ဒီ ပာင်းပွဲ က ဖက်ထုပ် ပြုတ် နဲ့ခပ်ဆင်ဆင်ပါ။ဒါပေမယ့် ဖက်ထုပ် က ကြက်သား ကိုကြိတ်၊ ဖက်ထုပ် ရွက်ဖြစ်တဲ့ဂျုံရွက်နဲ့ထုပ်တာဖြစ်ပြီးဒီပာင်းပွဲအတွက်ကတော့ မုန့်နှစ်ရည် ကိုကိုယ်တိုင်စပ်ရတာဖြစ်ပါတယ်။ ယူနန် ပာင်းပွဲ တစ်မျိုးဖြစ်ပြီးပာင်းပွဲအမည်တော့မပေးထားပါဘူး။တရုတ်လို ဆူကျီ ခေါ်တယ်ထင်ပါတယ်။

ပာင်းရည် လို့ပြောပေမယ့်အရည်ကိုဦးစားပေးစားရတဲ့ ပာင်းပွဲ မျိုးတော့မပာုတ်ပါဘူး။ဒီ ချက်နည်း ကို မြန်မာ အမည်ပေးရတော်တော်ခက်ပါတယ်ကြော်လည်းကြော်ထားပြန်လဲပြုတ်ထားတယ်ဆိုတော့ ကြက်သားစလုကြော် ချက်လို့ပဲပေးထားပါတယ်။
ကြက်သားစလုကြော် ချက်

ပါဝင်ပစ္စည်းများ
ကြက်ရင်ပုံသား………………၂ခု
ချင်းသေးသေး………………..၁တက်
ကြက်စွပ်ပြုတ်ရည်…………….၃လီတာခန့်
ကြက်သွန်မြတ်+တရုတ်နံနံ….အနည်းငယ်
ငရုတ်ကောင်းမှုန့် …………….အနည်းငယ်
မုန့်နှစ်ရည်အတွက်
*************
ဂျုံနုမှုန့်……………. ၁၀၀ ဂရမ်
ဆား…………………အနည်းငယ်
ဆိုဒါမှုန့်……………..အနည်းငယ်
ကြက်ဥ……………… ၃လုံး
ရေ……………………လိုအပ်ရုံ
ကြက်ရိုး (သို့) ခေါင်းခြေထောက် များကို ရေ(၄) လီတာလောက်နှင့်ကြက်ပြုတ်ရည်ပြုလုပ်ထားပါ။
ပာင်းရည် ကြည်လင်နေစေဖို့ဂရုပြုပါ။
ပထမဆုံး ကြက်သား များကို ၂ စင်တီမီတာ
လောက်တုံးပြီးပြီဆိုရင် မုန့်နှစ် ရည်အတွက်
ပါဝင်ပစ္စည်းအားလုံးကိုနှံ့အောင်ရောခေါက်ပါ။
စေးပျစ်ပျစ်( ညောင်စေးကဲ့သို)မုန့်နှစ်ရည်ရပြီဆိုပါကဇွန်းခွက်လုံးသေးသေး(ငံပြာရည်ခပ်တဲ့ဇွန်းမျိုး)မှာ၂စင်တီမီတာကြက်သားတုံး
လေးတစ်တုံးစီကိုထည့်ပြီးမုန့်နှစ်ဖုံးအုံးပါ။
ထို့နောက် ဆီပူအိုး ထဲတွင်နှစ်လိုက်ပါ။
ထို ကြက်သားလုံးလေးကဇွန်းခွက်မှကျွတ်
ထွက်သွားမှ ဇွန်းလုံး လေးကိုဆီပူမှပြန်ဖယ်ရှားပေးပါ။
အရောင်အရမ်းမရင့်စေပဲရွှေအိုရောင်သန်းလာသည်ဆိုရုံနှင့် ဇကာ ဖြင့်စစ်ထုတ်ပြီးဆီစစ်ထားပါ။
ကြက်သားကြော် တဲ့အချိန်ကတော့ လက်ဝင်လှသလိုစိတ်လည်းရှည်ရပါတယ်။
ဒီကြော်တဲ့အဆင့်ပြီးရင်တော့ပာင်းပွဲကပြီးဆုံးသလောက်ပါပဲ။
ကြက်စွပ်ပြုတ်ရည် ကိုချင်းနဲ့အတူအပူပေး
ပြီးဆား၊ ပာင်းခတ်မှုန့် တို့နှင့်အရသာသွင်းပါ။
ဆူလာပြီဆိုရင်တော့ ကြက်သားလုံးကြော်
လေးများကိုပေါင်းထည့်၊မီးလျှော့
ချပြီး၁၅ မိန်စ်လောက်မီးအေးအေးနှင့်အဖုံး
ပိတ်ချက်ပါ။
ကြော်ထားတဲ့ မုန့်နှစ်သားလေး များကပာင်း
ရည်ပြည့်ဝစွာစုပ်ယူပြီးချိန်လောက်မှာငရုတ်
ကောင်းခတ်ပြီးကြက်သွန်မြိတ်၊တရုတ်နံနံလေးဖြူးပေးလိုက်ရင်အဆင်သင့်ဖြစ်ပါပြီ။

Credit : ဟင်းချက်နည်းများ