ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး ၁၇၆ မိုင်အနီးမှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့ နံနက် အစောပိုင်းက ညအိပ်ရပ်နားနေတဲ့ ယာဉ်ကို ဓါးပြတိုက်လုယက် ထွက်ပြေးသွားတဲ့ လူ ၄ ဦးအဖွဲ့ထဲက ၂ ဦးကို သြဂုတ် ၂၁ ရက်နေ့ နံနက်ပိုင်းက ထပ်မံဖမ်း ဆီးရမိထား တယ်လို့ သိရပါတယ်။

အဆိုပါလုယက်သူ ၄ ဦးဟာ ဟွန်ဒါဖစ် ယာဉ်တစ်စီးနဲ့ လာတာဖြစ်ပြီး အမြန်လမ်း ၁၇၆ မိုင် ၂ ဖာလုံအနီး ညအိပ်ရပ်နားေ နတဲ့ အမျိုးသား၂ ဦးထံကို လူ ၃ ယောက်က ဓါးရှည် ၃ ချောင်းဖြင့်ခြိမ်းခြောက်ပြီး ငွေသားသိန်း ၅၀ ကျပ်၊ ရွှေဆွဲကြိုး၊ လ က်ကိုင်ဖုန်းတို့ အပါအ၀င် ကျပ်သိန်းပေါင်း ၈၅ သိန်းခန့်ကို လုယူသွားတာဖြစ်ပါတယ်။

ထိုကဲ့သို့ လုယက်မှုဖြစ်ပွားပြီး တစ်လခန့်အကြာ သြဂုတ် ၁၂ ရက်နေ့တွင် ဓါးပြတိုက်လုယက်သူ ၄ ဦးအဖွဲ့မှ မိုးကြီး(ခ) မိုးမင်းအောင် ၂၂ နှစ်(ဘ)ဦးဘို၊ကုလားရွာ၊ အေလာကျေးရွာအုပ်စု၊ လယ်ဝေးမြို့နေသူနှင့် ဇင်လေး (ခ)ဇင်လင်းအောင် ၂၅ နှစ်(ဘ)ဦးသန်းဝင်း၊ ကုလားရွာ၊ အေလာကျေးရွာအုပ်စု လယ်ဝေးမြို့နေသူတို့ ၂ ဦးအား ကနဦးဖမ်းဆီးရမိကာ ၄င်း တို့ထံမှငွေကျပ် ၁၂ သိန်း ကျော်၊ လုယက်ရာတွင် အသုံးပြုခဲ့သည့် ဓါးရှည်၂ ချောင်းနှင့် ဆိုင်ကယ် ၁ စီးတို့အား ဖမ်း ဆီး ရမိခဲ့ပါတယ်။

 

အဆိုပါ ဖမ်းဆီးရမိသူနှစ်ဦးအား ဖမ်းဆီးစစ်ဆေး ပြီးနောက် ၄င်းတို့နှင့်အတူ ဓါးပြတိုက်လုယက်ရာတွင် ပူးပေါင်းပါဝင်ပြီး ထွက်ပြေးတိမ်းရှောင်နေကြသူများ ဖြစ်သည့် အေးမင်း(ခ)မျိုးချစ်၃၅ နှစ် ခန့်၊(ဘ)ဦးတင်ဝင်း ယာဉ်မောင်း/ကားပွဲစား၊ အောင်သုခ(ခ)စိန့်နန့်တုန်းရွာ၊ ပုပ္ဗသီရိမြို့နယ်၊နေပြည်တော်နေသူနှင့် ဖိုးစိုး ၃၂ နှစ် (ဘ) တက္ကစီယာဉ်မောင်း ဇမ္ဗူသီ ရိမြို့နယ်၊ ဇမ္ဗူသီရိ အထူးကုဆေးရုံဝင်း(ပုဂ္ဂလိက)၊ C ဆောင်၊ နေပြည်တော် နေသူတို့ ၂ ဦးအား သြဂုတ် ၂၁ ရက်နေ့ နံနက် ၈ နာရီခွဲခန့်၌ မြ၀တီမြို့မ ရဲစခန်းမှူုးရဲမှူး ကိုကိုနိုင်နှင့်အဖွဲ့ထပ်မံဖမ်းဆီးရမိထားခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့အဖွဲ့ကို တောင်ငူခရိုင်ရဲတပ်ဖွဲ့မှ ရဲအုပ်တင်ဦး၊ သာဂရအမြန်လမ်း ရဲစခန်းမှူး ရဲအုပ်ရာဇာလင်း၊ ဆွာနယ်မြေ ရဲ စ ခန်းမှူး ရဲအုပ်ညီညီဌေး ပူးပေါင်းအဖွဲ့ တို့မှ ကျေးလက်တောရွာများကို နယ်မြေများအထိ ကွင်းဆင်းစုံစမ်းဖော်ထုတ်ခဲ့ပြီး သြဂုတ် ၂၁ ရက်နေ့ မှာတော့ ၄ ဦးစလုံး ဖမ်းမိထားတာဖြစ်ပါတယ်။

Credit: ဇော်ဝင်းချစ်(တောင်ငူ)
၂၁.၈.၂၀၁၇
Thatmaga Wall