ဟော့ရှော့ ဓာတ်ပုံ တွေနဲ့တစ်ခတ်ထခဲ့တဲ့ အေးမြတ်သူ ။အပြုံးချိုချိုလေးတွေနဲ့ပရိသတ်ရင်ထဲကို ဆွဲလှုပ်နိုင်တာကြောင့် အခုချိန်ထိ နေရာတစ်နေရာရနေတဲ့အေးမြတ်သူကို သူမ လိုပဲ ဟော့ရှော့ ဓာတ်ပုံ တွေနဲ့ အနုပညာလောကထဲကိုဝင်ရောက်မယ့် ညီမငယ်တွေကိုသူမအနေနဲ့ ဘာမျာပြောချင်လဲဆိုတဲ့မေးခွန်းအပေါ်ကို အေးမြတ်သူ က အခုလိုပဲဖြေပေးလိုက်ပါတယ်။ ‘လူတစ်ယောက်ရဲ့ခံယူချက်နဲ့ သူ့ရဲ့ဈာန်ဝင်စားမှု သူ့ရဲ့ အနုပညာ ကို ဝင်စွက်ဖက်ခွင့်မရှိဘူး။ လူတစ်ယောက်စီတိုင်းမှာ သူ့ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတာရှိတယ်။ အဲ့ဒီ့အပေါ်မှာ အေးမြတ်သူ တို့ဘာမှဝင်ပြောခွင့်မရှိပါဘူး။

ဒါပေမယ့်လည်း အေးမြတ်သူ လည်းဆွဲဆောင်မှုရှိရှိရိုက်ပါတယ်။ အဲ့အတွက်အေးမြတ်သူ ဘာမှဝင်မပြောတာပါ။ ဒါပေမယ့် လူတိုင်းကကိုယ့်ပြုတဲ့အရာရဲ့ ကောင်းခြင်းဆိုးခြင်းကိုကိုယ်ပဲခံရမှာ။ ကိုယ့်ကိုယ်ကိုယ်ဝေဖန်ပိုင်းခြားပေါ့နော်။ တစ်ခုခုမလုပ်ခင် ကိုယ့်ရဲ့ဘဝက်ုယ့်ရဲ့ဆုံးဖြတ်ချက်ကို ကိုယ့်က်ုယ်ကိုယ်Control လုပ်ရပါတယ်။ ကိုယ်ကိုကိုယ်သွန်သင်မှရတာ သူများကထိုင်ပြောလည်းအပြောပဲဖြစ်မှာ။

အေးမြတ်သူ ဘာမှဝင်မပြောဘူး။ ဒါပေမယ့်ကိုယ်လူပ်တဲ့ကောင်းခြင်းဆိုးခြင်းကိုယ်ပြုတာကိုယ်ပဲခံရမှာ။ ခုနကလိုပေါ့အေးမြတ်သူ ဟော့ရှော့ တွေရိုက်တော့စိတ်ဆိုးကြတယ်။ ဒါပြောလို့မရဘူးလေ စိတ်ဆိုးမှာပဲ။ အေးမြတ်သူကတော့ ထူးထူးခြားခြားကြီးဝေဖန်ချင်တာမျိုးမရှိပါဘူး’လို့ အေးမြတ်သူ ကဆိုပါတယ်။ ကာရိုက်တာပိုင်းတွေအနေနဲ့လည်း သူမအနေနဲ့ ဇာတ်ရုပ် မရွေးဘဲလာသမျှဇာတ်တွေကို အကောင်းဆုံးကြိုးစား သရုပ်ဆောင် ရင်းပရိသတ်နဲ့ အဆက်အသွယ်မပြတ်အောင်ကြိုးစားနေတယ်လို့ဆိုပါတယ်။

အေးမြတ်သူ တို့ကကိုယ့်ကိုလာဌားတဲ့ဇာတ်ကိုရိုက်ရတာ။ အဲ့အချိန်မှာကိုယ်ကလုပ်ကွက်ရမှရိုက်မယ် လုပ်ကွက်မရရင်မရိုက်ဘူးလို့ပြောလို့မရဘူး။ အဲ့အချိန်မှာကိုယ့်ဆီ ဘယ်ဇာတ်မှလာမှာမဟုတ်တော့ဘူးလေနော်။ ကာရိုက်တာ များတာလည်းရှိမယ် ကာရိုက်တာ နည်းတာလည်းရှိမယ်။ ကာရိုကိတာ နည်းနည်းများများကိုယ့်ဘက်ကသေချာလေးလုပ်ရမယ်။ ကာရိုက်တာ နည်းလို့မရိုက်ပြန်ရင်လည်း ပရိသတ် နဲ့ဝေးသွားလိမ့်မယ် လို့ အေးမြတ်သူ ကဆိုခဲ့ပါတယ်။

Credit: Myanmr CELE Wiki