မျက်မမြင် ကောင်လေး တစ်ယောက်က ဦးထုပ်လေး တစ်လုံးကို သူ့ရှေ့မှာချထားပြီး အဆောက်အဦး တစ်ခုရဲ့လှေကားရင်းမှာထိုင်နေတယ်၊ လက်ထဲမှာလည်း
“ ကျနော်က မျက်မမြင် တစ်ယောက်ပါ၊ ကျေးဇူးပြု၍ကူညီကြပါ ” ဆိုတဲ့ စာတန်းလေး တစ်ခုကို ကိုင်ထားတယ်။ အောက်ချထားတဲ့ ဦးထုပ် ထဲမှာ အကြွေစေ့ အနည်းငယ်သာရှိလေသည်။
လူတစ်ယောက်က မျက်မမြင် ကောင်လေး ရှေ့ကဖြတ်လျှောက်ရင်း အိတ်ကပ် ထဲမှ အကြွေစေ့ လေး၊ငါးစေ့ကိုထုတ်ကာ ကောင်လေး ဦးထုပ် ထဲထည့်ပေးလိုက်သည်၊ ပြီးနောက် ကောင်လေးလက်ထဲမှ စာတန်းလေးကိုလှမ်းယူလိုက်ကာ ကျောဘက် ကိုလှန်ပြီး စာတန်းအသစ်ပြောင်းရေးလိုက်သည်၊ ပြီးနောက် မျက်မမြင်ကောင်လေးလက်ထဲသို့ ပြန်ထည့်ထားပေးလိုက်သည်။
လူအများက ထိုစာတန်းလေး ကိုဖတ်ပြီး မျက်မမြင်ကောင်လေးကို ဝိုင်းလှူကြရာ သိပ်မကြာခင်မှာပဲ ဦးထုပ်လေး ပိုက်ဆံအပြည့်ဖြစ်သွားလေသည်။
ညနေစောင်း ရောက်တော့ ထိုသူ ပြန်ရောက်လာတယ်၊
ထိုသူ့ ခြေသံ ကိုမှတ်မိနေတဲ့ ကောင်လေး က
“ မနက်က ကျနော့် စာတန်း ကို ပြင်သွားပေးတဲ့ အစ်ကိုလား၊ အစ်ကို ဒီမှာဘာရေးခဲ့တာလဲ ” လို့
အရင်လှမ်းမေးလိုက်တယ်
ထိုသူက “ ငါလည်းပဲမင်းလိုပဲအမှန်တရားကိုပဲရေးတာပဲ၊ ဒါပေမယ့် မင်းရေးထားတဲ့အဓိပ္ပါယ်နဲ့တော့ ဆန့်ကျင်ဘက် ပဲပေါ့ ” လို့ပြန်ဖြေတယ်။
ငါ ပြန်ရေးပေးခဲ့တာက “ဒီနေ့ဟာ အရမ်းကိုသာယာလှပတဲ့နေ့တစ်နေ့ပဲ၊ ဒါပေမယ့် ကျနော်မမြင်နိုင်လေဘူး” ဆိုတဲ့စာတန်းပဲ။
စာတန်းနှစ်ခုစလုံးကတော့ မင်းဟာ မျက်စိ မမြင်ဘူးဆိုတဲ့ အဓိပ္ပါယ် ပဲ၊ ဒါပေမယ့် မင်းရေးထားတဲ့ပထမ စာတန်းက ရိုးရှင်းတယ်၊ “ မင်း မျက်စိ မမြင်ဘူး”
ဒါပေမယ့် ဒုတိယ စာတန်း ကတော့ “ မင်းမမြင်နိုင်တဲ့အရာကိုမြင်နိုင်တဲ့ သူတို့ဟာ အင်မတန်မှ ကံကောင်းတယ်” လို့ ပြောတာ။
ဒါဟာဘာဖြစ်လို့ မင်းအပေါ် လူတွေပိုနှစ်ခြိုက်သွားသလဲဆိုတဲ့အကြောင်းအရင်းပဲ။
***( သင့်မှာ ပိုင်ဆိုင်သမျှကို ကျေးဇူးတင်ပါ၊ ဖန်တီး တွေးခေါ်နိုင်စွမ်းရှိပါ၊ သူတပါးနဲ့ မတူတဲ့အတွေးမျိုးတွေးတတ်ပြီး အကောင်းမြင်တတ်ပါ၊ ဘဝက သင့်ကို ငိုဖို့ အကြောင်း အခု (၁၀၀) ပေးရင် သင်က ပြုံးပြဖို့ အကြောင်း အခု(၁,၀၀၀) ပြန်ပေးပါ။
အတိတ် ကို ပြန်နောင်တ မရနေပါနဲ့တော့၊ ပစ္စုပ္ပန်ကိုဆုပ်ကိုင်ပြီးယုံကြည်မှုအပြည့်နဲ့ဖြတ်သန်းပါ၊ အနာဂတ်ကို ကတိနဲ့ဖြတ်သန်းပါ။ အကြောက်တရားကို လွှတ်ချခဲ့ပါ။
လောကမှာ အလှပဆုံး က ကိုယ့်ဘေးနားကလူတွေပြုံးပျော်နေခြင်းပဲ။
ဒီ့ထက်ပိုပြီး အလှဆုံး က သူတို့ပြုံးပျော်စေတဲ့အကြောင်းအရင်းက ကိုယ်ဖန်တီးထားခြင်းကြောင့်ပဲ။ )***
😊
Credit: .Wa Than