မိကျောင်း တစ်ကောင်က ရေထဲဆွဲချကာ အစားခံရတော့မယ် ဘေးမှ အာဖရိက ဆိတ်သမင် တစ်ကောင်ကို ရေမြင်းတွေက ကယ်တင်ပေးလိုက်ကြောင်း သိရသည်။

အံ့သြဖွယ် ဒီ ဗွီဒီယိုဖိုင် ကို တောင်အာဖရိကရှိ ကရုဂါတောထဲမှာ ရိုက်ကူးခဲ့သည်။ အသက် ၇၂ နှစ်အရွယ် ပင်စင်စား ဗန်ဝိုက် ဆိုသူက ထိုတောထဲသို့ သူ့ ဇနီး တိုကီနှင့်အတူ အလည်အပတ်သွားစဉ် ရိုက်ကူးခဲ့သည်။

မြင်းကြား တွေနဲ့အတူ ရှိနေခဲ့တဲ့ အာဖရိက ဆိတ်သမင် ဟာ မြစ်ကမ်းဘေး စားကျက်တွင် ကျက်စားနေခဲ့ရာမှ ရေသောက်ဆင်းခဲ့သည်။ တိုကီက ဒီဖြစ်စဉ်ကို အဝေးကနေ ကင်မရာဖြင့် ရိုက်ကူးနေခဲ့သည်။

 

ကံမကောင်းတဲ့ အာဖရိက ဆိတ်သမင် တစ်ကောင်ကို ရေထဲမှ မိကျောင်းကြီး တစ်ကောင်က လှမ်းဟပ်ခဲ့သည်။ ၈ မိနစ်ခန့်ရှိတဲ့ အချိန်အတိုင်းအတာဟာ အာဖရိက ဆိတ်သမင် အတွက် အသက်လုရုန်းကန်နေခဲ့ရသည်။

မိကျောင်း က ကုန်းပေါ်ထိ ဆိတ်သမင် ရဲ့ခြေထောက်ကို ကိုက်ချီလျှက် ပါလာသည်။ ဆိတ်သမင် က မြေကြီး ကို အားယူပြီး ရုန်းကန်နေသည်။ ဘေးမှ ဆိတ်သမင် အဖော် များကလည်း ငေးကြည့်နေကြသည်။

နောက်ဆုံးတော့ မိကျောင်း က အနိုင်ရက ရေထဲသို့ ဆွဲချခဲ့သည်။ ကမ်းစပ် တွင် ခေတ္တငြိမ်နေခဲ့သည်ကို မြစ်ထဲ တွင်ရှိသော ရေမြင်း နှစ်ကောင်က မြင်သွားခဲ့သည်။ ထိုအခါ မီကျောင်း ဆီသို့ပြေးကာ ကိုက်ထားသည့် ဆိတ်သမင် ရဲ့ခြေထောက် ကို လွတ်သွားစေရန် ခြောက်လှန့်ကြသည်။

မိကျောင်း လည်း ကိုက်ထားတဲ့ ခြေထောက် ကို လွှတ်ပြီး လက်လျော့ခဲ့သည်။

ဒီသတင်းကို Dailymail ဝက်ဆိုက်တွင်ဖော်ပြထားပြီး စိတ်ဝင်စားဖတ်ရှုသူ၊ မှတ်ချက်ပေးသူများ များပြားခဲ့သည်။

Credit : PannPwint