အချစ်ရေး နဲ့ပတ်သတ်ပြီး ဘန်နီဖြိုး က Myanmar Celebrities (Myanmar Cele Wiki) ကိုပြောပြခဲ့ပါတယ်။ ပြစရာမရှိလို့ဘာမှမတင်ပါဘူး။ အခုချိန်မှာလုပ်စရာရှိတာဟာတွေပဲလုပ်နေတာကောင်းပါတယ်။ အချစ်ရေးဆိုတာ သူ့ဘာသူအချိန်တန်ရင်ရစရာရှိ ရမှာပဲလေ။ တသက်လုံး လူပျိုကြီး ဖြစ်ရင်လဲဇြစ်သွားနိုင်တာပဲ။ အဲတော့အချစ်ရေးအပေါ်မှာအများကြီးသိပ်ပြီးတော့ စဉ်းစားထားသေးတာမရှိပါဘူး။ ရှာတိုင်းလဲရတဲ့အရာမဟုတ်ဘူးလေ။ ကိုယ်မရှာပေမယ့်လဲရရင်ရမှာပဲ။ မလိုချင်ဘူးညည်းနေပေမယ့်လဲ ရချင်ရသွားနိုင်တာပဲ။ အရမ်းလိုချင်လို့ ငမ်းငမ်းတက်ရှာပေမယ့် လူပျိုကြီး ဖြစ်ချင်လည်းဖြစ်နိုင်တယ်။ ကိုယ်ကဘယ်လိုမျိုးမှန်းထားမှန်းထား ကိုယ့်ဆီရောက်လာတဲ့ဟာက ကိုယ်မှန်းထားတာဖြစ်ချင်လဲဇြစ်မယ် ကိုယ်မှန်းထားတာထက်လဲမိုက်ရင်လဲမိုက်နေမှပေါ့။ အဲပေါ်မှာတော့ ကြိုစဉ်းစားထားတာမရှိပါဘူး။

အခုချိန်မှာအားနေတော့ သီချင်း တွေထိုင်ရေးနေတယ်။ သီချင်း တွေတောင်တော်တော်များနေပြီ ပြောရမယ်ဆိုရင်တော့ နောက်အခွေမီနီအယ်ဘမ်တောင်ထွက်လို့ရပြီ။ သီချင်း တွေကခုတလောမှာ အလုပ်ဖြစ်ဆုံးအရာပါပဲ။ ဆိုင်အသစ်ဖွင့်ဖို့လဲ သူငယ်ချင်းတွေဝိုင်းစဉ်းစားထားတာတွေရှိတယ်။ ရှိုးပွဲ တွေကသြဂုတ်လထဲမှာ ရှိုးပွဲတွေပြန်စမယ်။ အဲဒီအတွက်ကိုပရိသတ်တွေကိုဘယ်လိုဖျော်ဖြေမလဲ သီချင်း အသစ်တွေဘယ်လိုတင်ဆက်မလဲဆိုတာ စီစဉ်နေပါတယ်။ ကိုယ့်သီချင်းတွေအားပေးတယ်ဆိုတော့ ပျော်ပါတယ်။ ဘယ် သီချင်း ပဲဖြစ်ဖြစ်ပေါ။့ ကိုယ်ပိုင်ဖီလင်နဲ့ သီချင်း ရေးဖြစ်တာလားဆိုတော့ ဒီလိုပဲရေးဖြစ်တာများပါတယ်။

