လုပ်ငန်း တစ်ခု စတင်လုပ်ဆောင်ကြတဲ့အခါမှာ အမြဲလိုလို တောင်ခြစ်မြောက်ခြစ် လျှောက်လုပ်မနေပါနဲ့။ သင့်ရဲ့ အလုပ် ထဲမှာ လက်ခံနိုင်လောက် တဲ့ တီထွင် ဆန်းသစ်မှုလေး နည်းနည်းလောက်ထည့်ပြီး လှည့်စားလိုက်လို့ ရပါတယ်။

ရာထူး တက်ဖို့ဆိုတာ တကယ်ကို မလွယ်ကူမှန်း ကျွန်တော် တို့အားလုံးလည်း သိထားပြီးသားပါ။ ဒါပေမဲ့ ခက်တယ်လို့တော့ မဆိုသာပါဘူး။ လမ်းသာသိမယ်ဆို လွယ်လွယ်လေးပါ။ အားလုံးက အကောင်းတွေချည်းပဲ ဖြစ်လာပါလိမ့်မယ်။ ဘယ်လုပ်ငန်းခွင်မှာမဆို အလုပ် ကြိုးစားပြီး တီထွင် ဖန်တီးဉာဏ်ရှိတဲ့ ဝန်ထမ်း မျိုးကို မျှော်လင့်နေကြတာချည်းပါပဲ။ ဒါကြောင့် သင့်အနေနဲ့ ရာထူး တိုးချိန်တန်ပြီလို့ ယူဆနေမယ်ဆိုရင် အခုဖော်ပြထားတဲ့ အချက်ကလေးတွေမှာ နည်းနည်း လောက် အားလေးထည့်ပြီး လုပ်ဆောင်ကြည့်လိုက်ပါ။ တော်တော် အသုံးဝင်တာကို တွေ့လာရပါလိမ့်မယ်။ သင့်ရဲ့ ပစ်မှတ်ကို တန်းတန်းကြီး ထိသွားစေမှာ မလွဲပါဘူး။

(၁) ကိုယ့်ကိုယ်ကိုယ် ရောင်းချ ပါ
Senior တွေနဲ့တင်မကဘူး၊ Junior တွေနဲ့လည်း ထိတွေ့မှု ရှိနေရမယ်။ ဒီအချက်က အတော်လေး အရေးကြီး တယ်။ communication ကောင်းကောင်းလေးတစ်ခု တည်ဆောက်နိုင်ဖို့အတွက် လူတွေရဲ့ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် ရောင်းချ တတ်ရမယ်။ အထူးသဖြင့် ရုံး က ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက် တွေနဲ့ ဆက်ဆံရေး ကောင်းမွန်တဲ့ environment (ပတ်ဝန်းကျင်) လေးတစ်ခုဖြစ်အောင် တည်ဆောက်နိုင်ရမယ်။
(၂) အကောင်းဆုံး ဆိုတာတွေမှာ အာရုံ စူးစိုက် ပါ
လုပ်ငန်းခွင် အတွင်းက ဖြစ်ပျက်နေတာတွေနဲ့ပတ်သက်တဲ့ အသိပညာ ဗဟုသုတ တွေကို တိုးချဲ့ရမယ်။ ဒီအချက် ကလည်း အတော်လေး အရေးကြီးတယ်။ ဘာလို့လဲဆိုရင် ကိုယ့်ရဲ့ အထက်လူကြီးက မေးလာတဲ့အခါမှာ ကိုယ့် ဘက်က ကြောင်အမ်း အမ်းဖြစ်နေလို့ အဆင်မပြေဘူး။ သူမေးတာနဲ့ ကိုယ့်ဘက်က ချက်ချင်း ဖြေနိုင်မယ်ဆိုရင် ကိုယ့်နာမည်သတင်းလည်း မွှေးလာလိမ့်မယ်။ ဒါကြောင့် မျက်လုံးကိုဖွင့်ပြီး နားကို စွန့်ထားပါ။

