်သံဟာ အိန္ဒိယနိုင်ငံ၊ Allahabad မြို့အနီးက Fafamau မြို့ကလေးရှိ ကွန်ဗင့်ကျောင်းတစ်ခုမှာ ဖြစ်ပြီး ကျောင်း အုပ်ဆရာကြီးက တပည့်တွေရဲ့ လက်နဲ့လက်ချောင်းတေကို အားရပါးရ ရိုက်နှက်နေတာကို တွေ့ရပြီး၊ ရိုက်နှက်ခံရတဲ့ေ ကျာင်းသားများဟာ မိဘတွေကို ပြန်ပြောရင် ထပ်ပြီး အရိုက်ခံရမယ်လို့ ကျောင်းအုပ်ကြီးက ခြိမ်းခြောက်တယ်လို့လည်း ဆိုပါတယ်။

ယင်းဗီဒီယို ရုပ်သံကို ကျောင်းမှာ တာဝန်ထမ်းဆောင်တာ တစ်လမပြည့်သေးတဲ့ ဆရာ Ashish Mani Tiwari က လူမှု ကွန်ယက်မှာ ဖြန့်ဝေခဲ့တာဖြစ်ပြီး၊ ဒီလောက် ရက်စက်တဲ့ ဆရာတွေ ပညာရေးလောကမှာ မရှိသင့်ကြောင်း ဝေဖ န်ခဲ့ ပါ တယ်။

ထို့နောက် အာဏာပိုင်အဖွဲ့အစည်းတွေက ဒီဗွီဒီယိုကို ဖြန့်ဝေခဲ့တဲ့ Ashish ကို တာဝန်ကနေ ချက်ချင်း ထုတ်ပယ်ခဲ့ပါ တယ်။

 

အဆိုပါ ကျောင်းက ကျောင်းဆရာ/ဆရာမတွေဟာ အလွန်အရိုက်ကြမ်းပြီး၊ သူတို့ရိုက်တာ မခံဖူးတဲ့ တပည့်တွေ မရှိဘူး လို့ ဆိုပါတယ်။ လက်ရှိအချိန်ထိ အဲဒီကျောင်းအုပ်ကို မည်သည့်အရေးယူမှုမျှ အလုပ်မခံရသေးဘူးလို့ သိရပါတယ်။

Share From Sun Thit