လိုသုံး သီချင်း ကစားလုံးလေးနဲ့အကြောင်းရေနဲ့တိုက်ဆိုင်လို့ ရေးဖြစ်သွာတာပါ။ ရွှေမှုံရတီနဲ့ရိုက်ကူးတဲ့သီချင်းကတော့ V7 ပေ့ခ်ျကနေ မွေးနေ့မှာတင်မယ်ဆိုတော့စဉ်းစားတာ့ ရွှေမှုံရတီကသင့်တော့လို့ ရိုက်ဖြစ်သွားတာပါ။ ဘာမှတော့မဟုတ်ဘူး ရှုတင်ပြီးသွားတော့တင်စရာ ဓာတ်ပုံ မရှိတော့ သီချင်း စာသား နဲ့ ရိုက်ကွင်း ပုံလေးတင်ဖြစ်သွားတယ်။ ရွှေမှုံရတီကိုလဲတပ်လိုက်တယ်။ တပ်လိုက်တော့ ပရိသတ်တွေပြောဖြစ်သွားတာပါ။ လိုသုံးဆိုတာအချစ်မှမဟုတ်ဘူး သူငယ်ချင်းပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ် အဲဒီဖီလ်ကလူတိုင်းမှာရှိမယ်လို့ထင်တယ်။ အဲဒါကြောင့်လဲ ဖီးလ် ကြတာဖြစ်မယ်။ ကျွန်တော်လဲစိတ်ထဲပေါ်လာလို့ရေးဖြစ်သွားတဲ့ သီချင်း ပါ။ ထူးထူးခြားခြားတော့ ကိုယ်ပိုင်ဖီလင်ကြီးကြောင့်ရယ်တော့မဟုတ်ပါဘူး။ ဟိုးငယ်ငယ်တုန်းက လိုသုံးဖြစ်ဘူးမယ်ထင်တယ်။ ရည်းစားဦးတို့ဘာတို့ဆိုဖြစ်ဘူးမှာပေါ့။ အသက်(၂၅)ပြည့်မွေးနေ့တုန်းကအဖြစ်ပျက်လေးတွေကိုလဲပြောပြသွားပါတယ်။ မွေးနေ့ တုန်းကလဲ လိုသုံး သီချင်း အွန်လိုင်းမှာတင်ခဲ့ပြီးထူးထူးခြားခြားမွေးနေ့ပွဲမလုပ်ခဲ့ပါဘူး။ မနှစ်ကတော့KFC နဲ့ပွဲလုပ်ခဲ့ပါတယ်။ ဖန်တွေကလဲ မွေးနေ့ အတွက်ကိတ်မုန့်နဲ့ လက်ဆောင်တွေအိမ်အထိပို့ပေးခဲ့ပါတယ်။ မွေးနေ့တိုင်းမှာအမှတ်တရတွေရှိခဲ့ပါတယ်။ ငယ်ငယ်တုန်းကတော့ မိဘတွေလုပ်ပေးတဲ့အမှတ်တရ။ ကြီးလာတော့သူငယ်ချင်းတွေ လုပ်ပေးတဲ့အမှတ်တရ။ ဘန်နီဖြိုး ဆိုပြီးဖြစ်လာတဲ့အချိန်မှာ ပရိသတ်တွေ လုပ်ပေးတဲ့အမှတ်တရနဲ့ အနုပညာ သူငယ်ချင်းတွေနဲ့ပရဟိတတွေလုပ်ခဲ့ပါတယ်။ အရင်တနှစ်ကမွေးနေ့မှာ ဘုန်းကြီး ၀တ်ဖြစ်ခဲ့သေးတယ်။နောက်နှစ်မှာ ပွဲကြီးတွေလုပ်ပြီး မွေးနေ့ အမှတ်တရလုပ်ဖို့စီစဉ်နေပါတယ်။

အသက်ကြီးလာလေလေ ဘာမှမလုပ်ချင်တော့လေပဲ။ တချို့ဟာတွေကလဲ စိတ်ကုန်သွားတာပါတယ်။ မလိုအပ်တော့ဘူးလို့ထင်လာတဲ့အရာတွေလဲရှိတယ်။ မလုပ်ချင်တော့တဲ့အရာတွေရှိလာပေမယ့်လဲ လုပ်ချင်တာလေးတွေတော့တိုးလာပါတယ်။ ကိုယ့်အသက်ဘယ်လောက်ရောက်ရင်ဘာလုပ်ရမယ်ဆိုတဲ့ ဘ၀ နဲ့ပတ်သတ်တဲ့ဂိုးလေးတွေတော့ သတ်မှတ်ထားတယ်။ ကိုယ်လုပ်မှပဲကိုယ်ရမယ်ဆိုတော့လက်ရှိမှာ အကောင်းဆုံးဖြစ်အောင်ကြိုးစားနေပါတယ်။

Credit : Myanmar Celebrities