ရေနွေးပူ မိန်းကလေး သူငယ်ချင်း ဆေးရုံ တရားခံ
အိပ်ပျော်နေစဉ် သူငယ်ချင် ဖြစ်သူက ရေနွေးပူ နဲ့ပက်ခဲ့လို့ မျက်နှာပြင်တစ်ခုလုံး စုတ်ပြတ်သွားခဲ့တဲ့ မိန်းကလေးက သူငယ်ချင်း အပေါ် စိတ်မဆိုးပါဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒီလို စိတ်ထားမျိုး တော်ရုံလူတွေ ထားနိုင်ကြမှာမဟုတ်ဘူးနော်။ အသက် ၁၁ နှစ် အရွယ်ရှိတဲ့ မိန်းကလေး ဂျမိုနီရှာ မာရစ်က မျက်နှာပြင် တစ်ဝက်နီးပါးမှာ ရေနွေးပူ လောင်ကျွမ်းနေပြီး အရေပြားတစ်ခုလုံး စုတ်ပြတ်သွားလောက်အောင် ပျက်စီးသွားခဲ့ကာ ဆေးရုံတက်ရောက်သမှုခံယူနေခဲ့ရတာဖြစ်ပါတယ်။

အသက် ၁၂ နှစ်အရွယ်ရှိတဲ့ သူငယ်ချင်း ဖြစ်သူ မိန်းကလေး အန်နီယဂရမ့်စတန့်ဆိုသူက မာရစ်အိပ် ပျော်နေစဉ်မှာ သူမရဲ့မျက်နှာကို ရေနွေးပူတွေနဲ့ ပက်ခဲ့လို့ ဆေးရုံ မှာ ၁၆ ရက်ကြာ တက်ရောက် ကုသမှုခံယူခဲ့ရပြီး ပြန်လည်ဆင်းလာနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ ဆေးရုံ ဆင်းပြီးနောက် သူမခံစားခဲ့ရတဲ့ ဝေဒနာ တွေနဲ့ စိတ်ခံစားမှုကို မေးမြန်းခဲ့ရာ ရေနွေးပူ နဲ့ပက်ပြီး မျက်နှာ တစ်ခြမ်း လုံးပျက်စီးသွား အောင်လုပ်ခဲ့တဲ့ သူငယ်ချင်းမလေးကို စိတ်မဆိုးကြောင်းနဲ့ အရင်လိုပဲပျော်ပျော်ရွှင်ရွှင်နေထိုင်လို ကြောင်း ပြုံးပျော်ရွှင်စွာပြောကြား ခဲ့ပါတယ်။

ရေနွေးပူ နဲ့ပက်ခဲ့တဲ့ တရားခံ မိန်းကလေး က သေကြောင်း ကြံစည်တဲ့လုပ်ရပ်ကို လုပ်ဆောင်ခဲ့လို့ ဖမ်းဆီးထိန်းသိမ်းထားပြီး အခြား ဆေးရုံတစ်ခုမှာ စောင့်ကြည့်ထားရတဲ့အနေအထားနဲ့ထားရှိထား တယ်လို့ သိရပါတယ်။ တိုက်ခိုက်ခံခဲ့ရတဲ့မိန်းကလေး ကတော့ လက်ရှိအချိန်မှာ ဒဏ်ရာတွေကနေ ပြန်လည်သက်သာလာခဲ့ပြီး အရင်လိုဆော့ကစားနဲ့ စားသောက်နိုင်တဲ့ အမှုကိစ္စတွေ အားလုံးပြန်လည်လုပ်နိုင်ခဲ့ပြီလို့ သိရပါတယ်။

Credit: သဒ္ဒါချို(ရွှေအင်းလေး)