(၃) အဖွဲ့အစည်း နဲ့ လုပ်ကိုင်တတ်သူတစ်ယောက်ဖြစ်ပါစေ
ဘယ်လိုတာဝန်မှာမဆို ဦးဆောင်ဦးရွက် ပြုလုပ်ပေးရတဲ့ အဖွဲ့ ခေါင်းဆောင် တစ်ယောက်လည်း ဖြစ်လာနိုင် တယ်။ ဒါကြောင့် ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေကို မလေးမစား ဘယ်တော့မှ မလုပ်မိပါစေနဲ့။ အတိုးချုံးပြီးပြောရ ရင်တော့၊ တာဝန်ယူတတ်အောင် သင်ယူထားရမယ်။ ဒါဆို လူတွေကလည်း ကိုယ့်ရဲ့ လုပ်ရည်ကိုင်ရည်နဲ့ သိသာမြင်သာတဲ့ အလုပ်ကြိုးစားမှု တွေကို အသိအမှတ်ပြုလာကြလိမ့်မယ်။
(၄) အဆက်အသွယ် တွေ ရှာပါ
တခြားလူတွေက သင့်ကို လိုအပ်နေတဲ့အချိန်မှာ သင်ကိုယ်တိုင်ကလည်း လိုလိုလားလားနဲ့ ပါဝင်ဆောင်ရွက်ဖို့ လိုပါတယ်။ ဒီလိုပြုလုပ်ခြင်းအားဖြင့် သင်နဲ့ပတ်သက်ပြီး လူသိများလာမယ်။ လက်ခံလာမယ်။ ပြီးတော့ ကံကောင်းမယ်ဆိုရင် ကိုယ်လို အပ်လာတဲ့အချိန်မှာလည်း အခွင့်အလမ်း တွေ ဖြစ်လာစေပါလိမ့်မယ်။

(၅) မြင်သာတဲ့အရာတွေမှာ အောင်မြင် အောင် စွမ်းဆောင်ပါ
ကြွားဝါနေဖို့မလိုပါဘူး။ ကိုယ်ဘယ်လောက် တော်တယ်ဆိုတာကိုပဲ သက်သေပြဖို့လိုတာပါ။ ဒါပေမဲ့ ဒီနေရာမှာလည်း ကိုယ့်ရဲ့ အတိတ် က လုပ်ဆောင်နိုင်ခဲ့တာတွေနဲ့ပတ်သက်ပြီး အားလုံးကို စကားဖောင်ဖွဲ့ပြီး ပြန်ပြောင်း ပြောပြနေရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ နာမည်ထက် နည်းနည်းလေး ပိုသိသွားရုံလောက်ပဲ ပြောပြပါ။ ဒါပေမဲ့ ကိုယ်ကြိုးစား လုပ်ဆောင်ခဲ့ တဲ့ အလုပ်တွေ၊ တာဝန်တွေ၊ စွမ်းဆောင်နိုင်ခဲ့မှုတွေကိုတော့ ရေးမှတ်ထားပါ။ ဒါမှသာ ပြောဖို့ကြုံလာတဲ့အခါမျိုးတွေမှာ ကောင်းကောင်းမွန်မွန်နဲ့ တိတိကျကျ ပြန်ပြောပြတတ်မှာ ဖြစ်ပါတယ်။
(၆) တီထွင် ဆန်းသစ် နိုင်စွမ်းကို မြှင့်တင်ပါ
လုပ်ငန်းတစ်ခု စတင်လုပ်ဆောင်ကြတဲ့အခါမှာ အမြဲလိုလို တောင်ခြစ်မြောက်ခြစ် လျှောက်လုပ်မနေပါနဲ့။ သင့်ရဲ့ အလုပ်ထဲမှာ လက်ခံနိုင်လောက် တဲ့ တီထွင် ဆန်းသစ်မှုလေး နည်းနည်းလောက်ထည့်ပြီး လှည့်စားလိုက်လို့ ရပါတယ်။ သင့်အနေနဲ့ သိတာမရှိဘူးဆိုရင် တောင်မှ သင့်ရဲ့လုပ်ဆောင်ချက် က ဆန်းသစ် တီထွင် ထားသလိုဖြစ်နေမယ် ဆိုရင် သင့်အထက်ကလူတွေကလည်း သင့်ကို သဘောကျလာပါလိမ့်မယ်။
Reference: youngisthan
Credit : Duwun