ဒီ လုပ်ငန်း ဟာလည်း လုပ်ငန်း ဈေးကွက် မှာ လိုအပ်မှုအများဆုံးထဲက တစ်ခုလို့တောင် ဆိုနိုင်ပါတယ်။ယနေ့ခေတ်ကြီးထဲမှာ အိမ် ကနေ အလုပ် လုပ်ပေးရတဲ့ နယ်ပယ်တစ်ခုဟာဆိုရင် တိုးတက်မှုအား အရမ်းကောင်း လာနေပြီး ဝန်ထမ်းတစ်ယောက်လိုပဲ စကေးတွေ၊ အရည်အချင်းတွေအတွက် ပြန်ကြည့်ပေးဖို့ကိုလည်း ပူပန်စရာ မလိုပါဘူး။ နေ့စဉ်နဲ့ အမျှ မနက် ၉ ည ၆ အလုပ်သွားနေရတာက ကလီနင်တနိုင်လွန်းတော့ လူတိုင်းနီးပါးက အိမ် မှာပဲ အေးအေးဆေးဆေးနဲ့ သက်သောင့်သက်သာနေပြီး အလုပ်လုပ်ကိုင်နိုင်ဖို့ မျှော်လင့် လာကြပါတယ်။ သင်လည်း အိမ် မှာ နားနားနေနေနဲ့ အလုပ် လုပ်နိုင်ဖို့ မျှော်လင့်ထားတယ်ဆိုရင် အခုဖော်ပြပေးထားတဲ့ အလုပ်အမျိုးအစားတွေက အိမ် ကနေ ကောင်းကောင်း လုပ်ပေးနိုင်တဲ့အပြင် ဝင်ငွေ လစာနှုန်းထားလည်း ကောင်းမွန်ပါတယ်။

(၁) ဘာသာပြန်လုပ်ငန်း (Translator)
ဘာသာစကား တွေနဲ့ပတ်သက်ပြီး သင့်မှာ အသိပညာဗဟုသုတ လုံလုံလောက်လောက်ရှိနေမယ်ဆိုရင် ဘာသာပြန်လုပ်ငန်း လုပ်တာ အကောင်းဆုံးဖြစ်ပါတယ်။ ဘယ်အချိန်မဆို အလုပ်ရနိုင်ပြီး အချိန်မရွေး နေရာမရွေးလည်း လုပ်နေလို့ရနိုင်တဲ့ အလုပ် တစ်ခုလည်း ဖြစ်ပါတယ်။ အလားအလာလည်း ကောင်းမွန်မှုရှိတဲ့ လုပ်ငန်း နယ်ပယ်တစ်ခုဖြစ်ပြီး အိမ်မှာ သက်သောင့်သက်သာထိုင်ပြီး လုပ်နေနိုင်တဲ့ အလုပ်လည်း ဖြစ်ပါတယ်။
(၂) ဝက်ဘ်ဆိုက်ရေးသားခြင်းလုပ်ငန်း (Web Developer)

အိမ် ကနေ အလုပ် လုပ်ပေးရင် အကျိုးအမြတ်ရှာမယ်ဆိုရင် ဒီအလုပ်ကလည်း သင့်တော်မှုရှိပါတယ်။ ဝက်ဘ်ဆိုက်တစ်ခုကို ကောင်းကောင်းမွန်မွန်နဲ့ develop ဖြစ်အောင် လုပ်ပေးနိုင်ဖို့ပဲ လိုပါတယ်။ ဝက်ဘ်ဆိုက် တစ်ခု ရေးဖို့ရာအတွက် ခုံတွေ၊ ရုံးတွေမလိုအပ်ပါဘူး။ ကိုယ်ပိုင်ကွန်ပျူတာတစ်လုံးနဲ့ ဝက်ဘ်ဆိုက် ရေးသား နိုင်စွမ်းရှိတဲ့ စကေးပဲ လိုအပ်ပါတယ်။ ဒါပေမဲ့ အခုမျက်မှောက်အနေအထားမှာတော့ ဝက်ဘ်ဆိုက် ရေးသမား ၂၅ ရာခိုင်နှုန်းလောက်က ကိုယ်ပိုင် လုပ်ငန်း တစ်ခုအနေနဲ့ ရပ်တည်နေကြပြီး ၁၀ ရာခိုင်နှုန်းလောက်ကပဲ freelance ဖြစ်ဖြစ်၊ part-time ဖြစ်ဖြစ် လုပ်ကိုင်နေကြတာကို တွေ့ရပါတယ်။
(၃) စာရေးဆရာလုပ်ငန်း (Freelance Writer)

