အဖေ ဖြစ်သူတိုင်းကတော့ သမီး တွေနဲ့ပတ်သက်လာရင် အမြဲဂုဏ်ယူနေကြတာပါ။ သမီး ဖြစ်သူအပေါ် မှည့်တစ်ပေါက်တောင် အစွန်းအထင်းမခံချင်တဲ့ ဖခင် တွေက သမီး မိန်းကလေး တွေကို အမြဲကာကွယ် စောင့်ရှောက်မှုပေးတဲ့အထဲမှာတော့ စစ်သူကြီးရှုံးလောက် ပါတယ်။ ဒါပေမယ့် အခု ဖခင် တစ်ဦးကတော့ သူ့ သမီး ဖြစ်သူအတွက် ဂုဏ်ယူနေတယ်ဆိုတဲ့အကြောင်းက ထူးဆန်းပါတယ်။

ဘာလို့ဆို သမီး ဖြစ်သူ အပြာ မင်းသမီး တစ်လက်ဖြစ်တာကို သူ့အနေနဲ့ ဂုဏ်ယူနေတာပါတဲ့။ ဒါက လူ့ ပတ်ဝန်းကျင် နဲ့ သိပ်မရင်းနှီးပေမယ့် ဖခင် နဲ့ သားသမီး ကြားက မေတ္တာ တရားနဲ့ ပြောမယ်ဆိုရင် တော့ လက်ခံလို့ရပါတယ်။

အော်ရာရာစနိုးလို့ခေါ်တဲ့ အမျိုးသမီး တစ်ဦးက လွန်ခဲ့တဲ့ ၂၀၀၀ ၂၀၁၁ ခုနှစ်တွေမှာ အပြာဇာတ်ကား ရုပ်ရှင်သရုပ်ဆောင်တွေကြားထဲ အောင်မြင်တဲ့မင်းသမီးတစ်လက်ဖြစ်ခဲ့ပါတယ်။ သူမရဲ့ အပြာဇာတ် ကား သရုပ်ဆောင်မှု နဲ့ ဝင်ငွေတွေက ယခုနှစ်ပိုင်းတွေအထိကို ကြေးအမြင့်ဆုံးအထိရရှိနေခဲ့ပါသေး တယ်။ ဒါပေမယ့် အခုတော့ သူမက အဲ့ဒီအလုပ်ကနေ အနားယူလိုက်ပါပြီတဲ့။

အပြာ မင်းသမီး ရဲ့ ဖခင် ဖြစ်သူ ကို သမီး ဖြစ်သူရဲ့ အပြာ ဇာတ်ကား လောကအောင်မြင်မှုနဲ့ပတ်သက်ပြီး စိတ်ခံစားချက်မေးမြန်းမှုမှာတော့ သိပ်ကို အံ့အားသင့်စရာကောင်းပြီး စိတ်ဝင်စားစရာလည်း ကောင်း ပါတယ်။ ဖခင်က သမီးဖြစ်သူအနေနဲ့ ဒီလိုမျိုး ညစ်ညမ်းအပြာ ဇာတ်ကား တွေကနေ ဝင်ငွေရှာဖွေနေတာကို သိသိချင်းမှာ စိတ်ခံစားမှုအကြီးအကျယ်ရရှိသွားခဲ့တယ်လို့ ဝန်ခံပါတယ်။ ဒါပေမယ့် နောက် ပိုင်းတော့ သမီး ဖြစ်သူအတွက် ဂုဏ်ယူပါတယ်လို့ ဆိုပါတယ်။

ဖခင် နဲ့ သူငယ်ချင်း ဖြစ်သူတို့ စကားလက်ဆုံကြတိုင်းမှာ သူငယ်ချင်း တွေက “သမီး ဖြစ်သူ အပြာခေါင်း ဆောင်မင်းသမီးတစ်လက်ဖြစ်နေလို့ မရှက်ဘူးလား” မေးလာတိုင်း ပြန်ပြန်ပြီးပြောတတ်လေ့ရှိတာက “သမီး ဖြစ်သူက ကုတင်ပေါ်မှာ အတူဆက်ဆံတဲ့အခန်းတွေ ရိုက်ပေးရ လို့ ဝင်ငွေရှာဖွေနိုင်သလိုမျိုး မင်းတို့ကော ကုတင်ပေါ်မှာ ပိုက်ဆံရှာဖွေနိုင်သလား။ မင်းတို့က ပိုက်ဆံပေးရတာမဟုတ်ဘူးလား” ဆိုတာမျိုးနဲ့ ကြံဖန်ပြီး သမီးဖြစ်သူကို ကာကွယ်ဂုဏ်ယူနေတတ်တဲ့ ဖခင်တစ်ဦးပဲဖြစ်ပါတယ်။

Credit: သဒ္ဒါချို(ရွှေအင်းလေး)
Credit : yomalann