ကံကောင်းတဲ့ အားလပ်ရက်ရသူ သန်းပေါင်းများစွာ ပြည်ပကို အလည်ခရီး သွားရောက်နေချိန်မှာ ဥရောပရဲတပ်ဖွဲ့က “ခင်ဗျား ဒီမှာရှိရင်ကောင်းမှာပဲ” ဆိုတဲ့ ပို့စ်ကတ်တွေနဲ့ အကူအညီတောင်းဖို့ ကြိုးစားနေပါတယ်။
သည်ပို့စ်ကတ် အပို့ခံရမယ့်သူတွေဟာ ဥရောပမှာ အလိုရှိဆုံးသူတေ∑ဖြစ်ပြီး ဒါက သူတို့ကို ဖမ်းမိဖို့ ရဲတပ်ဖွဲ့ရဲ့ နောက်ဆုံးပေါ် ကြိုးပမ်းမှု ဖြစ်ပါတယ်။

“အားလပ်ရက် အပန်းဖြေနေရာတွေဟာ ထွက်ပြေးနေတဲ့ ရာဇဝတ်ကျူးလွန်သူတွေ ပုန်းဖို့အကောင်းဆုံးနေရာတွေပဲ” လို့ ရဲအေဂျင်စီက ဖော်ပြပါတယ်။
လှပတဲ့ပို့စ်ကတ်တွေကို ဥရောပရဲတပ်ဖွဲ့နဲ့ ဥရောပဝရမ်းပြေးရှာဖွေရေးအဖွဲ့ကွန်ရက် (ENFAST) က ပူးပေါင်းဖန်တီးပါတယ်။

ပို့စ်ကတ်တစ်ခုစီမှာ ဥရောပရဲ့ အထင် ရှားဆုံး ဝရမ်းပြေးတစ်ဦးစီပါဝင်ပြီး သူတို့ ဟာ ဥရောပသမဂ္ဂနိုင်ငံတွေကြားထဲမှာ ကြီးလေးတဲ့ပြစ်မှုတွေ ကျူးလွန်ခဲ့ကြပါတယ်။ အဲသည်ပြစ်မှုတွေထဲမှာ လူသတ်မှု၊ လိမ်လည်မှုနဲ့ မူးယစ်ဆေးရောင်းဝယ်မှုတွေ ပါဝင်ပါတယ်။

သူတို့အားလုံးဟာ ပြည်ပကို ထွက်ပြေးနေကြပေမဲ့ သူတို့ရဲ့ နေရာအတိအကျ ကို ရဲက မသိပါဘူး။
ပို့စ်ကတ်တွေရဲ့ ဟာသမြောက်မှုကြောင့် သည်ပို့စ်ကတ်တွေကို အီဖဲလ်တာ ဝါထိပ်ဆုံးကနေ အဒရီယာကမ်းခြေအထိ မျှဝေကြလိမ့်မယ်လို့ ထောက်လှမ်းရေးတွေက မျှော်လင့်နေကြပါတယ်။

စုပြည့်စုံ
[ref: BBC, Aug 5, 2017.]
Credit: Kumudra