ဒီအလွတ်တမ်းလုပ်ကိုင်နေကြတဲ့ စာရေးဆရာ တွေကို အထင်တော့ မသေးလိုက်ပါနဲ့။ ဘာလို့လဲဆိုရင် ယနေ့ခေတ်မှာ စာရေးခြင်း လုပ်ငန်း တွေက တော်တော်ကို ခေတ်စားလာပြီး ဒီလုပ်ငန်းကလည်း အရှိုန်အဟုန်နဲ့ မြင့်တက်လာတာကို တွေ့ရပါတယ်။ အကယ်၍ သင့်အနေနဲ့ အိမ်မှာနေပြီး freelancer တစ်ယောက်အဖြစ်နဲ့ အသက်မွေးဝမ်းကျောင်း လုပ်ချင် တယ်ဆိုရင် Upwork.com လို၊ LinkedIn လို၊ freelancer.com လို ဆိုက်မျိုးတွေမှာ သင့်ရဲ့ profile ကို ကောင်းကောင်း မွန်မွန်ရေးပြီး upload လုပ်ထားလိုက်ပါ။ သင့်ရဲ့ ကျွမ်းကျင်မှု နဲ့ အရည်အချင်းပေါ်မူတည်ပြီး ပရောဂျက်တွေ ရလာပါ လိမ့်မယ်။
(၄) လူမှုကွန်ရက်မန်နေဂျာ (Social Media Manger)

ယနေ့ခေတ်မှာဆိုရင် ကုမ္ပဏီကြီး သည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ အားလုံးနီးပါးက သူတို့ရဲ့ online reputation ပိုင်းမှာ manage လုပ်ပေးနိုင်မယ့် Social Media Manger လို့ ခေါ်နေကြတဲ့ လူမှုကွန်ရက်မန်နေဂျာ တစ်ယောက်တော့ လိုအပ်နေ ကြတာကို တွေ့ရပါတယ်။ ဒီလုပ်ငန်းဟာလည်း အိမ် မှာ သက်သောင့်သက်သာ နေပြီး လုပ်ပေးနိုင်တဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ သူတို့ရဲ့ social media platform ကို အိမ် ကနေလည်း ကောင်းကောင်း ကိုင်သွယ်နိုင်တာကတစ်ကြောင်း၊ ကုမ္ပဏီတစ်ခုအတွက် နာမည်ဂုဏ်သတင်း ပျံ့နှံ့ဖို့အတွက် အရေးပါနေတာက တစ်ကြောင်းဖြစ်နေတဲ့အတွက် ကုမ္ပဏီ အများစုကလည်း သူတို့ကို အိမ်မှာနေပြီး လုပ်ခွင့်ပေးထားနိုင်တာကိုလည်း တွေ့ရပါတယ်။
(၅) ဆော့ဖ်ဝဲအင်ဂျင်နီယာ (Software Engineer)

ဒီ လုပ်ငန်း ဟာလည်း လုပ်ငန်းဈေးကွက်မှာ လိုအပ်မှုအများဆုံးထဲက တစ်ခုလို့တောင် ဆိုနိုင်ပါတယ်။ ယနေ့ခေတ်မှာဆိုရင် ကုမ္ပဏီအများစုဟာလည်း သူတို့ ကိုယ်ပိုင် ဝက်ဘ်ဆိုက် လွှင့်တင်တာတွေ၊ မိုဘိုင်းလ်ဖုန်းတွေအတွက် ဆော့ဖ်ဝဲရေးတာတွေ ပြုလုပ်လာကြတော့ ရှေ့လျှောက် အလားအလာကောင်းတဲ့ လုပ်ငန်းတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ ဒီလုပ်ငန်းကို လုပ်ကိုင် ဖို့အတွက် ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံတော့ လုံလုံလောက်လောက် ရှိနေဖို့လိုအပ်ပါတယ်။

Credit : Duwun