ပြီးခဲ့လေ သော ဆီးဂိမ်း ပြိုင်ပွဲ တိုင်း မြန်မာ့ ဘောလုံး အားပေးရတာထက် ဒီနှစ် U-22 ကို အားပေးရတာ ယုံကြည်မှု ပိုနေတယ် ဆိုလို့ အပြစ်ပြောရင်လည်း ခံရမှာဘဲ…
ပြီးခဲ့တဲ့ လာအိုပွဲ က ခြေစွမ်းကိုကြည့်ပြီး မြန်မာ့ ဘောလုံး ချစ် ပရိတ်သတ် တွေစိတ်ထဲ ကြိတ်မနိုင်ခဲမရ ရင်ခုန်သံတွေ မြန်စေခဲ့လို့ သူတို့လေးတွေကို အပြစ်တင်စောခဲ့ကြတယ်လေ..
ဒီနေ့ ကန်တဲ့ ဘရူနိုင်း နဲ့ပွဲမှာ ဂိုး ဒါဇင်ဝက် (၆-၀) နဲ့ ချန်ပီယံ ခြေစွမ်းပြ အနိုင်ယူလေတော့ တို့ ပြည်သူ တွေ ပျော်လိုက်ကြတာ.. သူတို့လေး တွေ ကို ချစ်လိုက်ကြတာ ..
ကျေးဇူးပါ U-22 ရေ..
ဆီမီး ဖိုင်နယ် ကို ဘာမှ တွေးပူပန် စိုးရိမ်နေစရာ မလိုဘဲ တက်နိုင်ခဲ့ပြီလေ..
ငါ့ ညီတို့ တော်ကြပါတယ် စည်းစည်း လုံးလုံး လေး နဲ့ ကစားကြတယ်.. အရှေ့၊ အလယ် ၊ အနောက် သင့်တင့်မျှတအောင် ကစားသွားကြတယ်.. ပြီးပြည့်စုံသော စိတ်ဓါတ် လေး နဲ့ ယုံကြည်ချက် ကို ခိုင်မာစွာ ထားပီး နောက် ပြိုင်ပွဲ တွေ ကို အနိုင်ယူပေးပါ..
ဒို့ ပြည်သူ တွေ ဒီနေ့ အတွက်တော့ အလုပ် ၊ ကျောင်း၊မိသားစု အရေးတွေ နဲ့ စိတ်ညစ်ခဲ့သော်လည်း င့ါညီ တို့ကြောင့် သူတို့ ပျော်ခဲ့နေကြမှာ ဧကန်မုချ ဘဲ…
ငါ့ညီ တို့ ကုသိုလ် တွေ ရပြီးရင်းကို ရနေတာပါ.. ဒဏ်ရာ ကင်းကင်း နဲ့ ပွဲစဉ်တိုင်း ယှဉ်ပြိုင် အနိုင်ယူရင်း နှစ်ပေါင်း ၄၀ လောက် ကွာဝေး နေသော ဆီးဂိမ်း ချန်ပီယံ ရွှေတံဆိပ် ရယူပြီး အိမ်ပြန် လာခဲ့စမ်းပါကွာ..
မင်းတို့ကို ချစ်တဲ့ ပြည်သူတွေ အပြန်လမ်း တလျှောက် ခုန်ပေါက် ပျော်ရွှင်နေကြတဲ့ ပုံရိပ်တွေ ကြည့်ပီး ကြည်နူး လိုက်စမ်းပါကွာ..
ဟုတ်ကဲ့..
ကျွန်တော် မြန်မာ့ ဘောလုံး ကို ရူးသွပ်စွာ အားပေးသူ တစ်ယောက်ပါ..

#MgTint_MF12
share from : MFF